လုံးတီးဂျုံတွေနဲ့ ပြုလုပ်ထားတဲ့ Sandwiches– လုံးတီးဂျုံနဲ့ပြုလုပ်ထားတဲ့ပေါင်မုန့်မို့ အမျှင်ဓါတ်ကြွယ်ဝရုံမက မုန့်ဖုတ်သူတွေအသုံးများတဲ့ ဂျုံမှာကလည်း ဖောလိတ်ဓါတ်တွေများပြားပါတယ်။ ဖောလိတ်ဆိုတာကတော့ ဦးနှောက်ထဲက မှတ်ဉာဏ်ဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့ ဗီတာမင် B ပါပဲ။
နို့ – အဆီမပါတဲ့နို့ဟာ ပရိုတိန်းတွေ၊ ဗီတာမင် D နဲ့ ဖော့စဖောရပ်စ်တွေ ကြွယ်ကြွယ်၀၀ပါဝင်တယ်ဆိုပြီး ကျော်ကြားပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်ကလည်း ကျွန်တော်တို့ရဲ့ခန္ဓါကိုယ်က စွမ်းအင်တွေကိုဘယ်လိုစီမံခန့်ခွဲသလဲဆိုတဲ့ အပေါ်မှာ လွှမ်းမိုးမှုတွေရှိနေပါတယ်။ ကယ်လ်ဆီယမ်ဟာ ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုအတွက် မရှိမဖြစ် ကဏ္ဍကနေ ပါဝင်နေပါတယ်။
အသီးသေးသေးလေးတွေ – အသီးအနှံအများစုဟာ ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးနိုင်တဲ့အစာတွေမဟုတ်ပေမယ့် သူတို့ဟာကလေးတွေသင်ယူလေ့လာနိုင်စွမ်းအတွက် သွယ်ဝိုက်သောနည်းနဲ့ ထောက်ပံ့ပေးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဝမ်းချုပ်ခြင်းဟာအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အသီးအနှံတွေ ( လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရေများများသောက်ခြင်းပါ ပေါင်းစပ်လိုက်တဲ့အခါ) ဟာ ကလေးတွေကို ပုံမှန်ဖြစ်စေပြီး သင်ယူဖို့လည်း အဆင်သင့်ဖြစ်နေစေပါတယ်။
ကျောင်းဆင်းပြီး အားဖြည့်စာ
ကျောင်းတက်နေတဲ့အချိန်ကုန်ဆုံးသွားပေမယ့် ကလေးတွေဟာ ဦးနှောက်ယိုစီးမှုကို ခံနိုင်ရည်မရှိကြသေးပါဘူး။ သူတို့လေးတွေ ကျောင်းပြီးတဲ့အခါလုပ်ရမယ့် လုပ်ငန်းတွေနဲ့ အိမ်စာတွေကို လုပ်နိုင်ဖို့အတွက် ရေသောက်ဖို့နဲ့ cereal တွေကို သရေစာအဖြစ်စားသုံးဖို့ တိုက်တွန်း လှုံ့ဆော်ပါ။
ရေ
မိဘအများစုဟာ ကလေးတွေကျောင်းမှာ ရေဘယ်လောက်သောက်လဲဆိုတာသိရင် အံ့သြသွားမှာအမှန်ပါပဲ။ (ရေသောက်နည်းလို့ပါ) ရေဓါတ်ခမ်းခြောက်ခြင်းဟာ ကလေးတွေကို အားအင်ချိနဲ့စေတာ၊ အားအင်လုံးဝမရှိတော့တာနဲ့ စိတ်ရှုပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အစာစားတိုင်း ရေသောက်ခြင်းအလေ့အထကို မွေးမြူပါ။ အထူးသဖြင့် တက်ကြွလှုပ်ရှားခဲ့တဲ့နေ့တွေမှာပေါ့။
Cereal
ကလေးတွေဟာ ဒါတွေကို နံနက်စာအဖြစ် ပန်းကန်တစ်လုံးကြီးစားခဲ့ရင်တောင် fortified whole grain cerealsတွေဟာ ဖောလိတ်ဓါတ်တွေ၊ complex carbs တွေ ကြွယ်ဝပြီး ပရိုတိန်းဓါတ်အလွယ်တကူ ရစေနိုင်တဲ့ သရေစာတစ်မျိုးပါပဲ။ Fortified cerealsတွေဟာ ဗီတာမင် B12 ရင်းမြစ်ကောင်းတစ်ခုဖြစ်ပြီး ဒါကတော့ ကျွန်တော်တို့ အရာရာကို ဘယ်လောက်မှတ်မိနိုင်လဲဆိုတာနဲ့ ဆက်စပ်နေပါတယ်။
အမဲသား
သံဓါတ်ချို့တဲ့ခြင်းဟာ ကမ္ဘာပေါ်မှာအဖြစ်အများဆုံး အာဟာရချို့တဲ့ခြင်းပါ။ ကျောင်းမှာ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာမလုပ်ဆောင်နိုင်ခြင်းဟာ သံဓါတ်အားနည်းခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အဆီထုတ်ထားတဲ့ အမဲသားဟာ သံဓါတ်ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး အရာတစ်ခုပါပဲ။ တစ်ရက်ကို အမဲသား ဝ.၀၃ကီလိုဂရမ်စားသုံးပေးခြင်းဟာခန္ဓါကိုယ်က သံဓါတ်ကို အခြားနေရာတွေကနေ စုပ်ယူတဲ့နေရာမှာ အကြီးအကျယ်ပြောင်းလဲသွားစေမှာ အမှန်ပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။