သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ။။

    အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ။။

    အရိုးကျိုးသွားတယ်ဆိုတဲ့ ပြဿနာဟာ ပြင်းထန်ပြီး အင်မတန်မှ စိတ်ရှုပ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါ။ သွားလာ လှုပ်ရှားလို့လည်းမရ ၊ နာကလည်းနာ၊ ကျောက်ပတ်တီးကြီးနဲ့တစ်ချိန်လုံး အံသေနေရတဲ့ အဖြစ်ကိုဘယ်သူမှ မလိုချင်ပါဘူး။ ဒါပေမယ့်လည်း အခန့်မသ့င့် တစ်ခုခု ထိခိုက်မိလို့ အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်တတ်နိုင်ပါ့မလဲ။ ကျောက်ပတ်တီးလေးစည်းပြီး ပြန်ဆက်မယ့်အချိန်ကိုပဲ စောင့်နေရတော့တာပေါ့ ။ အဲဒီအခါကျရင် ကျိုးသွားတဲ့ အရိုးတစ်ခုက ဘယ်လိုဘယ်ပုံပြန်ဆက်မှာလဲ ဘယ်လောက်ကြာမှာလဲဆိုတာ သိချင်လာကြပြီမလား ။ ။

    ပြန်ဆက်မယ့်အကြောင်း မပြောခင် အရိုးကျိုးပုံကျိုးနည်းအကြောင်း အရင်ပြောပြပေးချင်ပါတယ်။

    အရိုးကျိုးသွားပြီဟေ့ဆို

    • အရေပြားကို အရိုးဖောက်ထွက်လာပြီးကျိုးတာလား အထဲမှာပဲကျိုးတာလား
    • လုံးဝ ထက်ပိုင်းကျိုးသွားတာလား၊ ဆက်နေသေးလား
    • နေရာလွဲသွားတာလား အက်သွားတာလားဆိုပြီး အရင်စဉ်းစားရပါတယ်။

    ဒါတွေပေါ်မူတည်ပြီး ခွဲစိတ်ရမလား ၊ ဒီတိုင်း ပတ်တီးနဲ့ ပျောက်မှာလား၊ စတီးချောင်းထည့်ရမှာလား သိနိုင်မှာ ဖြစ်ပြီး ပြင်းထန်မှုအလိုက် အရိုးပြန်ဆက်တဲ့အချိန်လည်း ကြာသွားတတ်နိုင်ပါတယ်။နောက်ပြီး လူနာရဲ့ အသက်၊ စားသောက်နေထိုင်မှု ပုံစံတွေပေါ်မူတည်ပြီးလည်း အရိုးပြန်ဆက်တာ ကွာခြားသွားနိုင်ပါတယ် ။ ။

    အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ ။ ။

    အဆင့် ( ၁ )

    အရိုးတစ်ခုကျိုးပြီးသွားရင် နာရီပိုင်းလေးအတွင်းမှာတင် အရိုးဆက်ြခင်းလုပ်ငန်းစတင်ပါတယ်။ ကျိုးသွားတဲ့နေရာပတ်လည်မှာဖူးရောင်လာပြီး ကျိုးသွားတဲ့ အရိုးအပိုင်းစတွေရှင်းဖို့နဲ့ ပိုးတွေသတ်ဖို့ ခုခံအားက ဆဲလ်တစ်ချို့ လွှတ်ပါလိမ်မ့ယ်။ နောက်ပြီး ကျိုးသွားတဲ့နေရာမှာ သွေးလည်ပတ်မှုကောင်းနေမှာဖြစ်လို့ အဲဒီနေရာက ပူနေပါလိမ့်မယ်။ ဒီ အဆင့်က ၁ ပတ်က နေ ၂ ပတ်လောက်အထိကြာတတ်ပါတယ်။

    အဆင့် ( ၂ )

    အရိုးကျိုးပြီး ၄ရက်ကနေ ၂၁ ရက် လောက်ကြာတဲ့အခါ အရိုးပတ်လည်မှာ soft callus လို့ခေါ်တဲ့ ကျီးပေါင်း လေးတွေ တက်နေတာကို တွေ့ရတတ်ပါတယ်။ အရိုးလောက်မမာပေမယ့် သွေးခဲ တွေလောက်လည်း မပျော့တဲ့ ကျီးပေါင်းအစိုင်အခဲလေးပါ။ အရိုးကျိုးသွားတဲ့ ပြဿနာတိုင်း Callus ပေါ်ကိုပေါ်လာပါတယ်။ သူရဲ့တာဝန်က ကျိုးသွားတဲ့ အရိုးလေး ပုံစံတစ်ကျပြန်ဖြစ်စေဖို့ အပြင်ကနေထိန်းထားပေးရတဲ့ တာဝန်ပါ။ တကယ်လို့ အဲဒီအချိန်ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေလုပ်မိလိုက်ရင် callus လေးကွဲသွားပြီး အရိုးပြန်ဆက်တာ အစက ပြန်စနေရပါလိမ့်မယ်။

    အဆင့် ( ၃ )

    အရိုးတစ်ခုကျိုးပြီးသွားရင် ၂ ပတ်လောက်အကြာမှာ osteoblasts လို့ခေါ်တဲ့ အရိုးအသစ်ဖြစ်မေယ့် ဆဲလ်လေးတွေ စပြီး အလုပ်လုပ်ရပါပြီ။ ဒီအဆင့်ရောက်ရင်တော့ အပေါ်မှာ ပြောထားတဲ့ soft callus ကျီးပေါင်းအပျော့လေးက အရိုးလောက်နီးနီးမာသွားပြီး hard callus ကို ပြောင်းသွားပါလိမ့်မယ်။ ဒီ အဆင့်က အရိုးကျိုးပြီး ၆ပတ်ကနေ ၁၂ ပတ် လောက်အတွင်းမှာ ပြီးသွားမှာ ဖြစ်ပါတယ်။

    အဆင့် ( ၄)

    ဒီအဆင့်ကတော့ အရိုးပြန်ဆက်ြခင်းရဲ့ နောက်ဆုံးအဆင့် bone remodeling ( ပုံစံပြန်ချခြင်း) အဆင့်ပါ။ ဒီအဆင့်မှာ တာဝန်ရှိသူတွေကတော့ osteoclasts လို့ခေါ်တဲ့ အရိုးဆဲလ်လေးတွေ ဖြစ်ပြီး အရိုးပြန်ဆက်တုန်းက မညီမညာဖုထစ်နေတဲ့ အရိုးမျက်နှာပြင်တွေကို သူက ပြန်ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ ကြာချိန်ကတော့ အရိုးကျိုးပြီး ၁ နှစ် အတွင်းဖြစ်နိုင်သလို တစ်ချို့ဆို ၉ နှစ်လောက်အထိ ပုံမှန်အရိုးအတိုင်းပြန်ဖြစ်ဖို့ စောင့်ရတတ်ပါတယ်။

    ဘယ်လိုအချိန် ဆို ဆရာဝန်ဆီပြန်သွားဖို့လိုအပ်မလဲ ။ ။

    • ကျိုးသွားတဲ့ အရိုးပတ်လည်က အရေပြားတွေ ပြာနှမ်းလာတာ
    • လက်ချောင်းလေးတွေ ခြေချောင်းလေးတွေ လှုပ်ရှားလို့မရတာ
    • နာကျင်တဲ့ ဝေဒနာ ပိုပိုဆိုးလာတာ
    • ကျောက်ပတ်တီးကွဲသွားတာ၊ ပတ်တီးအရမ်းတင်းနေတာ
    • ပိုးဝင်သလိုဖြစ်သွားပြီး အနာကနေ အရည်တွေထွက်နေတာ၊ ပြည်တည်နေတာနဲ့
    • ခြေလက်တွေ ထုံကျင်သလိုမျိုါ် အပ်နဲ့ထိုးသလို စူးစူးကလေးဖြစ်နေတာမျိုးတွေ ရှိခဲ့ရင် ဆရာဝန်ဆီ ပြန်သွားပြဖို့ အသေအချာကြီးကို လိုအပ်ပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 26/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: