backup og meta

ဘေဘီလေးရဲ့ BMI


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးရဲ့ BMI

    ဘေဘီလေးရဲ့ BMI

    ဘေဘီလေးတွေက အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးမွေးဖွားလာပြီး အရွယ်ရောက်လာတဲ့အမျှမေမေဂရုစိုက်မှုအပေါ်မှာလိုက်လို့ ကိုယ်အလေးချိန်ပြောင်းလဲနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ကလေးပေါင်ပြည့်ရဲ့လား၊ အဝများလွန်နေလားဆိုတဲ့မေမေဖေဖေတို့အတွက်ဘေဘီလေးရဲ့ BMI နဲ့ ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။

    မွေးကင်းစ ကလေးတစ်ယောက်ရှိသင့်တဲ့ပေါင်ချိန်

    ကလေးလေးတွေကမွေးစအရွယ်မှာ တစ်ယောက်နဲ့တစ်ယောက်ကိုယ်အလေးချိန်မတူနိုင်ပါဘူး။ လမစေ့ဘဲမွေးဖွားတာကြောင့်ပေါင်မပြည့်တာမျိုးဖြစ်နိုင်သလို မိခင်ကရောဂါတစ်ခုခုရှိနေတာကြောင့် ကလေးကပေါင်မပြည့်တာ၊ ရှိသင့်တဲ့ပေါင်ချိန်ထက်များနေတာမျိုးဖြစ်နိုင်ပါတယ်။ နေ့စေ့လစေ့မွေးဖွားထားတဲ့ မွေးကင်းစကလေးတစ်ယောက်ဟာ ကိုယ်အလေးချိန် ၅ပေါင် ၈အောင်စ ကနေ ၈ပေါင် ၁၃အောင်စအတွင်းရှိနိုင်ပါတယ်။

    ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်က အခုလောက်ထိသက်ရောက်မှုရှိပါတယ်

    ကလေးတစ်ယောက်ကောင်းမွန်စွာ ကြီးပြင်းလာလားဆိုတာကို အဓိက ဆုံးဖြတ်ပေးတဲ့အရာက ကိုယ်အလေးချိန်နဲ့ အရပ်ပါ။ ဦးခေါင်းအရွယ်အစားကလည်း ကလေးကျန်းမာရဲ့လားဆိုတာကိုညွှန်ပြပေးနေတဲ့ အရာတစ်ခုပေါ့။ ကလေးတစ်ယောက်ကျန်းမာမှုကို သိချင်ရင် သူ့ရဲ့ကိုယ်အလေးချိန်တက်လာလား၊ အရပ်ရှည်လာလားဆိုတာကို ဆန်းစစ်ရပါမယ်။

    ကလေးတွေမှာဆိုရင်လည်း မိခင်နို့သောက်တဲ့ ကလေးနဲ့ နို့မှုန့်သောက်တဲ့ ကလေးက ကြီးထွားမှုချင်းမတူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကလေးရဲ့ ကိုယ်အလေးချိန်ကိုသေချာလေးသိချင်ရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။

    ဘေဘီလေးရဲ့ BMI ဆိုတာဘာလဲ

    လအလိုက်ရှိသင့်တဲ့ကိုယ်အလေးချိန်

    မွေးကင်းစ သားသားလေးတွေက ၇.၈ပေါင်၊ မီးမီးလေးတွေက ၇.၅ပေါင်ပါ။

    ၁လသားအရွယ် သားသားလေးတွေက ၉.၇ပေါင်၊ မီးမီးလေးတွေက ၉.၂ပေါင်ပါ။

    ၂ လသားအရွယ်သားသားလေးတွေက ၁၁.၅ပေါင်၊ မီးမီးလေးတွေက ၁၀.၅ပေါင်ပါ။

    ၃ လသားအရွယ်သားသားလေးတွေက ၁၃.၂ပေါင်၊ မီးမီးလေးတွေက ၁၂ပေါင်ပါ။

    ၄ လသားအရွယ် သားသားလေးတွေက ၁၄.၈ပေါင်၊ မီးမီးလေးတွေက ၁၃.၇ပေါင်ပါ။

    ၅ လသားအရွယ် သားသားလေးတွေက ၁၆.၃ပေါင်၊ မီးမီးလေးတွေက ၁၄.၇ပေါင်ပါ။

    ၆ လသားအရွယ်သားသားလေးတွေက ၁၇.၄ပေါင်၊ မီးမီးလေးတွေက ၁၅.၈ပေါင်ပါ။

    ၇ လသားအရွယ်သားသားလေးတွေက ၁၈.၅ပေါင်၊ မီးမီးလေးတွေက ၁၇ပေါင်ပါ။

    ၈ လသားအရွယ် သားသားလေးတွေက ၁၉.၆ပေါင်၊ မီးမီးလေးတွေက ၁၈ပေါင်ပါ။

    ၉ လသားအရွယ် သားသားလေးတွေက ၂၀.၅ပေါင်၊ မီးမီးလေးတွေက ၁၈.၇ပေါင်ပါ။

    ၁၀ လသားအရွယ် သားသားလေးတွေက ၂၁.၄ပေါင်၊ မီးမီးလေးတွေက ၁၉.၄ပေါင်ပါ။

    ၁၁ လသားအရွယ် သားသားလေးတွေက ၂၂ပေါင်၊မီးမီးလေးတွေက ၂၀.၃ပေါင်ပါ။

    ၁၂ လသားအရွယ် သားသားလေးတွေက ၂၂.၇ပေါင်၊ မီးမီးလေးတွေက ၂၁ပေါင်ပါ။

    ကလေးရဲ့ ကိုယ်အလေးချိန်ပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေ

    ကလေးက အခုပြောခဲ့တဲ့ အလေးချိန်တွေရှိရမယ်ဆိုပေမယ့် ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ပေါ်မှာ ဒီအချက်တွေကလည်း သက်ရောက်နေနိုင်ပါတယ်။

    • မျိုးရိုး – မိဘနှစ်ပါးစလုံးက ကိုယ်အလေးချိန်များတာမျိုး
    • ကိုယ်ဝန်ဆောင်ကာလ – ကလေးက လမစေ့ဘဲမွေးရင် ကိုယ်အလေးချိန်နည်းနိုင်ပြီးမွေးရမယ့်ရက်ထက်နောက်ကျပြီးမွေးတဲ့အခါ ကိုယ်အလေးချိန်များနေတာမျိုးဖြစ်နိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်ချိန်မှာစားတဲ့ အာဟာရ – မိခင်ကကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးမှုကလည်း ကလေးကြီးထွားစေဖို့ အထောက်အကူပြုနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်ကာလနေထိုင်မှုပုံစံ – ကိုယ်ဝန်ဆောင်ချိန်မှာဆေးလိပ်သောက်တာအရက်သောက်တာ နဲ့ မူးယစ်ဆေးသုံးတာတွေက ကလေးကိုယ်အလေးချိန်အပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။
    • သားသားလေးလား၊ မီးမီးလေးလား -သားယောက်ျားလေးတွေက သမီးမိန်းကလေးတွေထက် ပိုထွားနိုင်ပါတယ်။
    • မိခင်ကျန်းမာရေး – မိခင်က ဆီးချိုရှိနေတာ၊ ကိုယ်ဝန်ဆောင်ဆီးချိုခံစားနေရတာ၊ နှလုံးရောဂါ၊သွေးတိုးရောဂါနဲ့ အဝလွန်တာမျိုးခံစားနေရရင်လည်း ကလေးကိုယ်အလေးချိန်ပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။
    • အမြွှာ – ကလေးကတစ်ယောက်တည်း ကိုယ်ဝန်ဆောင်ထားတယ်ဆိုရင် ကလေးက မညှက်နိုင်ပေမယ့် အမြွှာကိုယ်ဝန်ဆောင်ထားရတယ်၊ သုံးမြွှာပူးဆောင်ထားရတယ်ဆိုရင် ကလေးရဲ့ ကိုယ်အလေးချိန်က နည်းနေနိုင်ပါတယ်။
    • ကလေးက သက်ဦးဖြစ်နေတာ -ကလေးကသက်ဦး (ပထမဆုံးမွေးတဲ့ကလေး)ဖြစ်မယ်ဆိုရင် ပိုညှက်နိုင်ပါတယ်။
    • ကလေးကျန်းမာရေး – ကလေးကမွေးရာပါချို့ယွင်းချက်ရှိနေတာ၊ ဗိုက်ထဲမှာ ရှိစဉ်ကရောဂါပိုးတစ်မျိုးမျိုးကူးစက်ခံထားရတာဆိုရင်လည်း ကိုယ်အလေးချိန် နည်းနိုင်ပါတယ်။

    ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုဖော်ပြတဲ့အရာတစ်ခုက ကလေးရဲ့ အရပ်ပါ။ ကျန်းမာတဲ့ ကလေးတစ်ယောက်က တစ်လကို ပုံမှန် အရပ် ၁ လက်မလောက်တက်လာဖို့လိုအပ်ပါမယ်။ ကလေးကခြောက်လကနေ တစ်နှစ်အတွင်းမှာဆိုရင်တော့ တစ်လကို လက်မဝက်လောက်ပဲတက်လာတော့မှာပါ။

    ၁ လသားအရွယ် သားသားလေးဆိုရင် ၂၁ လက်မခွဲ၊ မီးမီးလေးဆိုရင် ၂၁ လက်မပါ။

    ၂လသားအရွယ် သားသားလေးဆိုရင် ၂၃ လက်မ၊ မီးမီးလေးဆိုရင် ၂၂ လက်မခွဲပါ။

    ၃ လသားအရွယ် သားသားလေးဆိုရင် ၂၄ လက်မခွဲ၊ မီးမီးလေးဆိုရင် ၂၃ လက်မခွဲပါ။

    ၄ လသားအရွယ် သားသားလေးဆိုရင် ၂၅ လက်မခွဲ၊ မီးမီးလေးဆိုရင် ၂၄ လက်မခွဲပါ။

    ၅ လသားအရွယ် သားသားလေးဆိုရင် ၂၆ လက်မ၊ မီးမီးလေးဆိုရင် ၂၅ လက်မကျော်ကျော်(၆၄.၀ စင်တီမီတာ) ပါ။

    ၆ လသားအရွယ် သားသားလေးဆိုရင် ၂၆ လက်မခွဲ၊ မီးမီးလေးဆိုရင် ၂၅ လက်မကျော်ကျော် (၆၅.၇ စင်တီမီတာ) ပါ။

    ၇ လသားအရွယ် သားသားလေးဆိုရင် ၂၇ လက်မကျော်ကျော်(၆၉.၂ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၆ လက်မခွဲပါ။

    ၈ လသားအရွယ် သားသားလေးဆိုရင် ၂၇ လက်မကျော်ကျော် (၇၀.၆စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၇ လက်မပါ။

    ၉ လသားအရွယ် သားသားလေးဆိုရင် ၂၈ လက်မကျော်ကျော် (၇၂.၀ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၇ လက်မခွဲပါ။

    ၁၀ လသားအရွယ် သားသားလေးဆိုရင် ၂၈ လက်မကျော်ကျော် (၇၃.၃ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၈ လက်မပါ။

    ၁၁ လသားအရွယ် သားသားလေးဆိုရင် ၂၉ လက်မကျော်ကျော်(၇၄.၅ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၈ လက်မခွဲပါ။

    ၁၂ လသားအရွယ် သားသားလေးဆိုရင် ၂၉ လက်မကျော်ကျော် (၇၅.၇ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၉ လက်မပါ။

    ကလေးရဲ့ အရပ်ပေါ်မှာသက်ရောက်နေတဲ့ အချက်တွေ

    ကလေးရဲ့ အရပ်ပေါ်မှာ ဒီအချက်တွေက သက်ရောက်နေပါတယ်။

    • မျိုးရိုး – မိဘတွေက အရပ်မြင့်တဲ့သူတွေဖြစ်နေတာမျိုးဆိုရင် ကလေးက အရပ်ရှည်နိုင်ပါတယ်။
    • သားသားလေးလား၊ မီးမီးလေးလား – သားယောက်ျားလေးတွေက သမီးမိန်းကလေးတွေထက် အရပ်ပိုရှည်နိုင်ပါတယ်။
    • အာဟာရ – ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရပြည့်ဝအောင်စားသုံးတာကလည်း ကလေးကို အရပ်ရှည်စေတဲ့ အချက်တစ်ခုပါ။
    • အိပ်စက်မှုပုံစံ -နေ့ခင်းတစ်ရေးအိပ်တာ၊ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိတာတွေကလည်း ကလေးကို အရပ်ရှည်စေတဲ့အချက်ပါ။
    • ကိုယ်လက်လှုပ်ရှားမှု – ကလေးက ကိုယ်လက်လှုပ်ရှားမှုရှိရင် ကြွက်သားနဲ့ အရိုးတွေသန်မာပြီး အရပ်ပိုရှည်နိုင်ပါတယ်။
    • ကလေးကျန်းမာရေး – ကလေးကရောဂါအခံတစ်ခုခုမရှိဘူး၊ အာဟာရလည်းပြည့်ဝမယ်ဆိုရင် အရပ်ရှည်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement