၅)ဒူးဆစ်လှုပ်ရှားမှုရှိပါစေ
နာရီအတော်ကြာ ထိုင်နေပြီးတဲ့အခါ မိနစ် ၃၀လောက်တစ်ကြိမ် လမ်းခဏထလျှောက်တာ၊ ဒါမှမဟုတ် ထိုင်လျက်ကနေခြေထောက်လှုပ်ရှားပေးတာ(ဒူးဆစ်လှုပ်ရှားမှုအနည်းငယ်ပါအောင် ဟိုလှုပ်ဒီလှုပ်ဆိုလည်းရပါတယ်)မျိုး လုပ်သင့်ပါတယ်။ ကြာရှည်မတ်တပ်ရပ်နေချိန်မှာ (ဥပမာ အရောင်းဝန်ထမ်းလို ပုံသေရပ်နေရတဲ့အခြေအနေမျိုး) မိနစ် ၃၀လောက်တစ်ကြိမ် ဟိုလျှောက် ဒီလျှောက်လုပ်တာ ဒါမှမဟုတ် ခဏလောက်ထိုင်လိုက်တာမျိုး လုပ်သင့်ပါတယ်။
၆)ရှောင်ကြဉ်ဖို့
ဆောင့်ကြောင့်ထိုင်တာ၊ခြေထောက်ချိတ်ထိုင်တာ၊လှေကားတက်တာတွေရှောင်ကြဉ်ရပါမယ်။ မလွှဲသာလို့လှေကားတက်ရမယ်ဆိုလည်း တည့်တည့်တက်တာထက်ဘေးလေးစောင်းပြီးဖြည်းဖြည်းချင်းတက်သင့်ပါတယ်။
၇) ဖိနပ်
အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကိုရွေးချယ်သင့်ပါတယ်။ ကိုယ်နေဟန်ထား ပုံစံမကျအောင်၊ ဒူးကိုဖိအားသက်ရောက်စေနိုင်တဲ့ ဖိနပ်မျိုး၊ဒေါက်မြင့်ဖိနပ်မျိုးကို မစီးသင့်ပါဘူး။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။