backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးများ ဘယ်အချိန်မှာ ပထမဦးဆုံးမှတ်ဉာဏ်ကို တည်ဆောက်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးများ ဘယ်အချိန်မှာ ပထမဦးဆုံးမှတ်ဉာဏ်ကို တည်ဆောက်သလဲ

ကလေးများအတွက် မှတ်ဉာဏ်သည်ပုံမှန်အားဖြင့် အထူးအားလပ်ရက်၊ အငယ်လေး မွေးသောနေ့ စသည်ဖြင့် ထူးခြားသော နေ့စွဲဖြစ်ရပ်လေးများမှ စတင်သည်။ မိဘအနေဖြင့် သင်သည် သင့်ကလေးများအတွက် ကောင်းမွန်သော အမှတ်တရကောင်းများကိုသာ ဖန်တီးပေးဖို့ မျှော်လင့်မည်ဖြစ်သည်။

မှတ်ဉာဏ်စတင်သော အသက်အရွယ်

ကျွန်ုပ်တို့ အများစုသည် အသက် သုံးနှစ်၊ လေးနှစ်မတိုင်ခင်က ကိစ္စများကို လုံးဝမမှတ်မိသည်ကများသည်။ နောက်ပိုင်းအသက်အရွယ်များမှာတောင်မှ အချို့ကိစ္စများကိုသာ မှတ်မိတော့သည်။ အသက် ၇နှစ်မှ ၁၀ နှစ်ကြားရောက်သည့်အထိ ကလေးများသည် မှတ်ဉာဏ်များကို တည်ဆောက်နိုင်သော်လည်း အချိန်ကြာသည်နှင့်အမျှ မှေးမှိန်ပျောက်ကွယ်ပြီး အသစ်အသစ်သော ပထမဦးဆုံး မှတ်ဉာဏ်များ၏ အစားထိုးခြင်းကို ခံရသည်။

ကျွမ်းကျင်သူများက ထိုသို့ မှတ်လိုက်မေ့လိုက် သံသရာလည်နေခြင်းကို ကလေးဘ၀ မှတ်ဉာဏ်မေ့ခြင်းဟု ရည်ညွန်းကြသည်။ ထိုကလေးဘဝမှတ်ဉာဏ်မေ့ခြင်းသည် ပုံမှန်ဖြစ်ပြီး ကလေးများကြုံတွေ့ရမည့် ဦးနှောက်ပုံမှန် ဖွံ့ဖြိုးမှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်နိုင်သည်။

ကျွမ်းကျင်သူများက တစ်နှစ်အောက်ကလေးများတွင် ပိုမိုရှုပ်ထွေးသော မှတ်ဉာဏ်ပုံစံများကို တည်ဆောက် မှတ်မိနိုင်ဖို့ အနုစိတ်ပြီး ရှုပ်ထွေးသော အာရုံကြောဖွဲ့စည်းမှု မရှိသေးဟု ယူဆသည်။ တစ်နှစ်အောက်ကလေးနှင့် လမ်းလျှောက်တတ်ခါစကလေးများ၏ ဦးနှောက်သည် ထိုမှတ်ဉာဏ်အပိုင်းအစငယ်များကို ထိန်းသိမ်းဖို့ကြိုးစားနေသော အပေါက်ကြီးများပါသည့် ဆန်ခါ နှင့် ဆင်တူပါသည်။ ပိုမိုအဆင့်မြင့်သော ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသည် ကလေးများ မှတ်ဉာဏ်ကို အသေးစိတ်ချဲ့ကားပြုစုပြီး စိတ်ထဲစွဲနေစေဖို့ ကူညီနိုင်ပါသည်။

ဘယ်အချိန်မှာ ကလေးသည် အရာဝတ္ထုများကို စတင်မှတ်မိနိုင်ပြီလဲ။

ပထမနှစ်လအတွင်းမှာတောင် ကလေးငယ်သည် ရင်းနှီးသော မျက်နှာများနှင့် အသံများကို မှတ်မိနိုင်ပါသည်။ အထူးသဖြင့် သူတို့နေ့စဉ် မြင်တွေ့နေရသူများကိုပေါ့။ မွေးကင်းစကလေးများသည် သူတို့မိခင်၏ အသံကို မွေးကတည်းက နားလည်နိုင်သည်။ မိခင်နို့စို့သော ကလေးများသည် သူတို့မိခင်၏ ကိုယ်နံ့ကို တစ်ပတ်လောက်အကြာတွင် မှတ်မိနိုင်သည်။ ထိုသို့ မှတ်မိခြင်းသည် အကျယ်တဝင့် အသေးစိတ်နားလည်မှတ်မိခြင်းနှင့် မတူ ကွဲပြားသော်လည်း ၎င်းတို့သည် မှတ်ဉာဏ်၏ ကနဦး သင်္ကေတဖြစ်သည်။

ကလေး၏ မှတ်ဉာဏ်အပေါ် အကျိုးသက်ရောက်မှု

စကားစမြည်ပြောဆိုခြင်းသည် မိဘများ ကလေး၏ မှတ်ဉာဏ်အပေါ်အကြီးမားဆုံး သက်ရောက်နိုင်သော နည်းလမ်းဖြစ်သည်။ ၎င်းသည် မိဘများမှ ကလေးများအား စောစီးစွာဖွံ့ဖြိုးပြီး ပိုမိုကြံ့ခိုင်သန်မာသောသူဖြစ်လာစေရန် ထောက်ပံ့နိုင်သော နည်းလမ်းဖြစ်သည်။ ကိုယ့်အကြောင်းကို မကြာခဏပြောဆိုကြသော ကလေးများသည် မှတ်ဉာဏ်စွမ်းအား ပိုမိုထက်မြက်ဖို့ အခွင့်အရေးရှိသည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။

မိဘများအနေဖြင့် ကျွန်ုပ်တို့သည် ကိုယ့်သားသမီးများကို ကိုယ်ရေးကိုယ်တာ အတွေ့အကြုံ များကို ချဲ့ကားမှတ်မိလာစေရန် လမ်းဖွင့်ပေးထားသော မေးခွန်းများကို မေးမြန်းပေးနိုင်ပါသည်။ ဥပမာ “ထပ်ပြောပြပါဦး”၊ “ဘာဆက်ဖြစ်သေးလဲ” စသော မေးခွန်းများကို မေးသင့်သည်။ ထိုသို့မေးခြင်းသည် ကလေးများအား ဖြစ်ရပ်တစ်ခုနှင့် ဆက်နွယ်နေသော စိတ်ခံစားချက်နှင့် အတွေးအခေါ်များကို ပိုမိုနားလည်စေရန် အခွင့်အရေးပေးခြင်းဖြစ်သည်။ ထိုနည်းလမ်းသည် ဖြစ်ပျက်ခဲ့သော အရာများအပေါ် မှတ်မိနိုင်စွမ်း မြှင့်တင်ပေးပါသည်။ နောက်ထပ်မျှော်လင့်ရသည်မှာ ထိုနည်းလမ်းသည် ကလေးများ၏ ပထမဦးဆုံးမှတ်ဉာဏ်ကို ပျော်ရွှင်ဖွယ်ရာ အမှတ်တရတစ်ခု ဖြစ်ဖို့ အခွင့်အရေးတိုးစေပါသည်။

Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement