အပြန်အလှန်ကူညီဖေးမပေးပါ – မိဘတွေနဲ့ကလေးငယ်တွေကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ရပ်တည်ဆောက်တာ နဲ့ အပြန်အလှန်ဂရုစိုက်ဖေးမပေးတာက ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေဖို့နဲ့ သင်ယူနိုင်စွမ်းတိုးတက်စေဖို့အတွက် အဓိကကျတဲ့အချက်တစ်ခုပါ။ ကလေးကပြောပြတာတွေကိုဂရုတစိုက်နားထောင်ပေးပါ။ မိဘတွေအနေနဲ့ ကလေးကို ဉာဏ်ရည်ထက်မြက်အောင်လုပ်ဆောင်ပေးဖို့လိုအပ်သလို ကလေးပြောတာကိုနားထောင်ပေးဖို့နဲ့ ကလေးမေးတာတွေကိုပြန်ဖြေပေးဖို့လည်း လိုအပ်ပါတယ်။ ဒီပြုအမူက ကလေးကို စိတ်အားထက်သန်မှုရရှိစေသလို သူတို့ရဲ့ သဘောထားကိုလည်းဖော်ပြခွင့်ရရှိစေနိုင်ပါတယ်။
အာဟာရမျှတအောင်ကျွေးမွေးပါ – အာဟာရပြည့်ဝမှုကလည်း ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုကောင်းမွန်အောင်လုပ်ဆောင်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဉာဏ်ရည်ထက်မြက်စေဖို့အတွက် ကလေးငယ်ကို အဆီများတဲ့ငါး၊ဘလူးဘယ်ရီ၊ ခရမ်းချဉ်သီး နဲ့ ဖရုံစေ့လိုမျိုး အစားအစာတွေကျွေးမွေးလို့ရပါတယ်။ ဗီတာမင် ကြွယ်ဝစွာပါဝင်တဲ့ အာဟာရပြည့်ဝမျှတတဲ့ အစားအစာတွေကိုကျွေးတာကတော့ အကောင်းဆုံးသောနည်းလမ်းပါ။
မွေးကင်းစနေ ၃ နှစ်အတွင်းမှာ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံဖြိုးမှုအများဆုံးဖြစ်ပေါ်နေချိန်ပါ။ ဒီကာလအတွင်းမှာ ဦးနှောက်က အလျင်အမြန် ကြီးထွားဖွံ့ဖြိုးနေတာကြောင့် ကလေးအရွယ်မှာ အာဟာရပြည့်ဝစွာကျွေးမွေးဖို့က အရမ်းအရေးကြီးပါတယ်။ အချိုများတဲ့အစားတွေနဲ့ပြုပြင်ထားတဲ့ အစားအသောက်တွေက ကလေးကိုဉာဏ်ထိုင်းစေနိုင်ပါတယ်။omega-3 fatty acids ကြွယ်ဝတဲ့အစားအသောက်တွေက ကလေးငယ်ရဲ့ သင်ယူမှုစွမ်းရည်ကိုတိုးတက်စေနိုင်သလို အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်ကိုပါတိုးစေနိုင်ပါတယ်။
ကစားစရာအသစ်တွေနဲ့ပေးကစားပါ – လမ်းလျှောက်တတ်စအရွယ်ကလေးတွေကိုကစားစရာတွေ အမျိုးအစားအများကြီးနဲ့ပေးကစားတာက အသက် ၃ နှစ် နဲ့ ၄ နှစ်အရွယ်မှာအသိဉာဏ်တိုးတက်စေနိုင်ပါတယ်။ ကစားနေချိန်မှာ အရုပ်တွေကို အရောင်တူတွေ စုပေးတာ၊ ပုံစံတူတွေစုပေးတာမျိုးလုပ်ပေးပါ။ သူတို့ရဲ့ ကားရုပ်လေးတွေကို တစ်စုစုထားပြီး အကောင်လေးတွေကို တစ်စုစုထားပါ။ပြီးတဲ့နောက် အရုပ်အသစ်တစ်ရုပ်ပေးပြီး ဘယ်ဘက်ထဲထည့်မလဲ ဆိုတာကိုရွေးခိုင်းပါ။ ဒီလိုလုပ်ပေးတာက သူတို့ကို ပစ္စည်းတွေရဲ့ ကွဲပြားမှုကိုသိရှိစေနိုင်ပါတယ်။ အရုပ်တွေကို အသစ်ဝယ်ပေးဖို့လည်းမလိုအပ်ပါဘူး။ ရှိနေတဲ့ အရုပ်တွေကို အလှည့်ကျပေးကစားရမှာပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုအရုပ်အဟောင်းတွေကို ကလေးကိုအမြင်ဆန်းနေစေမှာပါ။
စာဖတ်ခိုင်းပါ –စာဖတ်တာကကလေးငယ်တွေအတွက် အရေးကြီးတယ်ဆိုတာကိုတော်တော်များများသိပြီးဖြစ်မှာပါ။ ကလေးကို ဘယ်အရွယ်မှာ စာဖတ်ပြတာက အရမ်းစောလွန်းတယ်လို့မရှိပါဘူး။ မိခင်ဗိုက်ထဲမှာရှိနေကတည်းက စာဖတ်ပြလို့ရနေပါပြီ။ ကလေးက အရမ်းငယ်တဲ့အရွယ်မှာ စာအုပ်တွေကို လွှင့်ပစ်တာ၊ စုတ်ဖြဲတာတွေလုပ်လို့ စိတ်မညစ်ပါနဲ့။ ဒါက သဘာဝပါ။
အိမ်ရဲ့ နေရာအနှံ့မှာ စာအုပ်တွေထားရှိပေးလိုက်ပါ။ ကလေးတွေက မိဘတေါစာဖတ်တာကို မြင်ရဖန်များလာတဲ့အခါ၊ စာအုပ်တွေကိုတွေ့ရပါများတဲ့အခါ စာဖတ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။ အရေးအကြီးဆုံးတစ်ချက်က စာဖတ်တာကို အပန်းဖြေစရာတစ်ခုအနေနဲ့ပဲ ဖတ်ခိုင်းပါ။ပြစ်ဒဏ်ပေးတဲ့အနေနဲ့ စာဖတ်ခိုင်းတာမျိုး ဘယ်တော့မှာမလုပ်ပါနဲ့။ အတင်းအကျပ်စာဖတ်ခိုင်းတာမျိုးကိုလည်းရှောင်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။