လူပျိုပေါက်မဖြစ်မီအရွယ် ၈နှစ်မှ ၁၂နှစ်သည် ဖွဲ့ဖြိုးဆဲ အဆင့်တစ်ခု ဖြစ်သည်။ အစောပိုင်း ကလေးဘဝနှင့် လူပျို ပေါက် အရွယ်ကြား ဖြစ်သည်။ ဤအရွယ်တွင် ကိုယ်ကာယ ပညာရေး (PE) သည် ကလေး၏ ဖွံ့ဖြိုးမှုအတွက် အလွန်အရေး ပါသည်။ သို့သော်လည်း တစ်နေ့တွင် သင့်ကလေးသည် PE ကို မုန်းသည်ဟုလာပြောပါက ဘယ်လိုလုပ်မည်နည်း။ ကိုယ်ကာယ ပညာရေးကို သင့်ကလေး စိတ်ဝင်စားလာအောင် သင် ဘယ်လိုလုပ်သင့် သလဲ။
သင့်ကလေးသည် အားကစားအား ဘာကြောင့်မုန်းသလဲကို သိရှိအောင် ဖော်ထုတ်ပါ။
သင်သည် ဆရာများ၊ သင့်ကလေး၏ သူငယ်ချင်းများ၊ နည်းပြများဖြင့် ဆွေးနွေးခြင်း သို့မဟုတ် သူတို့၏ အပြုအမူ ကို ဖော်ထုတ်ခြင်းဖြင့် သင့်ကလေး ဘာကြောင့် အားကစား ကို မကြိုက်သည်ကို သင်တွေ့ရှိနိုင်သည်။ ကလေးများ အားကစားကို မကြိုက်သော ဖြစ်နိုင်သော အကြောင်းရင်း များမှာ-
သင့်ကလေးကို အားကစားလုပ်ရန် အားပေးပါ။
ပြဿနာတစ်ခုစီအတွက် သင့်လျော်သော ဖြေရှင်းချက် ရှိသင့်သည်။
သင့်ကလေးကို တအားမတိုက်တွန်းပါနှင့်။
မိဘများစွာသည် သူတို့ကလေးများကို အထူး လေ့ကျင့်ခြင်း များ ရရှိရန်၊ အခြားကလေးများနှင့် ယှဉ်ပြိုင်ခွင့် ရရှိရန် ဘောလုံး၊ ကိုယ်ခံ ပညာများ သို့မဟုတ် ဘတ်စကတ်ဘော သင်တန်းများကို စာရင်းသွင်းလိုကြသည်။ သို့သော်လည်း ထိုသို့လုပ်ခြင်းဖြင့် သင်သည် သင့်ကလေးကို ဖိအားများစွာ ပေးရာရောက်သည်။
ကိုယ်ကာယ ပညာရေး၏ အဓိကရည်ရွယ်ချက်သည် သင့်ကလေး၏ ကျန်းမာရေးကို တိုးတက်စေပြီး စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မဝံ့မရဲခြင်းနှင့် ကိုယ်ခန္ဓါ ထိခိုက်မှုတို့ကို ခံနိုင်ရန်ဖြစ်သည်။ သင့်ကလေး၏ အနိုင်လိုစိတ်ကို တွန်းအားပေးရန် မဟုတ်ပါ။ သင့်ကလေးတွင် အားကစားကို ပင်ကိုယ်ချစ်စိတ် ဖြစ်ပေါ်စေပါ။ ကိုယ်ကာယ ပညာရေး၏ ကောင်းကျိုးများကို စစ်မှန်စွာ ခံစားကာ ကောင်းစွာ ကြီးပြင်းနိုင်ပါစေ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။