ဘာလို့ ဖနောင့်အတက် ထွက်ရတာလဲ။
ဖနောင့်အတက်ထွက်ရတာ ဖနောင့်မှာ ရှိတဲ့ ကြွက်သားတွေ၊ အရွတ်တွေ နာတာရှည် ဒဏ်ဖြစ်သွားလို့ပါ။ ဒီလိုနဲ့ ကြာလာတော့ ဖနောင့်မှာ အတက်ထွက်လာတော့တာပေါ့။ သူက အခု ဒဏ်ဖြစ် အခု အတက်ထွက် မဟုတ်ပါဘူး။ အချိန်တော်တော်ကြာမှ ဖြစ်လာတာပါ။ ဒါကြောင့် ဘာကြောင့်မှန်းမသိ ဖနောင့်နာတာ ကြာနေပြီဆိုရင် ပစ်မထားသင့်ပါဘူး။
မျက်နှာပြင် မာမာပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်တာ၊ ပြေးတာ၊ ခုန်တာတွေက ကြာလာရင် အရိုးအတက် ထွက်စေပါတယ်။ ခြေထောက်နဲ့ မတော်တဲ့၊ သက်တောင့်သက်သာ မဖြစ်တဲ့ ဖိနပ်တွေ စီးတာကလည်း ရေရှည်မှာ အတက်ထွက်စေပါတယ်။ အရိုးအတက်ထွက်စေတဲ့ အခြားအကြောင်းရင်းတွေကတော့
- အဆစ်ရောင်တာ
- ဖနောင့်ပွန်းတာ
- အဝလွန်တာ
- ဖိနပ်က စီးရတာ သက်တောင့်သက်သာ မဖြစ်တာ
- ဖိနပ်ပါးလွန်းတာ စတာတွေပဲဖြစ်ပါတယ်။
ဖနောင့်အတက်ထွက်တဲ့သူ တော်တော်များများမှာ plantar fasciitis လို့ခေါ်တဲ့ ခြေဖဝါး အရွတ်မြှေးရောင်တာကိုလည်း တွဲတွေ့ရတတ်ပါတယ်။ ဒီအရွတ်မြှေးရောင်တာကလည်း အရိုးအတက်ထွက်စေတဲ့ အကြောင်းရင်း တစ်ခုပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။