backup og meta

အမျိုးသားမျိုးပွားအင်္ဂါစနစ်


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားမျိုးပွားအင်္ဂါစနစ်

    အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ နဲ့ပါဝင်ဖွဲ့စည်းထားပါတယ်။ ၎င်းအစိတ်အပိုင်းတွေက သုက်ရည်ထွက်ရှိခြင်း နဲ့သယ်ယူပို့ဆောင်ခြင်း၊သုက်ပိုးထုတ်လွှတ်ခြင်းနဲ့ ဟော်မုန်းထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်ပေးပါ တယ်။

    အမျိုးသမီးမျိုးပွားအင်္ဂါစနစ်နဲ့ယှဉ်ရင် အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ လိင်တံ၊ကပ်ပယ်အိတ်၊ နဲ့ ဝှေးစေ့တို့အပါအဝင် ခန္ဓါကိုယ်ပြင်ပမှာ အများဆုံး အခြေခံပါတယ်။

    ၁။ လိင်တံ

    လိင်တံဟာ လိင်မှုကိစ္စမှာအသုံးပြုရတဲ့အစိတ်အပိုင်း ဖြစ်ပါတယ်။ အခြေခံအားဖြင့် ၎င်းမှာအပိုင်း ၃ ပိုင်းရှိပါ တယ်- ဝမ်းဗိုက်နဲ့တစ်ဆက်တည်းရှိတဲ့ အရင်းပိုင်း၊ ကိုယ်ထည်နဲ့ အာရုံကြောများစုဝေးရာ အဖျားပိုင်း တို့ ဖြစ်ပါတယ်။ လိင်တံရဲ့ အဆုံးမှာ သုက်ပိုးနဲ့ဆီးကို ထုတ်ပေးတဲ့ပြွန်တစ်ခုရှိပါတယ်။ ထို သုက်ပို့ပြွန် တနည်းအားဖြင့် ဆီးစွန့်ပြွန်ကနေတဆင့် သုက်ပိုးတွေ ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို သုက်ပိုးထုတ်လွှတ်ခြင်း လို့ခေါ်ပါတယ်။

    ၂။ ကပ်ပယ်အိတ်

    ကပ်ပယ်အိတ်ဆိုတာ ဝှေးစေ့၊ အာရုံကြောနဲ့ သွေးကြောတွေကို အတူတကွ ထိန်းသိမ်းထားတဲ့ အရေပြားအိတ်တစ်ခုဖြစ်ပါတယ်။ ၎င်းက ဝှေးစေ့တွေ ကို ကာကွယ်ပေးရုံတင်မက သုက်ပိုးအရည်အသွေး အကောင်းဆုံးဖြစ်စေဖို့ အပူချိန်ကိုတည်ငြိမ်အောင် ထိန်းထားပေးနိုင်ပါတယ်။

    ၃။ ဝှေးစေ့

    အမျိုးသားတွေမှာ ဝှေးစေ့က နှစ်ခုပါပါတယ်။ ၎င်းနှစ်ခု ကို spermatic cord ဟုခေါ်သော အကြောက ကပ်ပယ်အိတ်ထဲမှာ ထိန်းသိမ်းပေးထားပါတယ်။ ၎င်းတို့ကို သုက်ပိုးနဲ့ ဟော်မုန်းထုတ်လုပ်ရာနေရာလို့ ယူဆနိုင်ပါတယ်။ ၎င်းတို့က ဘဲဥပုံသဏ္ဍာန်ရှိပြီး သံလွင်သီးကြီးကြီး နှစ်လုံးအရွယ်အစားခန့်ရှိပါတယ်။

    ဝှေးစေ့နဲ့ တစ်တန်းတည်းရှိနေတာက vas deferens ပါပဲ။ ၎င်းက epididymis လို့ခေါ်တဲ့ ပြွန်အခွေလေး တွေနဲ့ချိတ်ဆက်ထားတဲ့ သုက်ရည်(သုက်ပိုးပါရှိသော) ကိုပို့ဆောင်ပေးတဲ့ပြွန်ဖြစ်ပါတယ်။ သုက်ပိုးဟာ epididymis ကတဆင့်ဖြတ်သန်းနိုင်ဖို့ ၆ ပတ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ ချောဆီအရည်တွေ ထွက်ရှိမှုနဲ့ သုက်ပိုးအားဖြည့်တင်းမှုတို့အတွက် အပိုဂလင်းတွေရဲ့စနစ်တစ်ခုလည်း ဖြစ်ပါတယ်။

    အမျိုးသားအများစုဟာ အခုလိုမျိုး မျိုးပွားအင်္ဂါစနစ်နဲ့ မွေးဖွားလာကြတာပါ။ ဒါပေမယ့် (အသက် ၉နှစ် ကနေ ၁၅ နှစ်အတွင်း ဖြစ်လေ့ရှိတဲ့) လူပျိုဖော် မဝင်မချင်း တော့ ဒီအစိတ်အပိုင်းတွေကို အသုံးပြုလို့ မရနိုင်သေးပါဘူး။ ကောင်လေးတစ်ယောက်က ဒီအသက်အပိုင်းအခြားကိုရောက်လာတဲ့အခါ သူ့ရဲ့ ဦးနှောက်က ရုပ်ပိုင်းနဲ့စိတ်ပိုင်းပြောင်းလဲမှုတွေ ဖြစ်လာစေတဲ့ testosterone ဟော်မုန်းထုတ်လုပ်မှု ကိုစတင်စေမယ့် ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ လူပျိုဖော်ဝင်စဉ်အတွင်း မျိုးပွားအင်္ဂါတွေ ပိုကြီးထွားလာခြင်း၊ ခန္ဓါကိုယ် အမွေးအမျှင်တွေ ထွက်ပေါ်လာပြီး အသံတွေသြ လာပါမယ်။ ကောင်လေးက အရပ်ရော၊ ကိုယ်အလေးချိန်ရော အရမ်းကိုမြန်ဆန်စွာ ကြီးထွားလာပါလိမ့်မယ်။

    အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ ၎င်းတို့ရဲ့ testosterone ပမာဏက တဖြည်းဖြည်း လျော့နည်းသွားပြီး အမျိုးသားသွေးဆုံးကာလ ရောက်လာနိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေ က ပင်ပန်းနွမ်းနယ်ခြင်း၊ စိုးရိမ်စိတ်များခြင်း၊ ပန်းသေခြင်း တို့လို သိသာထင်ရှားတဲ့အကျိုးဆက် တွေ ရှိလာစေနိုင်ပါတယ်။ ဒီလက္ခဏာတွေကို ဟော်မုန်းဆေးတွေနဲ့ကုသနိုင်ပါတယ်။ ဒါပေမယ့် ဟော်မုန်းဆေးနဲ့ကုသမှုက ဆီးကျိတ်ကင်ဆာကို ပိုဆိုးစေပြီး သွေးကြောတွေကိုမာသွားစေတဲ့အထိ ဖြစ်တတ်တာကြောင့် ဟော်မုန်းဆေးဝါးကုထုံး ဘယ်အမျိုးအစားကိုမဆို မခံယူခင် ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement