backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးများ၊ဆယ်ကျော်သက်များနှင့်ကင်ဆာရောဂါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးများ၊ဆယ်ကျော်သက်များနှင့်ကင်ဆာရောဂါ

ကင်ဆာရောဂါဟာ အဖြစ်များပါတယ်။ ကင်ဆာရောဂါဆိုတာ သင်အရင်ကလုပ်ခဲ့သမျှတွေအတွက် ပြစ်ဒဏ်တစ်ခုမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာတောင် ကင်ဆာရောဂါ ဖြစ်လာတတ်တာကြောင့်ပါ။

ကင်ဆာရောဂါဟာ ကလေးတွေနဲ့မြီးကောင်ပေါက် အရွယ်တွေ သေဆုံးမှုနှုန်းမှာအဖြစ်များတဲ့အကြောင်းရင်းတစ်ခု ဖြစ်နေဆဲပါ။ အမေရိကန်နိုင်ငံတစ်ခုတည်းမှာပဲ ၂၀၁၄ ခုနှစ်အတွင်း ကင်ဆာရောဂါရှိသူ ကလေးငယ်နဲ့ အသက် ၁၉ နှစ်အောက်အရွယ် ၁၅၀၀၀ ကျော်ရှိခဲ့ပါတယ်။ သည်အရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကျော်ကတော့ အသက်ဘေးက မလွတ်မြောက်နိုင်ခဲ့ပါဘူး။

သွေးကင်ဆာနဲ့ ဦးနှောက်ကင်ဆာတို့က ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ တွေ့ရှိရအများဆုံးရောဂါနှစ်မျိးဖြစ်ပါတယ်။ ၎င်းတို့အပြင် ဗဟိုအာရုံကြောစနစ်အတွင်းအကျိတ်ကင်ဆာ၊ lymphoma ကင်ဆာ၊ neuroblastoma ကင်ဆာ၊ sarcoma ကင်ဆာ၊ wilms tumor ကင်ဆာ၊ အရိုးကင်ဆာ၊ testicular ကင်ဆာနဲ့ ovarian germ cell ကျိတ်ကင်ဆာတို့လို တခြားရောဂါတွေလည်းရှိပါ သေးတယ်။

ဒါပေမယ့်ကလေးတွေနဲ့ဆယ်ကျော်သက်ကင်ဆာတွေမှာ အသက်ရှင်နိုင်တဲ့အခွင့်အလမ်းပိုများလာတာကို မကြာသေးမီက ဆယ်စုနှစ်တွေအတွင်းမှာ တွေ့ခဲ့ရပြီဖြစ်ပါတယ်။ အနည်းဆုံးငါးနှစ်အသက်ရှင်နိုင်ခဲ့တဲ့ ကင်ဆာဒေနာရှင်ကလေးငယ်အရေအတွက်ဟာ ၁၉၇၅ခုနှစ်မှာ ၅၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၄-၂၀၁၀ ခုနှစ်အတွင်းမှာ ၈၀ ရာခိုင်နှုန်းကျော်တိုးလာခဲ့ပါတယ်။ အခုတော့ အရေအတွက်က ၉၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရှားပါးကင်ဆာရောဂါအချို့က ကုသတွန်းလှန်နိုင်ဖို့ ပိုခက်ခဲတယ်ဆိုပေမယ့် ဒီလိုကြိုးစားမှုတွေက တိုးတက်မှုရှိလာတဲ့ပုံပါပဲ။

အရွယ်ရောက်ပြီးသူတွေမှာ နေထိုင်မှုပုံစံ၊ ဒါမှမဟုတ် ဆေးလိပ်သောက်ခြင်းလိုမျိုး ထိခိုက်စေတဲ့ဓါတ်ပစ္စည်းတွေကိုထိတွေ့ရတာတွေကြောင့် ကင်ဆာရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိရှိရဖို့လွယ်ကူနေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အရာကြောင့်များ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ကင်ဆာဖြစ်လွယ်ရသလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။ ရောဂါတွေ့ရှိရသူ ၅ ရာခိုင်နှုန်းမှာ မျိုးရိုးလိုက်သန္ဓေပြောင်းလဲခြင်း(မိဘမှသားသမီးသို့မျိုးဗီဇသန္ဓေပြောင်းဆက်ခံစေခြင်း) က အကြောင်းရင်းဖြစ်နေပါတယ်။ ဥပမာ- ကလေးတွေမှာဖြစ်လေ့ရှိတဲ့ မျက်စိကင်ဆာ (retinoblastoma) က ၂၅ မှ ၃၀ ရာခိုင်နှုန်းရှိပါ တယ်။ ကလေးတွေမှာ သွေးကင်ဆာဖြစ်လာစေနိုင်တဲ့ မျိုးဗီဇမူမမှန်ခြင်းနဲ့မွေးဖွားလာနိုင်ခြေ တစ်ရာခိုင်နှုန်း ရှိနေတာကြောင့် ကိုယ်ဝန်ဆောင်ခြင်းကနေလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ပဲ အမှန်တကယ်သွေးကင်ဆာအဆင့် ဖြစ်လာဖို့ကတော့ ကလေးငယ်အယောက်၈၀၀၀မှာ တစ်ယောက်သာ ဖြစ်နိုင်ခြေရှိပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ကင်ဆာရောဂါဖြစ်လာနိုင်စေတဲ့ ပတ်ဝန်းကျင် အကြောင်းရင်းတွေလည်းရှိပါတယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာထောက်ပြနိုင်ဖို့ကြိုးစားတဲ့အခါ အခက်အခဲတွေရှိလာနိုင်တာကြောင့် အကြောင်းရင်းကိုဆုံးဖြတ်ရခက်ခဲပါတယ်။ အဖြစ်များတဲ့အချက်တွေကတော့ သူတို့ရဲ့ အစောပိုင်းခန္ဓါကိုယ်ဖွံ့ဖြိုးဆဲအချိန်မှာ ဓါတ်ရောင်ခြည်နဲ့အိတ်စ်ရေး ထိတွေ့မှုတို့ပါဝင်ပါ တယ်။

အရေအတွက်ကိန်းဂဏန်းတွေက ဘာပဲဖြစ်ဖြစ် ကလေးတွေနဲ့ဆယ်ကျော်သက်တွေမှာ ကင်ဆာဖြစ်ပွားဖို့ကတော့ ဖြစ်ခဲပါတယ်။ ဒါ့အပြင် သူတို့က အသက်ရှင်မှုနှုန်း ၈၀ ရာခိုင်နှုန်းရှိနိုင်တဲ့ ဓါတုကုထုံးလိုမျိုး ကင်ဆာကုသမှုတွေကို တုံ့ပြန်နိုင်စွမ်းပိုကောင်းကြပါတယ်။ ဒါပေမယ့်လည်း ကုထုံးတွေက ဘေးထွက်ဆိုးကျိုးပါလာတတ်စမြဲပါပဲ။ ဒါ့ကြောင့်ကလေးတွေကို ပုံမှန်ကျန်းမာရေးစစ်ဆေး မှုလုပ်ပေးဖို့လိုပါတယ်။ ဘာပဲဖြစ်ဖြစ် အနာဂတ်က လမ်းပွင့်နေပြီဖြစ်သလို ခေတ်မီနည်းပညာတွေနဲ့ တဖြည်းဖြည်းအဆင့်မြင့်လာတာကလည်း အကောင်းဘက်ကို ဦးတည်နေပြီဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement