backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ သုက်ပိုးအရေအတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ သုက်ပိုးအရေအတွက်

သုက်ပိုးဆိုတာက အမျိုးသားတွေအတွက် အရေးပါတဲ့အရာတစ်ခုပါ။ သုက်ပိုးအရေအတွက်က ပြည့်ဝနေမှ သားသားမီးမီးလေးတွေကို ရရှိနိုင်မှာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေရဲ့ မျိုးဆက်ပွားကျန်းမာရေးအတွက်အရေးပါတဲ့ သုက်ပိုးလေးတွေအကြောင်းကို ပြောပြပေးသွားပါမယ။

သုက်ပိုးဆိုတာ

သုကပိုးဆိုတာ အမျိုးသား မျိုးပွားအင်္ဂါထဲက သုက်ရည်တွေထဲမှာရှိတဲ့ မျိုးပွားဆဲလ်လေးတွေပါ။ ပျမ်းမျှအားဖြင့် ကျန်းမာတဲ့ အမျိုးသားတစ်ယောက်မှာ သုက်ပိုးက ၄၀ ကနေ ၃၀၀ million sperm per ml လောက်အထိရှိနိုင်ပါတယ်။

ဒီသုက်ပိုးလေးတွေက သန္ဓေအောင်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတာဖြစ်ပါတယ်။ အမျိုးသားသုတ်ပိုး အကောင်ရေလုံလောက်မှသာ သားသမီးလေးတွေ ရရှိနိုင်မှာပါ။ ဒါ​ကြောင့်အမျိုးသားတွေအနေနဲ့ ပုံမှန် လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေထဲမှာ သုက်ပိုးအရေအတွက် စစ်ဆေးတာကလည်း မဖြစ်မနေ ထည့်သွင်းဖို့ လိုအပ်မယ့်အရာပါ။

အမျိုးသားတွေ ကြုံတွေ့ရနိုင်တဲ့ သုက်ပိုးပြဿနာ

အမျိုးသားတွေအတွက် သုက်ပိုးပြည့်ဝဖို့အရေးကြီးပါ။ သုက်ပိုးက အမြဲ ပြည့်ဝနေတာတော့ မဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်နေတ့ အလေ့အထတွေ၊ အစားအသော်ကတွေကြောင့်

  • သုက်ပိုးက ရှိသင့်တဲ့ အရေအတွက်ထက် နည်းနေတာ
  • သုက်ပိုးအရေအတွက် များနေတာတွေ ရှိနိုင်ပါတယ်။

အမျိုးသားတွေမှာ ရှိသင့်တဲ့ သုက်ပိုးအရေအတွက်

အမျိုးသားတွေမှာ ပုံမှန်အားဖြင့် ရှိသင့်တဲ့ သုက်ပိုးအရေအတွက်က ၄၀ ကနေ  ၃၀၀ million sperm per milliliter (ml) ပါ။ ဒီအရေအတွက်ကို သိရှိနိုင်ဖို့က တတ်ကျွမ်းသူတွေရဲ့ အကူအညီနဲ့ ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့ လိုပါမယ်။ ဒီလိုစစ်ဆေးတဲ့အခါမှာလည်း ဓာတ်ခွဲခန်းအပေါ်လိုက်ပြီး စစ်ဆေးမှုရလဒ် ကွာခြားနိုင်ပါတယ်။

အမျိုးသားတွေအနေနဲ့ သုက်ပိုးက ပျမ်းမျှရှိသင့်တဲ့ အရေအတွက်လောက်ပဲရှိနေတာ၊ ရှိသင့်တဲ့ ပမာဏထက် နည်းနေမယ်ဆိုရင် သန္ဓေ မအောင်တာမျိုး ခံစားရနိုင်ပါတယ်။

ရှိသင့်တဲ့ပမာဏထက် သုက်ပိုးနည်းနေတာ

အမျိုးသားတစ်ဦးမှာ သုက်ပိုးအရေအတွက်က ၁၀ million sperm per ml ပဲရှိနေမယ်ဆိုရင်  သုက်ပိုးကရှိသင့်တဲ့ ပမာဏထက် နည်းနေတာပါ။ သုက်ပိုးက ရှိသ်င့တဲ့ ပမာဏထက် နည်းနေမယ်ဆိုရင် မျိုးအောင်နိုင်စွမ်း ကျဆင်းနေမှဖြစ်ပြီး ကလေးရရှိဖိုပ မလွယ်ပါဘူး။

အမျိုးသားနဲ့အမျိုးသမီး အတူနေတဲ့အခါ တစ်ခါတည်း ထိုးသွင်းဆက်ဆံရုံနဲ့ သုက်ပိုးတွေက မမျိုးဥတွေဆီကို မရောက်နိုင်သလို မျိုးအောင်ဖို့လည်း မဖြစ်နိုင်ပါဘူး။

မျိုးအောင်နိုင်စွမ်းအပေါ် နောက်ထပ် သက်ရောက်နေတဲ့ အချက်တစ်ခုက သုက်ပိုး အရေအတွက်အပြင် သုက်ပိုးအရည်အသွေးပါ။ သုက်ပိုးက ပုံစံကောင်း ရှိမယ်။ အရွယ်အစားက ကောင်းမွန်မယ်။ ကူးခတ်နိုင်စွမ်း ကောင်းမယ်ဆိုရင် မျိုးအောင်နိုင်စွမ်းက မြင့်ပါတယ်။

သုက်ပိုးအရေအတွက် များနေတာ

သုက်ပိုးအရေအတွက်က ၃၀၀ million sperm per ml ရှိနေမယ်ဆိုရင်တော့ သုက်ပိုးအရေအတွက်က ပြည့်ဝတယ်ဆိုတာထက်ကို ပိုနေတာပါ။ ဒီလိုဆိုတာနဲ့ သန္ဓေအောင်နိုင်စွမ်း မြင့်နေပြီလို့တော့ မဆိုသာသေးပါဘူး။ အခြားလိုအပ်မယ့်အချက်တွေဖြစ်တဲ့ သုက်ပိုးက ပုံစံကောင်း ရှိမယ်။ အရွယ်အစားက ကောင်းမွန်မယ်။ ကူးခတ်နိုင်စွမ်း ကောင်းမယ်ဆိုတဲ့ အချက်တွေက လိုအပ်ဦးမှာပါ။

သုက်ပိုးအရေအတွက် ပုံမှန်မဟုတ်ခြင်းက ပြောပြနေတဲ့ ကျန်းမာရေး

အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ သုက်ပိုးအရေအတွက်

သုက်ပိုးအရေအတွက်ကို စစ်ဆေးတဲ့အခါ

Total volume –  ရှိသင်တဲ့ သုက်ရည်ပမဏက 2-4 mL ပါ။ သုက်ပိုး အရေအတွက် စစ်ဆေးတဲ့အခါ သုက်ရည်ပမာဏ အရမ်းနည်းနေတာက သုက်ရည်ထုတ်လုပ်မှုမှာ ပြဿနာရှိနေတယ်လို့ ဖော်ပြနေတာဖြစ်ပြီး ဆီးကျိတ်ပြဿနာ၊ သုက်ပို့ပြွန်ပိတ်နေတာကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

Sperm count – သုက်ပိုးအရေအတွက်က ပုံမှန်အားဖြင့် 40 million to 300 million sperm per mL ရှိရမှာပါ။ တကယ်လို့ သုက်ပိုးအရေအတွက်က 15 million sperm per mL ဆိုရင် ပုံမှန်လို့ ယူဆရမှာဖြစ်ပြီး 20 million to 30 million sperm per mL ဆိုရင်တော့ အခြား ပြည့်စုံရမယ့် သုက်ပိုးအချက်အလက်တွေနဲ့ ပြည့်စုံမယ်ဆိုရင် သားသမီးရရှိနိုင်ပါတယ်။

Motility and velocity – ပုံမှန်အားဖြင့် သုက်ပိုးလေးတွေရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်က ရွှေ့လျားနိုင်ရမှာဖြစ်ပါတယ်။ သုက်ပိုးရွှေ့လျားနိုင်မှုကို 0 ကနေ 4 အထိ သတ်မှတ်ထားပြီး ကလေးရရှိဖို့ဆိုရင် 2 ထက် ပိုရပါမယ်။

Morphology – သုက်ပိုးတွေရဲ့ ၄ ရာခိုင်နှုန်းလောက်က ပုံမှန်ရှိသင့်တဲ့ ပုံစံရှိရမှာဖြစ်ပြီး ကူးခတ်နိုင်စွမ်းနဲ့ မျိုးအောင်နိုင်စွမ်းလည်းရှိရပါမယ်။ သုက်ပိုးတွေရဲက ၁၄ ရာခိုင်နှုန်းကျော်က ပုံမှန်ရှိသင့်တဲ့ အရွယ်အစား နဲ့ ပုံစံကို ပိုင်ဆိုင်ထားမှသာ ကလေးရရှိနိုင်မှာပါ။

Seminal fructose – သုက်ရည်ထဲမှာ သုက်ပိုး မပါလာဘူးဆိုရင်တော့ သုက်ပို့ပြွန်ပိတ်ဆို့နေတာဖြစ်နိုင်သလို သုက်ပို့ပြွန် အနေအထား မမှန်တာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။

ဒီစစ်ဆေးမှုတွေကနေ တွေ့ရှိရတဲ့ ရလဒ်တွေအပေါ်မူတည်ပြီး

  • လိင်ကတဆင့်ကူးစက်ခံရတဲ့ ရောဂါတွေ ကူးစက်နေလားဆိုတာကို စစ်ဆေးတာ
  • မျိုးဗီဇမူမမှန်တာတွေ ခံစားနေရလားဆိုတာကို သိရှိနိုင်ဖို့ ခရိုမိုဆုန်းစ် ပုံမှန်ရှိရဲ့လားဆိုတာကိုစစ်ဆေးတာ၊ မျိုးဗီဇစစ်ဆေးတာတွေကို လုပ်ဆောင်ဖို့ လိုသလို
  • ကျားဟော်မုန်း ပမဏနဲ့ အခြားဟော်မုန်းပမာဏတွေကို စစ်ဆေးဖို့အတွက် သွေးစစ်ဆေးတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

သုက်ပိုးတွေ ကျန်းမာစေဖို့

သုက်ပိုးတွေကျန်းမာစေဖို့အတွက် ဒါတွေကို လိုက်နာဖို့လိုပါမယ်။

  • ဆေးလိပ်ဖြတ်ပါ
  • အရက်လျှော့သောက်ပါ
  • ကိုယ်အလေးချိန် ထိန်းပါ
  • ကိုယ်အလေးချိန် များနေရင် လျှော့ပါ
  • စိတ်ဖိစီးမှုကို လျှော့ပါ
  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
  • Takeaways

    အမျိုးသားတွေအနေနဲ့ ကျန်းမာတဲ့ သုက်ပိုးအရေအတွက်ရရှိစေဖို့အတွက် နေထိုင်မှုပုံစံ ထိန်းသိမ်းတာ၊ စားသောက်မှုပုံစံ ဂရုစိုက်တာ၊ စိတ်ဖိစီးမှုကို လျှော့ချတာတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement