backup og meta

သင့်ကလေး အိပ်မက်ဆိုးများမမက်အောင် လုပ်ပေးနိုင်သောနည်းများ

သင့်ကလေး အိပ်မက်ဆိုးများမမက်အောင် လုပ်ပေးနိုင်သောနည်းများ

ကလေးများသည် အလွယ်တကူ လွှမ်းမိုးခံရနိုင်သည့်အတွက် စိတ်ကူးပုံရိပ်များနှင့် အိပ်မက်ဆိုးများကိုကြုံတွေ့နိုင်ချေများသည်။

ဘာကြောင့် ကလေးများတွင် အိပ်မက်ဆိုးမက်ပါသလဲ။

ကလေးများသည် အိမ်မက်ဆိုးများမက်လေ့ရှိသည်။ အထူးသဖြင့် ၅နှစ်မှ ၈နှစ်ကြားတွင် ကားတိုက်ခြင်း၊ နှိပ်စက်ခံရခြင်း၊ တစ်စုံတစ်ယောက်သေဆုံးခြင်း ကဲ့သို့သော ဖြစ်ရပ်ဆိုးများက သူတို့ကို ခြောက်လှန့်စိုးမိုးနိုင်သည်။ သင့်ကလေးသည် အခြားသူများမှပြောသော ကြောက်လန့်စရာဇာတ်လမ်းပုံပြင်များ၏ လွှမ်းမိုးမှုကို လည်း ခံရနိုင်သည်။ နေ့ဘက်တွင် ကြုံတွေ့ရသောဖြစ်ရပ် သို့မဟုတ် ဇာတ်လမ်းများသည် ညဘက်တွင်အိမ်မက်ဆိုးအဖြစ် ပြန်မြင်တွေ့ရနိုင်သည်။ ထို့အပြင် အခြားသော အပြောင်းအလဲများ၊ မိဘများ ကွာရှင်းပြတ်စဲခြင်း၊ မိသားစုဝင်တစ်ဦးသေဆုံးခြင်းနှင့် ဆင်းရဲချို့တဲ့ခြင်းတို့သည် ကလေးအတွက် အိမ်မက်ဆိုးများ ဖြစ်လာနိုင်သည်။

အိပ်မက်ဆိုးများကို ရင်ဆိုင်နိုင်ရန် အချက်များ

နားထောင်ပေးပါ။ နားလည်ပေးပါ။

သင့်ကလေး၏ ကြောက်လန့်မှုသည် သင့်အတွက် ရယ်စရာကောင်းနေနိုင်သော်လည်း ထိုအရာကို နားလည်ပေးပါ။ မဝေဖန်ဘဲ အခြေအနေကို ကောင်းစွာ ဂရုစိုက်ကိုင်တွယ်ဖြေရှင်းပေးပါ။ သူတို့ကို ပြောင်လှောင်ခြင်းမျိုးမပြုလုပ်ပါနှင့်။

လုံခြုံမှုရှိတယ်ဆိုတာ သူသေချာနားလည်ပါစေ။

သင့်ကလေးကို သူကြောက်သည့်အရာမှ မိဘများက ကာကွယ်ပေးထားကြောင်း၊ သူ့ကို ဂရုစိုက်နေကြောင်း၊ အိမ်နှင့် အနီးတစ်ဝိုက်သည် သူ့အတွက်လုံခြုံမှုရှိကြောင်း သူသိနားလည်စေရန် ပြောဆိုရှင်းပြပါ။

အမှောင်တွင် ပျော်အောင်ထားပါ။

ကလေးများသည် အမှောင်ကို ကြောက်တတ်ကြသည်။ အမှောင်သည် သူတို့ကြောက်ရွံ့သော စိတ်ကူးထဲမှပုံရိပ်ကို အားကောင်းစေသည်။ ကလေးများသည် ကြောက်ရွံ့နေသည့် အချိန်တွင် အိပ်သွားလျှင် အိမ်မက်ဆိုးများ ပိုမက်နိုင်သည်။ သင့်ကလေးကို ထိုကြောက်ရွံ့မှုကို မွေးမြူထားစေမည့်အစား အမှောင်ကို မကြောက်စေရန် အမှောင်ထဲတွင် ကစားရသောကစားနည်းများကို ကစားခိုင်းပါ။

သူတို့စိတ်ကူးထဲမှကြောက်စရာကောင်းသော ပုံရိပ်ပျောက်စေရန်သင့် စိတ်ကူးဉာဏ်ကို အသုံးချပါ။

အချို့သော မိသားစုများတွင် ပုလင်းထဲတွင် မကောင်းဆိုးဝါးနှိမ်နင်းနိုင်သော အရည်တစ်မျိုးဟူ၍ ဖန်တီးထားပြီး ကလေး ၏ ကြောက်စိတ်ကို လျော့ချကြသည်။ ပြဿနာကို သင်ဘယ်လိုဖြေရှင်းရမည်ကို မသိလျှင် ကလေးနှင့် အတူတကွအဖြေရှာပါ။ သူဘာကို ကြောက်ရွံ့သည်။ မည်ကဲ့သို့လုပ်လျှင် သူကြောက်ရွံ့စိတ်ပျောက်နိုင်သည်ကို သိအောင်လုပ်ပါ။

ဘေးကင်းစေသည့် အဆောင်

ကလေးများတွင် သူတို့အိပ်ပျော်နေစဉ် သူတို့ကို မကောင်းဆိုးဝါးများ အန္တရာယ်မှကာကွယ်ပေးနိုင်သည်ဟု ထင်သော ပစ္စည်းတစ်ခုခုထားရှိလျှင် ကောင်းစွာအိပ်ပျော်နိုင်ကြသည်။ ထိုအကြံသည် အိမ်မက်ဆိုးပြဿနာကိုဖြေရှင်းရန် အကြံကောင်းဖြစ်သည်။ ထိုပစ္စည်းမျိုးသည် ဘယ်အရာမဆိုဖြစ်နိုင်သည်။

အကြမ်းဖက်ခြင်း၊သေဆုံးခြင်း စသော စိတ်မချမ်းမြေ့စရာများပါဝင်သော ကြောက်စရာ တီဗွီအစီအစဉ်များကို ကလေးကိုမပြပါနှင့်။ ထိုအရာများသည် သင့်အတွက်ပုံမှန်ဖြစ်သော်လည်း သင့်ကလေးအတွက် ကြောက်စရာကောင်းသည့်အရာများဖြစ်သည်။ ထိုကဲ့သိုသော ကြောက်စရာ အစီအစဉ်များသည် ညနက်ပိုင်းတွင်လာလေ့ရှိသဖြင့် ကလေးကို စောစောအိပ်ခိုင်းပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Children and Bedtime Fears and Nightmares, Dec 11, 2016
https://sleepfoundation.org/ask-the-expert/children-and-bedtime-fears-and-nightmares/page/0/1
Nightmares, Dec 11, 2016
http://kidshealth.org/en/parents/nightmare.html
Nightmares: Why they happen and what to do about them (ages 5 to 8), Dec 11, 2016
http://www.babycenter.com/0_nightmares-why-they-happen-and-what-to-do-about-them-ages-5_67319.bc

ယခုပုံစံ

01/02/2022

Dr. Su Sandy မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ



Dr. Su Sandy မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement