ကလေးများတွင် ခံစားရသော စိတ်ကစဉ့်ကလျားဖြစ်သောရောဂါအတွက် သတိပြုရမည့် အချက်များ

    ကလေးများတွင် ခံစားရသော စိတ်ကစဉ့်ကလျားဖြစ်သောရောဂါအတွက် သတိပြုရမည့် အချက်များ

    စိတ်ကစဉ့်ကလျားဖြစ်ခြင်း ဆိုတာဘာလဲ။

    စိတ်ကစဉ့်ကလျားဖြစ်ခြင်းသည် အတွေးများ မူမှန်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ လွန်အမင်းကြောက်တတ်ခြင်းများဖြစ်ကာ အပြုအမူများ စိတ်သဘောထားများ မူမမှန်ဖြစ်ခြင်းကို ဆိုလိုပါသည်။

    ကလေးများနှင့် လူငယ်များတွင် စိတ်ကစဉ့်ကလျားဖြစ်လျှင် အမှန်တရားကို ဝေမှန်ပိုင်းခြားနိုင်စွမ်းမရှိခြင်း၊ တခုခုမှားယွင်းနေသည်ဟု ခံစားရခြင်း၊ သူတို့စိတ်ထဲတွင် ဖြစ်နေသောအရာများကို မပြောပြတတ်ခြင်းစသည်တို့ဖြစ်တတ်ပါသည်။ ကလေးများတွင် စိတ်ကစဉ့်ကလျားဖြစ်ခြင်းသည် ဖြစ်ခဲပြီး ရောဂါ လက္ခဏာများကိုလည်း သတိပြုမိခဲပါသည်။

    ကလေးဘဝတွင် စတင်ခံစားရသော စိတ်ကစဉ့်ကလျားဖြစ်ခြင်းရောဂါ

    အသက် ၁၂နှစ်မပြည့်မီကလေး အရွယ်များတွင် စိတ်ကစဉ့်ကလျားဖြစ်သောရောဂါခံစားရလျှင် သတိပြုမိခဲပါသည်။ သို့သော် အရွယ်ရောက်လာလျှင်၊ လူပျို အပျိုဖော်ဝင်ချိန်များတွင် ရောဂါလက္ခ

    ဏာများကို သတိပြုမိလာတတ်ကြပါသည်။ ထိုသို့စတင်သတိပြုမိသော လက္ခဏာများကို ရှေ့ပြေးလက္ခဏာများဟု ခေါ်ပါသည်။ ယင်းတို့သည် ကလေးများအနေဖြင့် သူတို့တွေးနေသည်များကို မူမမှန်အတွေးများဟုထင်လာခြင်းဖြစ်ပြီး ယင်းသည် စတင်သတိပြုစရာ လက္ခဏာတစ်ခုဖြစ်လာပါသည်။ သို့သော် ကလေးများသည် ထိုသို့ဖြစ်ခြင်းကို ဝန်ခံမည်မဟုတ်ပါ။

    ကလေးများတွင် ခံစားရသော စိတ်ကစဉ့်ကလျားဖြစ်သော ရောဂါအတွက် သတိပြုရမည့် အချက်များ

    ပထမဦးစွာ ကလေးများသည် ဘာသာစကားများ လေ့လာနိုင်မှုစွမ်းရည်များကျဆင်းလာခြင်းနှင့် အခြားသော လုပ်ငန်းဆောင်တာများ လုပ်ဆောင်မှုကျဆင်းလာခြင်းတို့ ခံစားရမည်ဖြစ်ပါသည်။ အခြားသော စောတွေ့ရမည့် လက္ခဏာများမှာ ကလေးများသည် လှုပ်ရှားမှုစွမ်းရည်များ လျော့နည်းခြင်း၊ မူမမှန်ခြင်း (ဥပမာ- ပုံမှန်မဟုတ်သော တွားသွားနည်းပုံစံများ)၊ သောင်းကျန်းခြင်း၊ ကိုယ်ဟန်အနေအထား မမှန်ခြင်း၊စိုးရိမ်စိတ်များခြင်း၊ အရာဝတ္ထုများကို ဖျက်စီးပစ်ခြင်း စသည့် လက္ခဏာများ ဖြစ်ပါသည်။ အောက်ပါတို့သည် စိတ်ကစဉ့်ကလျားဖြစ်ခြင်း စဖြစ်ချိန်တွင် ခံစားရသော လက္ခဏာများ ဖြစ်ပါသည်။

    · ဦးနှောက်ထဲတွင် တခုခုဖြစ်နေသည်ဟု ခံစားရခြင်း

    · မည်သည့်အရာသည် အမှန်ဖြစ်သည်၊ မည်သည့်အရာသည် အမှားဖြစ်သည်ကို ပြောမပြတတ်ခြင်း

    · လက်တွေ့တွင် အမှန်မရှိသော အရာများကို မြင်ရခြင်း၊ ကြားရခြင်း

    · မူမမှန်သော အသံများကြားရခြင်း၊ နံမည်ခေါ်သံများကို ကြားရခြင်း

    · ယုံမှားသံသယဖြစ်သည့် အတွေးများဝင်ခြင်း

    · အမူအရာများ နှင့် စိတ်အခြေအနေများ ရုတ်တရက် ပြောင်းလဲလာခြင်း

    · အလင်းရောင်များ၊ အသံများ၊ အနံ့နှင့် အရသာခံအာရုံများကို မခံနိုင်ခြင်း

    · အခြားသူများက မိမိကို နာကျင်အောင် ပြုလုပ်နေသည်ဟု ထင်နေခြင်း

    · ကြောက်စိတ်၊ သံသယစိတ်များ လွန်ကဲခြင်း

    · လူမှုဆက်ဆံရေးများ ခေါင်းပါးလာခြင်း

    · အခြားသူများနှင့် ပေါင်းသင်းဆက်ဆံမှု မပြုလုပ်နိုင်ခြင်း

    · စကားပြောခြင်း၊ စာရေးခြင်း၊ အာရုံစူးစိုက်ခြင်းနှင့် မကြီးမားသော တာဝန်များကို ထမ်းဆောင်ခြင်းတို့ ပြုလုပ်ရာတွင် အခက်အခဲများဖြစ်ခြင်းတို့ဖြစ်ပါသည်။

    စိတ်ကစဉ့်ကလျားဖြစ်ခြင်းကို စောစီးစွာခံစားရသော ကလေးများသည် မူမှန်သော ကြောက်စိတ်များဖြစ်ပြီး မိဘများကို ပိုပြီးတွယ်တာနေခြင်းတို့ကို ခံစားရမည်ဖြစ်ပါသည်။ တခါတရံ သူတို့ပြောသော စကားများသည် ကျိုးကြောင်းဆီလျော်မှုမရှိပါ။ အများနှင့် နေတတ်သော ကလေးသည် ရုတ်တရက် ရှက်ကြောက်လာခြင်း၊ သူတို့ဘာသာ သီခြားနေခြင်းတို့သည် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၏ လက္ခဏာများဖြစ်ပါသည်။

    ကလေးများတွင် ခံစားရသော စိတ်ကစဉ့်ကလျားဖြစ်သော ရောဂါကို ဘယ်လို ကုသမလဲ။

    စိတ်ကစဉ့်ကလျားဖြစ်ခြင်းသည် စောစီးစွာသိရှိပြီး ထိရောက်သော ကုသမှုများခံယူသင့်ပါသည်။ ဆေးများသောက်ခြင်း၊ သူတို့၏ အခြေအနေအပေါ်မူတည်ပြီး သတ်မှတ်ထားသော ကုသမှုပုံစံများဖြင့် ကုသခြင်းများကို ခံယူသင့်ပါသည်။ သို့သော် စိတ်ကစဉ့်ကလျားရောဂါတွင် ပေးသော ဆေးများသည် ဘေးထွက်ဆိုးကျိုးများကို ခံစားရစေပါသည်။

    ဒုတိယမျိုးဆက် ထုတ်လုပ်သောဆေးများသည် ဘေးထွက်ဆိုးကျိုးနည်းသည်ဟု ဆိုသော်လည်း ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ သွေးတွင်း အဆီဓါတ်များခြင်းတို့ကို ဖြစ်စေပါသည်။ အမေရိက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာနမှ ထုတ်ပြန်ထားချက်အရ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်ကြားကလေးများကို ကုသရာတွင် Risperidone (Risperdal)နှင့် Aripiprazole (Abilify) ဆေး ၂မျိုးကိုသာ သုံးသင့်ကြောင်းဖော်ပြထားပါသည်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Psychosis (Schizophrenia) in Children and Youth. http://www.mentalhealthamerica.net/conditions/psychosis-schizophrenia-children-and-youth. Accessed April 16, 2017.
    1. Schizophrenia. http://www.webmd.com/schizophrenia/. Accessed April 16, 2017

    စာရေးသူ ဓာတ်ပုံbadge
    Dr. K Zin Thwe မှ ရေးသားသည်။ 09/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။