သည်းခြေပြွန်ရောင်ခြင်း၊ ပိတ်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်း ပိုးဝင်ခြင်းကြောင့် Bliirubin ကို ခန္ဓါကိုယ်တွင်းမှ မထုတ်ပယ် နိုင်ခြင်းကြောင့် အသားဝါဖြစ်လာစေသည်။
သွေးနီဥ ပျက်စီးသော သွေးအားနည်းရောဂါကြောင့် သွေးနီဥများ ကို ပြိုကွဲစေပြီး bilirubin ပိုများလာပြီး အသားဝါ ဖြစ်လာစေသည်။
Gilbert’s Syndrome ကြောင့် သည်းခြေရည် မစစ်ထုတ်နိုင်ခြင်း ကြောင့် Bliirubin ကို ခန္ဓါကိုယ်တွင်းမှ မထုတ်ပယ် နိုင်ခြင်း ကြောင့် အသားဝါဖြစ်လာစေသည်။
- Thalassemia, sickle cell anemia, ငှက်ဖျားရောဂါ, မွေး ရာပါ သွေးနီဥ ကြီးနေသော ရောဂါ၊ အသည်းရောင် အသားဝါရော ဂါ အေ၊ ဘီ၊ စီတို့ကြောင့် သွးနီဥ ပျက်စီးမှု့ များပြားပြီး အသားဝါ ရောဂါ ဖြစ်စေပါသည်။
- ရောဂါလက္ခဏာများ
- သိသာထင်ရှားသော လက္ခဏာမှာ အရေပြားများဝါခြင်းနှင့် မျက်စိ အဖြူသားများဝါခြင်း ဖြစ်ပါသည်။ အများအားဖြင့် အသားဝါခြင်း သည် မျက်နှာမှ စတင်ဖြစ်ပေါ်ပြီး ရင်ဘက်၊ ဝမ်းဗိုက်၊ လက်ခြေ စသည်ဖြင့် bilirubin ပမာဏပေါ် မူတည်ပြီး တရစ်ရစ် တိုးသွားပါသည်။
- ကုသမှု့
- အသားဝါခြင်းသည် အများအားဖြင့် တစ်ပတ်မှ နှစ်ပတ်အတွင်း ပျောက်ကင်းနိုင်ပြီး အောက်ပါအချက်များကိုလည်း သင့်ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။
- နို့များများတိုက်ခြင်း။ မိခင်နို့ပိုသောက်စေခြင်းဖြင့် ဆီးများများ သွားစေကာ bilirubin ဓါတ်များကို ဆီးနှင့်အတူ စွန့်ထုတ်စေပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။