backup og meta

ကလေးများတွင် ရေဓါတ်ခန်းခြောက်ခြင်း

ကလေးများတွင် ရေဓါတ်ခန်းခြောက်ခြင်း

ကောင်းစွာ အလုပ်လုပ်နိုင်ရန် ခန္ဓါကိုယ်သည် အပူချိန် ၃၇ ဒီဂရီ ဆဲလ်စီးရပ်တွင် အမြဲတမ်းထိန်းသိမ်းထားရန် လိုအပ်သည်။ ခန္ဓါကိုယ် အပူချိန်ကို hypothalamus ဟု ခေါ်သော ဦးနှောက်ထဲရှိ အစိတ်အပိုင်းတစ်ခုတွင် အပူချိန်ထိန်းပေးသောနေရာမှ ထိန်းညှိပေးသည်။ ခန္ဓါကိုယ် အပူချိန်သည် ပုံမှန်အမှတ်မှ ကျော်သောအခါ ဦးနှောက်မှအပူချိန်လျော့စေရန် စနစ်မျိုးစုံကို လုပ်ဆောင်ချက်စတင်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်။

· အသက်မြန်မြန်ရှူခြင်း။

· အရေပြားသို့ သွေးစီးဆင်းမှုကောင်းစေခြင်း။

ကျွန်ုပ်တို့သည် ပိုနေသော အပူများကို အရေပြားမှဆင့် အပြင်သို့ ထုတ်ပစ်သည်။ ပတ်ဝန်းကျင်သည် အေးပြီး ခြောက်သွေ့လျှင် ထိုလုပ်ဆောင်ချက်သည် လွယ်ကူသည်။ သို့သော် ပူပြီး စိုထိုင်းဆများနေသော အချိန်တွင် ထိုသို့ပြုလုပ်ရန်ခက်သည်။ ထို့ကြောင့် နွေရာသီတွင် အပူနှင့် ပတ်သတ်သော ရောဂါများဖြစ်ကြသည်။

မည်သူသည်အပူနှင့် ပတ်သက်သော ရောဂါများဖြစ်နိုင်ပါသလဲ။

ယခင်က ကလေးများသည် လူကြီးများထက် အပူကြောင့် ဖြစ်နိုင်သော ရောဂါများဖြစ်သည်ဟု ထင်ခဲ့ကြသည်။ သို့သော် ရေဓါတ်လုံလောက်စွာရှိလျှင် ကလေးများသည် လူကြီးများကဲ့သို့ပင် ကိုယ်ခန္ဓါ အပူချိန်ကို ပုံမှန်ဖြစ်စေရန် ထိန်းညှိနိုင်သည်။

သို့သော် အပူချိန်တက်လာသောအခါ ပုံမှန်အပူချိန်ရောက်စေရန် အခက်အခဲဖြစ်နေသော ကလေးများလည်း ရှိသည်။

· ကလေးများတွင် ခန္ဓါကိုယ်သည် ကြွက်သားနည်းသောကြောင့် အပူကို စုပ်ယူနိုင်ပြီး ပြန်ထုတ်နိုင်ရန်အတွက် ချွေးထွက်နည်းသည်။ ရေများများသောက်ရန်ခြင်း သို့မဟုတ် သောက်ရန်မသိခြင်းလည်း ဖြစ်နိုင်သည်။

· ဖွံ့ဖြိုးမှုမပြည့်စုံသော ကလေးများသည် ချွေးထွက်ခြင်းကြောင့် ရေဓါတ်ဆုံးရှုံးခြင်းကို ပြန်ဖြည့်ရန် မသိပေ။

· ကိုယ်တိုင် ကောင်းစွာ မလှုပ်ရှားနိုင်သော ကလေးများ။

· နာတာရှည်ရောဂါများရှိသော ကလေးများ။

· ဖျားနာနေသောကလေးများ။

· လေ့ကျင့်ခန်းများများလုပ်ထားသော ကလေးများ၊ အပူဒဏ်ကို မခံဖူးသော ကလေးများ၊ အဝလွန်သော ကလေးများ။

· အယားပျောက်ဆေး၊ ဆီးဆေး၊ နှင့် စိတ်ရောဂါအတွက်သုံးသော ဆေးများကဲ့သို့သော အပူချိန်ထိန်းညှိနိုင်စွမ်းကို ကျစေသော ဆေးများသောက်နေသောကလေးများ။

· ယခင်က အပူကြောင့် နေမကောင်းဖြစ်ဖူးသော ကလေးများ

အပူကြောင့် ဖြစ်သော ရောဂါများ

ချွေးထွက်လွန်ခြင်းကြောင့် ဆုံးရှုံးသောရေဓါတ်ကို ပြန်မဖြည့်လျှင် ရေဓါတ်ခန်းခြောက်ပြီး အပူကြောင့် ကြွက်တက်တတ်သည်။ ခန္ဓါကိုယ်မှ အပူကို ကောင်းစွာ မစွန့်ထုတ်နိုင်လျင် အပူလွန်ကဲခြင်းကြောင့် အပူကြီးခြင်း၊ အရေးပေါ်အခြေအနေတွင် အပူကြောင့် ဦးနှောက်လုပ်ဆောင်ချက်ပျက်ခြင်းတို့ဖြစ်နိုင်သည်။

ရေဓါတ်ခန်းခြောက်ခြင်း

ကလေးများသည် ခန္ဓါကိုယ်မှရေဓါတ်ဆုံးရှုံးမှုများလျှင် ရေဓါတ်ခန်းခြောက်မှုဖြစ်တတ်သည်။ ရေဓါတ်အနည်းငယ်ဆုံးရှုံးသည်နှင့် ဖြစ်တတ်သည်။ ရေဓါတ်ခန်းခြောက်ခြင်းသည် ခန္ဓါကိုယ်မှ အပူချိန်ကို ထိန်းညှိနိုင်စွမ်းကို ပျက်စေသောကြောင့် အခြားသော အပူကြောင့် ဖျားနာခြင်းများကို ဖြစ်နိုင်ချေများစေသည်။

ရေဓါတ်ခန်းခြောက်လျှင် အောက်ပါ လက္ခဏာများ တွေ့ရသည်။

· ပါးစပ်ခြောက်ခြင်း

· ရေငတ်ခြင်း

· ဆီးမထွက်ခြင်း၊ ဆီးနည်းခြင်း၊ ဆီးအရောင်ရင့်ခြင်း။

· မျက်ရည်မထွက်ခြင်း

· စိတ်တိုခြင်း၊ စိတ်ဆတ်ခြင်း

· စိတ်ဝင်စားမှုကျခြင်း

· ခေါင်းကိုက်ခြင်း

· ခေါင်းမူးခြင်း

· ကြွက်တက်ခြင်း

· ချမ်းတုန်ခြင်း

· အားနည်းခြင်း

ဆိုးရွားသော အခြေအနေတွင်

· မျက်လုံးချိုင့်ဝင်ခြင်း

· ကလေးငယ်လျှင် ငယ်ထိပ်ချိုင့်ခြင်း

· ပျို့အန်ခြင်း

· နုံးခွေခြင်း၊ သတိလစ်ခြင်း

သင့်ကလေးသည်ရေဓါတ်ခန်းခြောက်နေသည်ဟု ထင်ပါက မည်သည်တို့ကို ဆောင်ရွက်မည်နည်း။

သင့်ကလေးသည် ရေဓါတ်ခန်းခြောက်နေသည် ယူဆပါက သင်ကလေးကိုအေးသည့်နေရာသို့ ရွေ့ထားပြီး ရေများများတိုက်ပါ။ အခြေအနေသက်သာမလာလျှင် ဆရာဝန်ထံ ခေါ်သွားပြပါ။ သတိလစ်လျှင်၊ တုံ့ပြန်မှု မရှိလျှင် ဆရာဝန်ထံ ချက်ချင်းသွားပါ။

ရေဓါတ်ခန်းခြောက်ခြင်းသည် အပူကြောင့်ဖြစ်သော အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ သေချာစွာမကုသလျင် ကလေးကို နေပူထဲတွင်အကြာကြီးထားလျှင် အပူကြီးပြီး သတိလစ်နိုင်သည်။

အပူကြောင့်ဖြစ်သော ဖျားနာခြင်းကို ကာကွယ်ရန် သင့်ကလေးကို နေရောင်တိုက်ရိုက်ရသောနေရာတွင် မနက် ၁၀ နာရီမှ ၂ နာရီကြားတွင် မထားပါနှင့်။ အရိပ်ကောင်းသောနေရာတွင် ရေများများတိုက်ပြီး၊ ချောင်ချိသော အဝတ်များကို ဝတ်ပေးထားပါ။

Hello Health group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.aboutkidshealth.ca/En/HealthAZ/SafetyandtheEnvironment/OutdoorSafety/Pages/Summer-safety-Preventing-heat-related-illness.aspx.

ယခုပုံစံ

13/01/2022

Dr. Su Sandy မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ



Dr. Su Sandy မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement