backup og meta

သွားဘက်ဆိုင်ရာကုသမှုတွင် ထုံဆေး အသုံးပြုခြင်း


Dr. Su Sandy မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားဘက်ဆိုင်ရာကုသမှုတွင် ထုံဆေး အသုံးပြုခြင်း

    သွားဘက်ဆိုင်ရာ ကုသမှုများတွင် လူနာကို အနာသက်သာစေရန် ဆေးများစွာ အသုံးပြုကြသည်။ သင့်ကျန်းမာရေ အခြေအနေ၊ လုပ်ဆောင်ချက်၊ ကျန်းမာရေးရာဇဝင် တို့ပေါ်တွင် မူတည်ပြီး သင့် သွားဆရာဝန်မှ ထောက်ခံချက်ပေးသော မေ့ဆေး၊ ထုံဆေးကို အသုံးပြုရမည် ဖြစ်ပါသည်။ သွားကုသမှုများတွင် အသုံးများသည် မှာ ထုံဆေးဖြစ်ပါသည်။

    စာကိုယ်

    ထုံဆေးသည် ခေတ်သစ်သွားဆေးပညာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ သွားဆရာဝန်များမှ နှစ်ရာပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ သင့်သွားနှင့် တစ်ဝိုက်တွင် နာကျင်မှုကိုသက်သာစေရန် ဆေးဝါးများကို အသုံးပြုကြသည်။

    သွားဆေးပညာတွင် အသုံးပြုသော ထုံဆေးအမျိုးအစားများ

    သိပ္ပံပညာရှင်များသည် သွားဆေးကုသမှုတွင် ထုံဆေးပေးရန် နည်းလမ်းများကို စမ်းသပ်ထုတ်ဖော်ခဲ့ကြသည်။ ဆေးများတွင် ထိုးဆေးနှင့် ထုံလိုသည့် နေရာတွင် လိမ်းဆေး ဟူ၍ နှစ်မျိုးရှိသည်။

    ထုံဆေး လိမ်းဆေး

    ဤအမျိုးအစားကို ဆေးထိုးသည့်အခါ နာကျင်မှုကို သက်သာစေရန်နှင့် ရောဂါပိုးဝင်ခြင်းကို သက်သာစေရန် အသုံးပြုကြသည်။ ဆေးကို သင့်ပါးစပ်ထဲတွင် နေရာအနည်းငယ် ထုံသွားစေရန် အသုံးပြုသည်။ ၎င်းသည် တစ်ရှူး၏ အပေါ်ပိုင်းကိုသာ ထုံစေပြီး သွားနှင့် အရိုးထဲသို့ မရောက်နိုင်ပေ။

    သွားဆရာဝန်မှ များသောအားဖြင့် ထုံဆေးသုတ်ထားသော ဂွမ်းစကို ကုသမည့် သွားနေရာတွင် ထည့်ထားခြင်းဖြင့် တစ်မိနစ်ခန့်အကြာတွင် အာနိသင် စ ရသည်။ ထုံဆေး စပရေးဖြန်းခြင်းကဲ့သို့သော အခြားသော နည်းလမ်းများကိုလည်း အသုံးပြုနိုင်သည်။

    ထုံဆေး ထိုးခြင်း

    လိမ်းဆေးနှင့် မတူပဲ ထိုးဆေးသည် သင့်ပါးစပ်ထဲရှိ တစ်နေရာရာကို ဆေးထိုးခြင်းဖြစ်သည်။ သွားနှင့် အရိုးကိုပါ ထိရောက်မှုရှိသည်။ ထုံဆေးထိုးသည့် အချိန်တွင် နာကျင်နိုင်သည်။ သွားဆရာဝန်များသည် သွားနှုတ်သည့်အခါ၊ သွားဖာသည့် အခါမျိုးတွင် ထုံဆေးကိုအသုံးပြုကြသည်။

    တစ်ခါတရံ ထုံဆေး ဘာကြောင့် အလုပ်မလုပ်တာလဲ

    တစ်ခါတရံတွင် ထုံဆေးသည် အောက်ပါအကြောင်းများကြောင့် အလုပ်မဖြစ်သည်မျိုးဖြစ်နိုင်သည်။

    • သွားဆရာဝန်မှ နေရာမှန်ကို မထိုးမိခြင်း

    • ဆေးပမာဏ များလွန်း၊ နည်းလွန်းခြင်း

    • သွားဆရာဝန်မှ ပိုးဝင်နေသော နေရာသို့ ထိုးမိခြင်း

    • ဆေးအာနိသင်လာသည် အထိ မစောင့်ဆိုင်းခြင်း

    • ဆေးသည် အာနိသင်ကုန်နေခြင်း

    နောက်ဆက်တွဲ ပြသနာများ

    ထုံဆေးသည် အောက်ပါ အချို့သော ပြသနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

    • ထုံဆေးထိုးသော အပ်မှတဆင့် ရောဂါပိုးများ ပျံ့နှံ့နိုင်ပါသည်။ သွေးလည်း ထွက်နိုင်ပါသည်။

    • မျက်နှာရှိ အာရုံကြောများကို ထိမိသဖြင့် မျက်နှာတွင် ထုံနေခြင်းကို ခဏကြာ ခံစားရနိုင်ပါသည်။ ထိုဖြစ်စဉ်သည် ၁-၂ နာရီ ကြာနိုင်ပါသည်။

    ထည့်သွင်းစဉ်းစားရန်များ

    သင့်ကျန်းမာရေးအခြေအနေ၊ ကိုယ်ဝန်ဆောင် အခြေအနေနှင့် ဆေးကုသမှုများကို သင့်သွားဆရာဝန်ကို သေချာစွာ ပြောပြထားပါ။ သို့မှသာ သင့်အတွက် အသင့်တော်ဆုံး ထုံဆေးကို ဆရာဝန်မှဆုံးဖြတ်နိုင်မည်ဖြစ်ပြီး သင့်အတွက် သွားကုသမှုသည် စိတ်ချဘေးကင်းအောင်မြင်မည်ဖြစ်သည်။

    ထုံဆေးပေးခြင်းသည် အသုံးဝင်လှသဖြင့် သွားကုသမှုတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေသည်။ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိသော်လည်း အသုံးပြုရန် မကြောက်သင့်ပါ။ မကုသဘဲထားလိုက်လျှင် ဖြစ်လာနိုင်မည့် သွားဘက်ဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများသည် ထုံဆေးပေးခြင်းထက် ပို၍ဆိုးရွားတတ်သည် ကို သတိပြုပါ။

    Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement