စိတ်မကောင်းစရာတစ်ခုက တစ်ခါ သွားပိုးစားဖူးလို့ရှိရင် အဲဒီ ဘက်တီးရီးယားတွေက သင့်ဆီမှာ တစ်သက်လုံးရှိနေတတ်ပါတယ်။ ဒါကြောင့် ငယ်ငယ်လေးထဲက သွားပိုးမစားခဲ့အောင် ခံတွင်းကျန်းမာရေးကို သေချာ ဂရုစိုက်ဖို့လိုအပ်ပါတယ်။
ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးတွေကသာ သွားပိုးစားခြင်းကို အထိရောက်ဆုံး ကာကွယ်ကုသနိုင်တဲ့ အဖြေပါ ။ ။
ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးတွေက သင့်ပိုးစားနေတဲ့ သွားတွေကိ ုသက်သာစေတာမှန်စေပေမယ့် သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်ကတော့ သူတစ်ခုတည်းကသာ အဖြေမဟုတ်ပါဘူး။
သွားရဲ့ ကြွေလွှာတွေ အားနည်းတာကြောင့် သွားပိုးစားရတာဖြစ်တယ် ။ ။
သွားပိုးစားတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားကနေ ထုတ်လိုက်တဲ့ အက်ဆစ်တွေကြောင့် သွားရဲ့ ကြွေလွှာတွေပျက်စီးပြီး သွားပိုးစားရတာ ဖြစ်ပါတယ်။ သင့်သွားရဲ့ ကြွေလွှာအားနည်းတာကြောင့် သွားပိုးစားရတယ်ဆိုတာ မမှန်ပါဘူး။ သွားပိုးစားဖို့အတွက် ဘက်တီးရီးယားရဲ့ အက်ဆစ်တွေထွက်နေဖို့ လိုပါတယ်။
သွားပိုးစားတဲ့နေရာကို ဖာလိုက်ရင် သွားပိုးစားတာကို ကာကွယ်ပြီးသား ဖြစ်သွားမယ် ။ ။
သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်က ဆေးပိုင်းဆိုင်ရာ အကူအညီတွေလိုပါတယ်။ သွားပိုးစားတာကြောင့် ဖြစ်နေတဲ့ အပေါက်ကို ဖာတာဟာ တစ်ခုတည်းနဲ့တော့ သွားပိုးစားတာကို ကုသလို့ မပျောက်ပါဘူး။ သွားပိုးစားတဲ့အပေါက်ကို ဖာရမယ့် အပြင် သွားကို အစွပ်စွပ်ပေးဖို့လည်းလိုပါသေးတယ် ။ ။
ရေးသားသူ- Dr Thin [email protected] Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။