ခံတွင်းကျန်မးာရေးအားနည်းတာက ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။ရောဂါပိုးတစ်ခုခု ကူးစက်ခံရတာကြောင့် သွားဖုံးရောင်ရမ်းတဲ့အခါ ထွက်လာတဲ့ ဓါတ်ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပြီး မှတ်ဉာဏ်ဆုံးရှုံးမှုကိုဖြစ်စေနိုင်ပါတယ်။
အသက်ရှုလမ်းကြောင်း ပိုးဝင်ကူးစက်ခြင်း
အသက်ရှုလမ်းကြောင်းပိုးဝင်ကူးစက်မှုက ခံတွင်းသန့်ရှင်းရေးအားနည်းတာကြောင့်ပါ။ ခံတွင်းထဲက ဘက်တီးရီးယားတွေက သွားတွေမှာ ကူးစက်တာ၊ သွားဖုံးတွေရောင်စေတာအပြင် အဆုတ်တွေထဲထိရောက်ရှိပြီးနောက်ဆုံးသွေးကြောတွေထဲအထိရောက်ရှိသွားနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေက အဆုတ်ရောင်၊ပြင်းထန်လေပြွန်ရောင်ရမ်းမှုဝေဒနာနဲ့ အသက်ရှုလမ်းကြောင်း ပိုးဝင်ကူးစက်မှုတွေကို ခံစားရနိုင်ပါတယ်။
ဆီးချိုရောဂါ
ခံတွင်းသန့်ရှင်းမှုအားနည်းတာက သွားဖုံးတွေမှာ ပိုးဝင်ကူးစက်မှုတွေဖြစ်ပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီအခြေအနေကရေရှည်ဖြစ်လာတဲ့အခါ ဆီးချိုရောဂါအခြေအနေက ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့်သွေးတွင်းသကြားဓါတ်ကိုထိန်းညှိစေနိုင်ဖို့အတွက် ခံတွင်းကျန်းမာရေးကို ဂရုစိုက်တာက အကောင်းဆုံးသောနည်းလမ်းတစ်ခုပါ။
လမစေ့ဘဲကလေးမွေးဖွားခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ခံတွင်းကျန်းမာရေး အားနည်းမယ်ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွးတာနဲ့ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာမျိုးတွေဖြစ်နိင်ပါတယ်။
ကင်ဆာ
ဆေးလိပ်သောက်တာလိုမျိုးခံတွင်းကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အရာတွေကို အသုံးပြုပြီး ခံတွင်းကိုသေချာဂရုစိုက်မှုမရှိဘူးဆိုရင် ခံတွင်းကင်ဆာနဲ့ လည်ချောင်းကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။ သွားဖုံးရောဂါခံစားရတဲ့အခါ ဒီကင်ဆာတွေအပြင် အခြားသောကင်ဆာရောဂါတွေကိုပါဖြစ်စေနိုင်ပါတယ်။ ခံတွင်းကျန်းမာရေးအားနည်းတာကြောင့်ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊သွေးကင်ဆာတွေခံစားရနိုင်ခြေကလည်း ပုံမှန်ထက်ပိုများနေနိုင်ပါတယ်။
ကျောက်ကပ်ရောဂါ
နာတာရှည်ကျောက်ကပ်ရောဂါကကျောက်ကပ်၊နှလုံး၊ အရိုးနဲ့သွေးပေါင်ချိန်တို့ကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခံတွင်းကျန်းမာရေးအားနည်းတာကြောင့် သွားဖုံးမှာပိုးဝင်ကူးစက်ခံရသူတွေက ကိုယ်ခံအားနည်းပြီးကျောက်ကပ်ရောဂါခံစားရနိုင်ခြေ အခြားသူတွေထက်ပိုများနေပါတယ်။
လေးဖက်နာရောဂါ
သွားဖုံးရောဂါခံစားနေရသူတွေက အခြားသူတွေထက် သွားဖုံးရောဂါခံစားရနိုင်ခြေ ၄ ဆ ပိုများနေပါတယ်။ သွားဖုံးကိုရောင်ရမ်းစေတဲ့ ဘက်တီးရီးယားတွေက ခန္ဓါကိုယ်က အဆစ်တွေကို ပိုရောင်စေနိုင်သလိုလေးဖက်နာရောဂါခံစားရနိုင်ခြေကိုပိုများစေနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
ခံတွင်းသန့်ရှင်းမှုအားနည်းတာကြောင့်နောက်ဆက်တွဲရောဂါတွေမဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ တိုက်တွန်းပါရစေ။
- တစ်နေ့ ၂ ကြိမ်၊ တစ်ခါတိုက်ရင် ၂ မိနစ်ကြာသွားတိုက်ပေးပါ။
- သွားပွတ်ကြိုးသုံးပြီးနေ့စဉ် သွားသန့်ရှင်းပါ။
- ဆေးလိပ်နဲ့ဆေးရွက်ကြီးကိုရှောင်ပါ။
- ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကိုရွေးချယ်ပါ။
- အချိုများတဲ့အစားအစာတွေနဲ့ အချိုရည်တွေကိုလျှော့စားပါ။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးပါ။
ဒီနေ့ကစလို့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပြီးနောက်ဆက်တွဲရောဂါတွေကနေ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။