ဘာကြောင့် သွားကျဉ် ရတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ရေခဲလေး  ကိုက်မိတာဖြစ်ဖြစ်၊ ဟင်းရည်ပူပူလေး သောက်မိတာ ဖြစ်ဖြစ် သွားထဲမှာ ကျဉ်ခနဲ ခံစားသွားရပါသလား။ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလို ပူလွန်း အေးလွန်းတာတွေကို စားလိုက်တိုင်း နာနေပြီဆိုရင် သွားမှာ အပေါက်ရှိနေတာ ဖြစ်နိုင်သလို၊ သွားကျဉ် တာလည်း ဖြစ်နိုင်ပါတယ်။ သွားကျဉ်တာက ခဏပဲ ခံစားရတာဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ တစ်ချောင်းတစ်လေပဲ ဖြစ်နိုင်သလို သွားတော်တော်များများ ကျဉ်တာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေ အများကြီးပြီး တော်တော်များများကတော့ ခံတွင်းသန့်ရှင်းရေးကို သေချာ လုပ်ရုံနဲ့ သက်သာသွားတတ်ပါတယ်။

သွားကျဉ် ခြင်းရဲ့ လက္ခဏာများ

သွားကျဉ်တဲ့ သူတွေက သူတို့နဲ့ မတည့်တာ တစ်ခုခု စားလိုက်တာနဲ့  သွားနာတာ၊ ကျဉ်တာ ဖြစ်လာပါတယ်။ သွားရဲ့ အခြေကနေကို ကျဉ်လာတာပါ။ ပိုဆိုးစေတဲ့ အချက်တွေကတော့

  • ပူတဲ့ အစားအစာတွေ၊ အရည်တွေ
  • အေးတဲ့ အစားအစာတွေ၊ အရည်တွေ
  • လေအေးခံတာ
  • ချိုတဲ့ အစားအစာတွေ၊ အရည်တွေ
  • ချဉ်တဲ့ အက်စစ်ဓာတ်များတဲ့ အစားအစာတွေ၊ အရည်တွေ
  • သွားတိုက်လို့၊ အာလုပ်ကျင်းလို့ ရေနဲ့ ထိမိတာတွေ
  • သွားတိုက်တာ၊ သွားပွတ်ကြိုးသုံးတာ
  • alcohol ပါတဲ့ အာလုပ်ကျင်းဆေးရည်တွေ သုံးတာ

ဒီလက္ခဏာတွေက တစ်ခါတစ်လေ ဘာအကြောင်းမှ မရှိဘဲ ဖြစ်လိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ပြင်းပြင်းထန်ထန် ကျဉ်တတ်သလို တစ်ခါတစ်လေလည်း သိပ်မဆိုးပါဘူး။

ဘာကြောင့် သွားကျဉ် ရတာလဲ။

တချို့တွေက ကြွေလွှာတွေ ပါးတာကြောင့် သူများတွေထက် သွားပိုကျဉ်တတ်ပါတယ်။ ဘာကြောင့်ပါးတာလဲ ဆိုတော့

-သွားကို အကြမ်းပတမ်းတိုက်တာ

-သွားပွတ်တံ အမာနဲ့ တိုက်တာ

-ညအိပ်ရင် သွားကြိတ်တဲ့ အကျင့်ရှိတာ

-အက်စစ်ဓာတ်များတဲ့ အစားအစာတွေ၊ အရည်တွေကို မကြာခဏသောက်တာ

  •  အခြားရောဂါများ

GERD လို့ ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ ရောဂါမှာဆိုရင် အစာအိမ်ထဲက အက်စစ်တွေ အပေါ်ကို ဆန်တက်လာတဲ့ အတွက် သွားနဲ့ အက်စစ်နဲ့ ထိတွေ့ပြီး ပျက်စီးလာပါတယ်။ နောက်ပြီး မကြာခဏ အန်တတ်တဲ့ အူလမ်းကြောင်းရောဂါ gastroparesis နဲ့ အစားအသောက်မူမှန်ရောဂါ bulimia မှာလည်း အက်စစ်ဓာတ်တွေ ပြန်ပြန်ထွက်တဲ့အတွက် ကြွေလွှာတွေပါးပြီး သွားကျဉ်တတ်ပါတယ်။

ရေစီးကမ်းပြိုတဲ့အခါ သွားအမြစ်တွေ ပေါ်လာတာကြောင့် အလွယ်တကူ သွားကျဉ်တတ်ပါတယ်။

  • သွားရောဂါများ

သွားပိုးစားတာ၊ သွားကျိုးတာ၊ သွားပဲ့တာ စတာတွေမျာလည်း သွားအမြစ်တွေ ပေါ်လာတဲ့အတွက် သွားကျဉ်တတ်ပါတယ်။

  • သွားရောဂါ ကုထုံးများ

သွားပေါက်ဖာတာ၊ သွားချေးခြစ်တာ၊ အရောင်ချွတ်တာ စတာတွေ လုပ်နေတဲ့ အချိန်မှာ ခဏ တစ်ဖြုတ် သွားကျဉ်တတ်ပါတယ်။ လုပ်တဲ့ သွားပဲ ကျဉ်နိုင်သလို၊ ဘေးက သွားတွေပါ လိုက်ကျဉ်နိုင်ပါတယ်။ ရက်အနည်းငယ်ကြာရင်တော့ အလိုလို သက်သာသွားပါတယ်။

သွားကျဉ်တာကို ဘယ်လို စစ်ဆေးမလဲ။

သွားကျဉ်တာကို ခံစားနေရပြီဆိုရင် သွားဆရာဝန်နဲ့ အရင်ဆုံးပြသင့်ပါတယ်။ ဒါမှ သွားကို စစ်ဆေးပြီး အပေါက်ရှိလား၊ သွားနဲ့နေတာလား၊ ရေစီးကမ်းပြိုနေတာလားဆိုတာ သိနိုင်မှာပါ။ လိုအပ်ရင် ဓာတ်မှန်လည်း ရိုက်ရပါမယ်။

သွားကျဉ်တာကို ဘယ်လိုကုကြမလဲ။

  • သွားကျဉ်တာက သိပ်မပြင်းထန်ဘူးဆိုရင် အပြင်မှာ အလွယ်ဝယ်လို့ရတဲ့ ဆေးတွေနဲ့တင် အဆင်ပြေပါတယ်။ (ဥပမာ အကိုက်အခဲပျောက်ဆေး)
  • သွားကျဉ်တာအတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးကို သုံးနိုင်ပါတယ်။ ဒီသွားတိုက်ဆေးတွေမှာ သွားကျဉ်တာကို သက်သာစေတဲ့ ပစ္စည်းတွေ ပါဝင်ပြီး သွားအမြစ်မှာ ကျဉ်တာမခံစားရအောင် လုပ်ပေးပါတယ်။
  • အာလုပ်ကျင်းဆေးရည် သုံးမယ်ဆိုရင်လည်း alcohol မပါတာကို ရွေးဝယ်ပါ။ alcoholက သွားကို ကျဉ်စေပါတယ်။
  • သွားကျဉ်တဲ့ သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ သွားပွတ်တံ အပျော့စားကို ရွေးဝယ်ပါ။ သွားကို ညင်ညင်သာသာတိုက်ပါ။

တော်တော်များများကတော့ ဒီနည်းလမ်းတွေနဲ့ သက်သာသွားကြပါတယ်။ ဒါနဲ့မှ မသက်သာရင် သွားဆရာန်နဲ့ ပြသပြီး ကုသမှု ခံယူပါ။ နောက်ပြီး ကြွေလွှာတွေ ပျက်စီးစေတဲ့ ရောဂါကိုလည်း ကုသရမှာပါ။ ဥပမာပြောရရင်

  •  GERD အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ဆရာဝန်နဲ့ ပြသပါ။
  • အစာစားလွန်းသောရောဂါ bulimiaအတွက် စိတ်ရောဂါ ဆရာဝန်နဲ့ ပြသပါ။
  • သွားပေါက်ရှိတာ၊ ရေစီးကမ်းပြိုတာ၊ သွားပိုးစားတာတွေအတွက် သွားဆရာဝန်နဲ့ ပြသပါ။
  • သွားမကြိတ်အောင် အိပ်ရာမဝင်ခင် ကဖင်းရှောင်ပါ။ စိတ်ဖိစီးမှု လျှော့ချပါ။ လိုအပ်ရင်  mouthguard တပ်အိပ်ပါ။

သွားကျဉ်တာ ဘယ်လောက်ဆိုးလဲ ဆိုတာ ကျဉ်ဖူးတဲ့ သူတွေ ကောင်းကောင်း သိပါတယ်။ တစ်ခါကျဉ်လိုက်ရင် အသက်ရှူဖို့ မေ့မေ့သွားပါတယ်။ သွားကျဉ်တာက နောက်ကွယ်မှာ တခြားရောဂါတွေ ရှိနေနိုင်တဲ့ အတွက် ဒါတွေကို ကုဖို့ မမေ့သင့်ပါဘူး။ မကုဘဲ ထားရင် ပိုဆိုးဖို့ပဲ ရှိတာပါ။ ဒါကြောင့် ဒီထက်ပိုပြီး မပျက်စီးရင် ကုသကြပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက် သောက်စရာများ

ဘေဘီလေး ကြီးထွားဖွံ့ဖြိုးမှု မေမေဖေဖေ အစားအစာတွေ မိခင်နို့ အာဟာရ ရေကျက်အေး အချိုရည် ဆိတ်နို့ နွားနို့ အဝလွန် ပဲနို့ ရေသန့်သန့် အဆီထုတ်မထားတဲ့ နို့ သွား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သွားထပ် လေးတွေက သင့်ရဲ့ ထူးခြားမှုတစ်ခုပါ။

သွားထပ် သွားမညီ သွားခေါ ငယ်သွားလဲ လက်မစုပ် ချိုလိမ်စို့ သွားကိုလျှာနဲ့ထိုး သွားဖုံးရောဂါ သွားပိုးပေါက် သွားကြိတ် မေးရိုးနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးများ သွားကြိတ် ရင်

သွားကြိတ် ကလေးများသွားကြိတ် အိပ်နေစဉ်သွားကြိတ် bruxism စိတ်ဖိစီးမှုကြောင့်သွားကြိတ် သွားမညီ သွားယား သွားပေါက်ခါနီး သွားကြွေလွှာတွေပျက်စီး သွားကြိတ်တာရပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။

ဘေဘီလေး မေမေ့နို့ အစာစစား ပန်းဂေါ်ဖီစိမ်း အစာမာ ရေ မေမေဖေဖေ ချောကလက် ကဖင်းဓာတ် သွေးပေါင်ချိန် နှလုံးခုန်နှုန်း အာရုံကြောစနစ် label

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
တံတွေးဂလင်းပိုးဝင်ခြင်း

တံတွေးဂလင်းပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
အစာရေမျိုပြွန် မှာ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ

အစာရေမျိုပြွန် မှာ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 4, 2020 . 2 mins read
ဘာစားစား နင်နေပြီလား

ဘာစားစား နင်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 14, 2020 . 3 mins read