သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

မြီးညှောင့်ရိုးနာနေတာ ဘယ်လိုသက်သာအောင်လုပ်မလဲ

    မြီးညှောင့်ရိုးနာနေတာ ဘယ်လိုသက်သာအောင်လုပ်မလဲ

    ထိုင်လို့မရဘူး မြီးညှောင့်ရိုး နာနေတယ်၊ ထိုင်လိုက်တိုင်း အခင်းလေးခုပြီးထိုင်ရတယ်ဆိုတာတွေ တွေ့ရဖူးပါတယ်။ ပိန်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပေမယ့် လူတိုင်းဖြစ်နိုင်ခြေရှိတဲ့ဝေဒနာပဲဖြစ်ပါတယ်။ မြှီးညှောင့်ရိုးနာတယ်ဆိုတာကျောရိုးမကြီးအဆုံးနားက အရိုးထိပ်ပိုင်းအတွင်းနဲ့ပတ်လည်က နာကျင်မှုဖြစ်ပါတယ်။

    ဘာလို့နာတတ်လဲဆိုတော့ချော်လဲလို့၊ မာကျောတဲ့ကြမ်းပြင် ဒါမှမဟုတ်နေရာကျဉ်းကျဉ်းလေးမှာ အချိန်ကြာကြာထိုင်ရလို့၊ အသက်ကြီးလာတဲ့အခါ အရိုးအဆစ်တွေမကောင်းတော့လို့၊ ဒါမှမဟုတ် ရိုးရိုးမီးဖွားထားလို့ စတဲ့အကြောင်းရင်းတွေရှိပါတယ်။

    မြီးညှောင့်ရိုးနာနေတာ က ဒီအတိုင်းဆိုသိပ်မသိသာဘဲ နည်းနည်းပဲနာနေတတ်ပေမယ့် ထိုင်ချလိုက်တဲ့အချိန်၊ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်တာ ဒါမှမဟုတ် ကြာကြာမတ်တပ်ရပ်လိုက်တဲ့အချိန် လိုမျိုး လှုပ်ရှားမှုတွေ လုပ်လိုက်တဲ့အခါမှာ စူးပြီးနာကျင်ရပါတယ်။ ဝမ်းသွားတဲ့အချိန် နဲ့ လိင်ဆက်ဆံတဲ့အချိန်မှာလည်း နာကျင်လာနိုင်ပါတယ်။ မိန်းကလေးတွေဆို ရာသီလာတဲ့အချိန်မှာ ပိုပြီးအဆင်မပြေဖြစ်ရတတ်ပါတယ်။

    ဘယ်လိုသက်သာအောင် လုပ်မလဲ

    ပုံမှန်အားဖြင့်တော့ တစ်ပတ်နှစ်ပတ် ဒါမှမဟုတ် လအနည်းငယ်အထိ ခံစားရတတ်ပါတယ်။ဖြစ်နေတဲ့အချိန်မှာ နာကျင်မှုသက်သာအောင် ဒီအချက်လေးတွေ သတိထားသင့်ပါတယ် –

    ထိုင်တဲ့အခါလျှောပြီးထိုင်ပါ

    ထိုင်တဲ့အခါ ဒိုးနတ်ပုံစံ အခင်းပျော့အဝိုင်းကို ခုထိုင်ပါ ဒါမှမဟုတ် ဆိုဖာလိုပျောပျောင်းတဲ့အရာတစ်ခုခုနဲ့ထိုင်ပါ။

    နာကျင်တဲ့နေရာကိုရေနွေး ဒါမှမဟုတ်ရေခဲကပ်ပေးပါ။ (နှစ်မျိုးလုံးတပြိုင်တည်းမလုပ်ရပါဘူးနော်)

    ဖြစ်နိုင်ရင် ကြာကြာမထိုင်ပါနဲ့။ ရံဖန်ရံခါ မတ်တပ်ထရပ်ပြီးလမ်းလေးလျှောက်တဲ့ ပုံမှန်အကျင့်လုပ်ပေးပါ။

    မကျပ်တဲ့အဝတ်အစားကို ဝတ်ဆင်ပါ။ ဂျင်းဘောင်းဘီအကျပ်တွေကိုမဝတ်ပါနဲ့။မြှီးညှောင့်ရိုးကို ဖိအားဖြစ်စေနိုင်ပါတယ်။

    ဆရာဝန်ဆေးညွှန်းမလိုတဲ့ အကိုက်အခဲပျောက်ဆေးသောက်ပါ။ Acetaminophen ၊ Ibuprofen တို့သောက်လို့ရပါတယ်။

    တကယ်လို့မသက်သာရင်တော့ အကြာကြီးကြိတ်မခံဘဲ ဆရာဝန်ပြတာကောင်းပါတယ်။မြှီးညှောင့်ရိုးကျိုးအက်မှုများရှိသလား၊ အရိုးအဆစ်ယိုယွင်းမှုတွေရှိနေသလား ဒါမှမဟုတ်ဖြစ်ခဲတဲ့အကျိုးဆက်တွေလား ဆရာဝန်က စစ်ဆေးကုသပေးပါလိမ့်မယ်။

    မြီးညှောင့်ရိုးနာနေတာ ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

    မြီးညှောင့်ရိုးနာနေတာ ပိုဆိုးလာပြီး အလုပ်မသွားနိုင်တာ၊ အိမ်အလုပ်မလုပ်နိုင်တော့တာလိုမျိုး အခြေအနေဆုတ်ယုတ်လာပြီဆို ဆရာဝန်ပြသင့်ပါတယ်။နောက်ပြီး –

    • သက်သာမယ့်နည်းတွေလုပ်ကြည့်တာတောင် ဆက်တိုက်မလျော့ဘဲနာကျင်နေရင်
    • နာကျင်နေတဲ့ မြီးညှောင့်ရိုးမှာ ဖုနေတာ ဒါမှမဟုတ် ခိုးလို့ခုလုဖြစ်လာရင်
    • မြီးညှောင့်ရိုးမှာ ဒါမှမဟုတ် သူ့နားတဝိုက် ဖျားလာတာ၊ ပူသလိုခံစားရတာ၊ရောင်လာတာဆိုရင် ဆရာဝန်ပြပါ။

    ဝေဒနာတာရှည်နေတဲ့ မြီးညှောင့်ရိုး နာကျင်မှုအတွက် ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ –

    • လေ့ကျင့်ခန်းကုထုံး – အသက်ကိုရှိုက်ရှူပြီး တင်ပါးဆုံအောက်ပိုင်းကိုလုံးဝပြေလျော့စေတာမျိုး ဆီးသွားချိန်၊ ဝမ်းသွားချိန်တွေမှာ တင်ပါးဆုံအောက်ပိုင်းပြေလျော့စေတဲ့ လေ့ကျင့်ခန်းတွေလုပ်ခိုင်းတဲ့နည်းနဲ့ ဆရာဝန်ကကုသပေးပါလိမ့်မယ်။
    • နှိပ်နယ်တဲ့ကုထုံး – မြီးညှောင့်ရိုးနဲ့တွယ်ဆက်နေတဲ့ ကြွက်သားတွေကိုနှိပ်နယ်ပေးပြီး နာကျင်မှုကိုသက်သာအောင်ကုတဲ့နည်းပါ။
    • ဆေးဝါးကုထုံး –မြီးညှောင့်ရိုးထဲကို အနာသက်သာဆေးထိုးပေးပြီး ရက်သီတင်းပတ်အနည်းငယ်အတွင်း သက်သာစေနိုင်ပါတယ်။ နာကျင်မှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေး၊သောက်ဆေးတွေလည်း ညွှန်းပေးပါလိမ့်မယ်။
    • ခွဲစိတ်ကုထုံး –အပေါ်ကနည်းလမ်းတွေနဲ့မရနိုင်ရင်တော့ လိုအပ်တဲ့အချက်အလက်တွေကို ချင့်တွက်ပြီး ဆရာဝန်က လိုအပ်ရင်ခွဲစိတ်ကုသပေးပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 10/12/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: