လေဖြတ်တာ အိပ်ရေးပျက်တာက နှလုံးကို ဝန်ပိစေတာ၊ သွေးတိုးစေတာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု နည်းစေပြီး ဦးနှောက်ဆီ သွေးရောက်ရှိမှု နည်းတာကြောင့် လေဖြတ်တာကို ခံစားရနိုင်ပါသေးတယ်။
အိပ်ရေးပျက်တဲ့ အမျိုးသားတွေမှာ အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေက တော်တော်လေး များနေပါတယ်။ အိပ်ရေးပျက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို ရေရှည်မှာ ဆီးချိုရောဂါကို ခံစားရစေနိုင်ပါတယ်။
အိပ်ရေးပျက်တာ များလေလေ အမျိုးသားတွေမှာ လိင်စိတ် ကျဆင်းလေလေပါ။ ဒီလိုနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာစေနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
- လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းတာ
အိပ်ရေးပျက်တာကြောင့် အမျိုးသားတွေမှာ ထိခိုက်နိုင်တဲ့ နောက်ထပ် တစ်ခုကတော့ လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းလာတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ အခြား ကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘူးဆိုရင်တော့ အိပ်ရေးဝဝသာ အိပ်ပစ်လိုက်ပါလို့ အကြံပြုချင်ပါတယ်။
- မတော်တဆမှုတွေ အဖြစ်များတာ
နဂိုတည်းကလည်း အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် မတော်တဆမှုတွေ ပိုဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် reaction timeလို့ခေါ်တဲ့ မတော်တဆဖြစ်လာရင် တုံပြန်တာက ပိုနှေးသွားပါတယ်။ ဒါကြောင့် မတော်တဆ ဖြစ်နိုင်ခြေပိုများလာပါတယ်။
<strong>စကားလက်ဆောင်</strong>
အခြားသော ပြဿနာတွေအနေနဲ့ကတော့ အိပ်ရေးပျက်တာက ခေါင်းကိုက်တာ၊ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ ဖန်တီးနိုင်စွမ်း ကျဆင်းတာတွေကို ခံစားရစေနိုင်ပြီး နေ့စဉ်ဘဝမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်စေဖို့ဆိုရင် ညစဉ် အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ရှိအောင် အိပ်စက်ကြပါ ဘရိုတို့ရေ ……..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။