မိဘများဟာ ကလေးများရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးထားတတ်ကြသလို စိတ်ပိုင်းဆိုင်ရာကိုလည်း လစ်လျူရှုထားလို့ မရပါဘူး။ ယနေ့ခေတ်ကာလမှာ အရာရာဟာ မြန်ဆန်လွန်းတာမို့ မိမိကိုယ်ကို သိပ်ပြီး ဂရုစိုက်နေချိန်မရပါဘူး။ အဲဒီအခါ အပျက်သဘောဆောင်တဲ့ အတွေးတွေ၊ ခံစားမှုတွေ ဝင်လာပါတယ်။
အပျက်သဘောအတွေးတွေ လျှော့ချဖို့အတွက် ငယ်ရွယ်စဉ်ကတည်းက သတိတရား လက်ကိုင်ထားတတ်အောင် လေ့ကျင့်ယူရပါမယ်။ သင့်ကလေးများကို အခုကတည်းက စတင်သင်ကြားပေးရအောင်။
သတိတရားဆိုတာဘာလဲ
သတိတရားရှိခြင်းဆိုတာ တကယ်တော့ ရိုးရှင်းပါတယ်။ မျက်မှောက် ဖြစ်ပျက်နေတာတွေကို သတိရှိရှိ သိမှတ်နေပြီး ဘဝကို အကဲဖြတ်ခြင်းမရှိဘဲ တွေ့ကြုံခံစားနေခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဒုက္ခတွေ ကြုံလာတိုင်း စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ နည်းလမ်းဖြစ်ပါတယ်။
သတိတရားရှိခြင်း၏ အကျိုးကျေးဇူး
သတိတရားဆိုတာ သင့်ရဲ့ အတွေးအခေါ်၊ အမူအကျင့်ကို ပိုပြီး သတိပြုနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ မျက်မှောက်ကာလကို အာရုံစိုက်နိုင်ပြီး လုပ်ကိုင်ဆောင်ရွက်မှု အထွေထွေကို တိုးတက် ကောင်းမွန်လာစေနိုင်ပါတယ်။ စိတ်ဖိအားနည်းရင် သွေးပေါင်ချိန်မှန်တာ၊ နာကျင်ကိုက်ခဲမှု သက်သာတာ စတာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဟာလည်း တိုးတက်ကောင်းမွန် လာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း သတိတရားနဲ့ တရားထိုင်ခြင်းဟာ စိတ်ဓါတ်ကျခြင်း အပါအဝင် စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကို ကောင်းမွန်စေပါတယ်။
ကလေးများအပေါ် အကျိုးကျေးဇူးများ
သတိတရားရှိခြင်းကြောင့် ကလေးများအပေါ် အကျိုးကျေးဇူး များစွာရှိပါတယ်။ အာရုံစိုက်မှု ပိုကောင်းလာပြီး မှတ်ဉာဏ်အား ကောင်းလာပါတယ်။ အာရုံစူးစိုက်နိုင်တာကြောင့် သင်ယူမှုစွမ်းရည်လည်း တိုးတက်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိမြင်လာပြီး မိမိကိုယ်ကို ပိုပြီး နားလည်လာနိုင်ပါတယ်။
ကလေးများကို သတိတရားအကြောင်း သင်ကြားရာမှာ မှတ်သားစရာ အချက်များ
- ရိုးရှင်းပါ
သတိတရားအကြောင်း သင်ကြားပေးရာမှာ တတ်နိုင်သလောက် ရိုးရှင်းပါ။ သတိတရားရှိခြင်းဆိုတာ မိမိအတွေး၊ ခံစားချက်၊ အာရုံခံစားမှုနဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေကို သတိပြုတတ်ခြင်းပါပဲ။
- အများကြီး မမျှော်လင့်ပါနဲ့
သတိရှိခြင်းဟာ သင်နဲ့ သင့်ကလေး ဘဝကို ပဉ္စလက်ဆန်စွာ ပြောင်းလဲစေမယ်လို့ မျှော်လင့်ထားရင်တော့ သင် စိတ်ပျက်ဖို့သာ ပြင်ထားပါတော့။ သတိရှိခြင်းအကြောင်း ကလေးတွေကို သင်ကြားပေးရတဲ့ ရည်ရွယ်ချက်ဟာ သူတို့ရဲ့ အတွင်းအပြင် အတွေ့အကြုံများအပေါ် သိရှိသတိပြုနေတတ်အောင် လေ့ကျင့်ပေးခြင်းသာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အတွေးတွေကို ‘’အတွေး’’မျှသာဖြစ်ကြောင်း ရိုးရိုးရှင်းရှင်း နားလည်စေတတ်ဖို့ပါပဲ။ သတိရှိတဲ့အခါ ကလေးများဟာ စိတ်ခံစားမှုဟာ သူတို့ ကိုယ်ခန္ဓါကို ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာ သိမြင်လာနိုင်ပါတယ်။ သူတို့ရဲ့ အပြုအမူတွေ အံ့သြစရာကြုံတာနဲ့ သူတို့ရဲ့ သတိရှိတဲ့စိတ်က ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ အရာအားလုံးကို ကာကွယ်ပေးတဲ့ ဆေးဝါးမျိုးတော့ မဟုတ်ပါဘူး။
- သတိတရားအတွက် တွန်းအားမပေးပါနဲ့
သင် သင်ပြနေတာကို စိတ်မဝင်စားရင် ရလာဒ်ပိုင်းကို စိတ်မဝင်စားပါနဲ့။ ရလာဒ်များအပေါ် သိပ်ဂရုမစိုက်တာ ဟာလည်း သတိတရားရှိခြင်းရဲ့ တန်ဖိုးတခုပဲ ဖြစ်ပါတယ်။
- နမူနာပြပါ
သင်ဟာ အရှေ့ကနေ ကျင့်သုံးပြရင် သင့်ကလေးတွေကို ပိုပြီး ထိရောက်စွာ သင်ကြားပေးနိုင်ပါလိမ့်မယ်။ တနေ့ကို ၁၀မိနစ်လောက် တရားထိုင်ပေးခြင်းကနေ စတင်ပါ။ နေ့စဉ် ပုံမှန်လုပ်သွားပြီး သက်တောင့်သက်သာ စိတ်ထားပါ။ ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် မိမိဖာသာလည်း ဖိအားမပေးပါနဲ့။
- ကလေးတွေရဲ့ တုံ့ပြန်ချက်ကို ရယူပါ
သင့်ကလေးဘာတွေ ခံစားနေသလဲဆိုတာ အမြဲနားထောင်ပေးခြင်းတာ ကောင်းတဲ့အလုပ်ပါ။ ဒီလိုလုပ်တဲ့အခါ ဒီခံစားမှုတွေ ဘယ်ကလာတယ်ဆိုတာ သတိပေးပါ။ နောင်မှာ အခက်အခဲကြုံချိန်မှာလည်း ပျောရွှင်ဖွယ်အချိန်တွေကို ပြန်လည်သတိရလာနိုင်စေပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]