ခန္ဓါကိုယ်က နာကျင်မှုကို အထိရောက်ဆုံးသက်သာစေမယ့် အစားအစာ (၅) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 27, 2020 . 2 mins read
Share now

နာကျင်မှုကြောင့် တစ်နေ့တာမှာ စိတ်ရှုပ်နေရပြီလား။ ရောင်ရမ်းမှုတွေကြောင့် နာကျင်မှုတွေနဲ့ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ကဲ နာကျင်မှုခံစားနေရတဲ့ Helloဆရာဝန်ပရိသတ်ကြီးရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

နာကျင်မှု

ခန္ဓါကိုယ်ရဲ့ နေရာအနှံ့မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အဆစ်အမြစ်ေတွရောင်ရမ်းတာကြောင့် နာကျင်တာ၊ လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ နာကျင်တာအပါအဝင် ထိခိုက်မှုတွေကြောင့် နာကျင်တာတွေကို ခံစားရနိုင် ပါတယ်။

နာကျင်မှုတွေ သက်သာစေဖို့ ဘာစားရမလဲ……………..

နာကျင်မှုကို အစားအသောက်ကနေတဆင့် ကုစားလို့ရပါတယ်။ ကဲ…ခံစားနေရတဲ့ ခန္ဓါကိုယ်နာကျင်မှုသက်သာဖို့ ဘာတွေစားပေးရမလဲ ဆက်ကြည့်လိုက်ရအောင်လား။

(၁) လက်ဖက်စိမ်းရေနွေးကြမ်း

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အကောင်းဆုံးသောစားစရာတွေထဲကတစ်ခုပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက နာကျင်တာကိုပဲ သက်သာစေတာမဟုတ်ပါဘူး။ ခန္ဓါကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်တာပါ။ နေ့တိုင်းသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ လက်ဖက်စိမ်းရဲ့အခြားကျန်းမာရေး အာနိသင်တွေအနေနဲ့ကတော့ ကင်ဆာ ကာကွယ်ပေးနိုင်တယ်၊ ဗိုက်အဆီကျစေနိုင်တယ်၊ စိတ်ဓါတ်ကျနိုင်ခြေနည်းစေတယ်၊ စသဖြင့် အကျိုးပြုတာတွေရှိပါတယ်။ ဒါကြောင့် ခန္ဓါကိုယ် ကျန်းမာပြီး နာကျင်မှုကင်းစေဖို့ တစ်နေ့ကို လက်ဖက်စိမ်းရေနွေးကြမ်းတစ်ခွက်သောက်ပေးပါ။

(၂) ကြက်သွန်ဖြူ

အစိမ်းလိုက်တို့စားကြသလို ဟင်းထဲမှာထည့်ချက်တာမျိုးလည်းရှိပါတယ်။ ကြက်သွန်ဖြူမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ကင်ဆာတိုက်ဖျက်ပေးသလို နှလုံးရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသေးတယ်။ တစ်နေ့တာမှာ ကြက်သွန်ဖြူ အရွယ်တော် ၄ မွှာအထိစားပေးသင့်ပါတယ်။

(၃) နနွင်း

ဆေးဖက်ဝင်တယ်လို့ ရှေးယခင်ကတည်းက လက်ခံလာခဲ့ကြတာပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြပါတယ်။ နေ့တိုင်းလိုလို ဟင်းတွေထဲမှာ မပါမဖြစ်ပါနေတတ်တဲ့ နနွင်းက နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါယ်။ နနွင်းမှာ curcumin လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် ခန္ဓကိုယ်က နာကျင်ရောင်ရမ်းမှုတွေကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။

(၄) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့အတွက် ဆဲလ်တွေကို free radicals တွေကြောင့်ပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးပြီး ခန္ဓါကိုယ်မှာ နာတာရှည်ရောင်ရမ်းမှုမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးပါသေးတယ်။ ဒါကြောင့် ပန်းဂေါ်ဖီစိမ်းကလည်း ခန္ဓါကိုယ်မှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

(၅) ချင်း (ဂျင်း)

ချင်း (ဂျင်း) ကလည်း နာကျင်ရောင်ရမ်းမှုကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ ရေနွေးစိမ်သောက်လို့ရသလို ချင်း (ဂျင်း) သုပ်စားတာမျိုးလည်းရပါတယ်။ လေးဖက်နာအဆစ်ရောင်ရောဂါရှိသူတွေနဲ့လည်း အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။ ချင်း (ဂျင်း) ကကြွက်သားတွေနာကျင်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ခန္ဓါကိုယ်မှာ နာကျင်ကိုက်ခဲမှုတွေ ကင်းချင်ရင်တော့ တစ်နေ့ကို ချင်း (ဂျင်း) ၂ ဂရမ် စားပေးပါ။ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးသလို နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဗိုက်အောင့်ဗိုက်နာဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။

အပန်းလည်း မကြီးဘဲ နေ့တိုင်းစားနေတဲ့ အစားအစာလေးတွေကို စားပေးရုံနဲ့ နာကျင်ရောင်ရမ်းမှု သက်သာစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေမယ်ဆိုတော့ ဘယ်လိုလဲ Helloဆရာဝန်ပရိသတ်ကြီးရေ……စားမယ်ဟုတ်………..

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါရှိနေပြီဆိုရင် သင်နေ့စဉ် မှီဝဲစားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးလာမှာပါ။ ဥပမာပြောရရင် ဆီကြော်အစားအစာ တွေ စားတာက မသင့်လျော်တာမျိုးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Omega-3 ချို့တဲ့ မှုရဲ့ သိသာထင်ရှားတဲ့ လက္ခဏာများ

Omega-3 fatty acids က လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ဒီလောက်အရေးကြီးတဲ့ Omega-3 ချို့တဲ့ ပြီဆိုရင် ဘာတွေဖြစ်လာတတ်သလဲ သိကြပါသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားဆိုတာ ဟိုဟာမတည့် ဒီဟာမတည့်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတန်ခက်ခဲတယ်။ ဒီလို သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read