ရှောင်သင့်တဲ့ အစားအစာတွေကို ပြောရမယ်ဆိုရင်
- ထောပတ်၊ ပီဇာ၊ အသင့်စားအစားအစာတွေ
- တာရှည်ခံ သိုလှောင်အေးခဲထားတဲ့ အစားအစာတွေ
- အချိုသကြားဓာတ် များလွန်းတဲ့ မုန့်၊ အအေးတွေ
- စားအုန်းဆီ
- အဆီများတဲ့ အသားတွေကို အဓိက လျှော့စားပေးဖို့ လိုပါတယ်။
ပန်းသေပန်းညှိုးကို ဖြစ်စေတဲ့ ရောဂါတွေနဲ့ မကောင်းတဲ့ နေထိုင်မှုပုံစံတွေကရော ဘာတွေလဲ။
- အဝလွန်ခြင်း
- အမျိုးအစား ၂ ဆီးချိုရောဂါ
- ကျောက်ကပ်ပျက်စီးခြင်း
- လိင်တံအတွင်း အဖြူဖတ်များ ကပ်တွယ်နေခြင်း (တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်း)
- ဆီးကျိတ်ကင်ဆာ
- လိင်အင်္ဂါတစ်ဝိုက်ကို ထိခိုက်မိခြင်း
- ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း
- မူးယစ်ဆေးဝါးသုံးစွဲခြင်း
- စိတ်ဖိစီးမှု
- စိတ်ကျရောဂါ
- စိုးရိမ်ပူပန်တာအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ပန်းသေပန်းညှိုးရောဂါသည် အစပျိုးလာနိုင်ပါတယ်။
ဘယ်အသက်အရွယ်တွေမှာ အဖြစ်များလဲ။
ပုံမှန်အားဖြင့်တော့ အသက်ကြီးတဲ့အမျိုးသားတွေမှာ ကျားဟော်မုန်းပမာဏ ကျဆင်းလာခြင်းကြောင့် ပန်းသေပန်းညှိုးရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရ အသက် ၃၀ အောက်လူငယ်တွေမှာပါ ပန်းသေပန်းညှိုးအစပျိုးလာပြီဆိုတာ တွေ့ရှိရပါတယ်။ များသောအားဖြင့် စိတ်ဖိစီးမှုတွေ၊ အချစ်ရေး၊ မိသားစုနဲ့ ပတ်သက်ပြီး အဆင်မပြေတာ၊ လိင်မှုကိစ္စအတွက် စိုးရိမ်ပူပန်စိတ် များလွန်းနေတာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်သောက်တာတွေ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ စားခြင်းကြောင့် ပိုအဖြစ်များလာတာပါ။
ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ သွားပြသင့်ပြီလဲ။
ထိုးသွင်းဆက်ဆံမှု ပြုတဲ့အချိန်မှာ လိင်တံမထောင်မတ်နိုင်တော့တဲ့ ပြဿနာတွေ မကြာခဏ ကြုံလာရတာ၊ မနက်နိုးလာတဲ့အခါ ထောင်မတ်မနေတာ၊ ထောင်မတ်နိုင်စွမ်းကို အချိန်ကြာကြာမထိန်းထားနိုင်တာ အစရှိတဲ့ ပြဿနာတွေ မကြာခဏ ကြုံနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ လိင်မှုကိစ္စဆိုင်ရာ ပြဿနာတွေ မေးမြန်းပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
ဒီစစ်ဆေးမှုတွေထဲမှာ တခြားကိုယ်မသိသေးတဲ့ ရောဂါရှိ၊ မရှိ အရင်ဆုံးစစ်ဆေးမှာဖြစ်ပြီး လိင်တံ၊ ဝှေးစေ့မှာ မူမမှန်တာ၊ ဆီးကျိတ်ကင်ဆာဖြစ်နေလား စတာတွေအပြင် သွေးနဲ့ ဆီးကိုပါ စစ်ဆေးမှာဖြစ်ပါတယ်။ ကျန်းမာရေးအရ အကုန်ကောင်းတယ်ဆိုရင်တော့ စိတ်ကြောင့်ဖြစ်နိုင်ခြေ ပိုများတဲ့အတွက် စိတ်ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပေးသွားမှာပါ။ ပန်းသေပန်းညှိုးကို အမြစ်ပြတ်ကုသချင်ရင်တော့ သူ့နောက်ကွယ်က အဓိကတရားခံကို အကြောင်းရင်းကို အရင်ဆုံးဖြေရှင်းနိုင်မှ အဆင်ပြေမှာပါ။ ဒါကြောင့် ကိုယ့်မှာ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံလာရပြီဆိုတာနဲ့ ဆရာဝန်နဲ့ ပြဖို့ မရှက်သင့်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။