ပါးစပ်ထဲပေါက်တဲ့ အနာအဖြူလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်ထဲပေါက်တဲ့ အနာအဖြူလေးများ

    ပါးစပ်ထဲမှာ အဖြူရောင်ရှိတဲ့အနာလေးတွေ ပေါက်ဖူးပါသလား။ သိပ်အရမ်းကြီးမဆိုးပေမယ့် အစားစားရတာ၊ ရေသောက်ရတာ၊ လည်ချောင်းမျိုရတာကအစနာကျင်နေတတ်တယ်။ စပ်လည်းစပ်တယ်လေ။ အဲဒီအနာလေးတွေကို Aphthous ulcer လို့ ခေါ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီအနာလေးတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာလေးတွေကို ပြောပြပေးသွားမှာပါ။

    Aphthous ulcer ကို တချို့ကတော့ Stress ulcer လို့လည်းခေါ်တတ်ကြပါတယ်။ အများအားဖြင့် အဲဒီအနာလေးတွေက စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ပိုပြီးသိသိသာသာလေးကိုဖြစ်နေတတ်လို့ Stress ulcer လို့လည်းခေါ်တတ်ပါတယ်။ အဲဒီအနာလေးတွေကို ဖြစ်လေ့ဖြစ်ထရှိဖူးတဲ့သူမှသာ ဘယ်လောက်တောင်နာရလဲ၊ ကသိကအောက်ဖြစ်ရလဲဆိုတာကို ခံစားတတ်မှာပါ။

    ဘယ်သူတွေမှာဖြစ်တတ်လဲ။ ဘယ်နေရာတွေမှာဖြစ်တတ်လဲ။

    ဒီအနာတွေ ဖြစ်တတ်တဲ့သူမှာဆိုရင် ခဏခဏကိုဖြစ်ပါတယ်။ ပါးစပ်ကလွဲပြီး တခြားနေရာတွေမှာမဖြစ်ပါဘူး။ ပါးစပ်ထဲမှာတော့ နေရာစုံအောင်ကိုဖြစ်ပါတယ်။ နှုတ်ခမ်းအတွင်းပိုင်းတွေ၊ ပါးစောင်တွေ၊ အာခေါင်တွေ၊ လျှာအောက်တွေ အားလုံးမှာဖြစ်နိုင်ပါတယ်။ အများဆုံးအဖြစ်များတာကတော့ ပါးစောင်နဲ့ နှုတ်ခမ်းအတွင်းပိုင်းတွေမှာပါ။ ၇ရက်ကနေ ၁၀ရက်လောက်ကြာရင်ပျောက်သွားပါတယ်။ အမာရွတ် မကျန်တတ်ပါဘူး။

    ကလေးအရွယ် ဒါမှမဟုတ် လူပျိုဖော်ဝင်စအရွယ်မှာကတည်းက စဖြစ်တတ်ပါတယ်။ အဝိုင်း ဒါမှမဟုတ် ဘဲဥပုံစံလေးတွေဖြစ်တတ်ပါတယ်။ အရမ်းနာပါတယ်။ အစာစားရင် အခက်အခဲဖြစ်ပါတယ်။ အနာကသိသိသာသာကို ပတ်ဝန်းကျင်အသားနဲ့ကွဲပြားနေပါတယ်။ အနာရဲ့ပတ်ပတ်လည်လေးတွေက နီနေတတ်ပြီး အနာကတော့ အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင်ဖြစ်ပါတယ်။ မျိုးရိုးနဲ့သက်ဆိုင်ပြီး အသက်၃၀ကျော်ရင်တော့ လုံးဝပျောက်သွားတတ်တယ်လို့ ဆိုပါတယ်။ တစ်ခုသတိထားရမှာက ပါးစပ်မှာဖြစ်တဲ့အနာတိုင်း Aphthous ulcer (AU) မဟုတ်ပါဘူး။ အထက်မှာဖော်ပြထားသလို ပုံစံမျိုးတွေရှိမှသာ AU ဖြစ်နိုင်တာပါ။

    ဘာကြောင့်ဖြစ်တာလဲ။

    ဒီအနာတွေ ဘာကြောင့်ဖြစ်တာလည်းဆိုတာကို အခုချိန်ထိတိုင်အောင်ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ဖြစ်နိုင်တဲ့အခြေအနေတွေက တစ်ခုတည်းကြောင့်မဟုတ်ဘဲ အများကြီးကြောင့်ဖြစ်နေနိုင်ပါတယ်။ လေ့လာချက်တွေအရ ဒီအနာလေးတွေက ကူးစက်တတ်တာမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။ မျိုးရိုးကြောင့် ဖြစ်နိုင်ပါတယ် (ကျွန်တော့်တူမလေးမှာလည်း ဖြစ်တတ်တယ်)။ အောက်ပါအချက်တွေကြောင့် AU တွေပိုဖြစ်နိုင်ပါတယ်။

    • သံဓာတ်၊ ဖောလစ်အက်စစ် (Folic acid)၊ ဗိုက်တာမင်ဘီ ချို့တဲ့ခြင်း
    • အစာအိမ်ရောဂါတစ်မျိုးမျိုးရှိနေတဲ့သူတွေ
    • ထူးထူးခြားခြားပဲ ဆေးလိပ်သောက်တဲ့သူတွေ ဆေးလိပ်ဖြတ်လိုက်ရင် ဒီအနာတွေဖြစ်တတ်တယ်လို့ဆိုပါတယ်။
    • စိတ်ဖိစီးမှုများခြင်း (စာမေးပွဲဖြေခါနီး၊ အလုပ်လူတွေ့မေးခါနီးစတဲ့အချိန်တွေမှာပိုဖြစ်ပါတယ်။)
    • ထိခိုက်မိခြင်း (နှုတ်ခမ်းအတွင်းသားလေးတွေကို ကိုက်မိလို့ရှိရင် အဲဒီနေရာကနေဖြစ်ပါတယ်။
    • တချို့မိန်းကလေးတွေမှာတော့ ရာသီနဲ့သက်ဆိုင်နေတတ်ပါတယ်။ ရာသီလာခါနီးအချိန်တွေမှာ ဖြစ်တတ်ပါတယ်။
    • အစားအသောက်နဲ့ မတည့်တဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။
    • ကိုယ်ခံအားမကောင်းတဲ့သူတွေမှာလည်း ဒီအနာလေးတွေနဲ့တူတဲ့ အနာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီအနာတွေက AU မဟုတ်ပါဘူး။

    အရမ်းအဖြစ်များပါတယ်။ လူ၁၀၀မှာ ၅၀လောက်ကိုဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ အသက်၅နှစ်မတိုင်ခင်ကတည်းက စဖြစ်တတ်ပါတယ်။ အသက်ကြီးလာလေ ဖြစ်တဲ့အကြိမ်ရေပိုများလာလေဖြစ်တတ်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဒီအနာလေးတွေက နာကျင်တာ၊ အစာစားရခက်တာမျိုးကလွဲရင် တခြားဆိုးကျိုးမပေးတတ်ပါဘူး။ မိန်းကလေးတွေမှာပိုပြီးဖြစ်တတ်ပါတယ်။

    ဘယ်လိုကုသမလဲ။

    လုံးဝပြန်မဖြစ်တော့အောင်တော့ ကုသလို့မရပါဘူး။ အဲဒီတော့ဒီအနာတွေဖြစ်လာရင် အကောင်းဆုံးလုပ်နိုင်တာကတော့ အနာသက်သာအောင်ရယ်၊ အနာဖြစ်နေတဲ့အချိန်ကိုတိုသွားအောင်ရယ်ပဲလုပ်နိုင်ပါတယ်။ အဲဒါတွေကတော့

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement