ရောဂါဖြစ်ပြီးသူရော ထိုးလို့ရမလား……….
ကိုဗစ် ကူးစက်ပြီးသွားပြီဆိုရင် ကာကွယ်ဆေး ထိုးဖို့ မလိုတော့လောက်ဘူးလို့ ယူဆသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုဗစ်က ရောဂါဖြစ်ပြီးသူတွေမှာ antibody ထွက်နေတဲ့ ၆ လအတွင်း ကူးစက်ခံရနိုင်ခြေ နည်းပေမယ့်။ ကိုဗစ်က ထပ်မံ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်တာကြောင့် ရောဂါ ဖြစ်ပြီးရင်တောင် ကာကွယ်ဆေး ထိုးဖို့က လိုပါဦးမယ်။
ကိုဗစ်ကာကွယ်ဆေး ထိုးလိုက်ရင် ကိုဗစ် ဖြစ်သွားမှာလား……….
ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကိုဗစ် မဖြစ်ပါဘူး။ အကြောင်းကတော့ ကာကွယ်ဆေး ထုတ်ဖို့သုံးထားတဲ့ ပိုးတွေက သေပြီးသား ဒါမှမဟုတ် အားပျော့နေတဲ့ ဗိုင်းရပ်စ်ကို အသုံးပြုတာကြောင့်ပါ။
ကိုဗစ် ကာကွယ်ဆေးက messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင် လုပ်တဲ့နည်းကို သုံးထားတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးလိုက်လို့ ကိုဗစ် မဖြစ်ပါဘူး။
ကာကွယ်ဆေးက တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်မလား………
ကာကွယ်ဆေးက
- Pfizer-BioNTech ဆိုရင် ၂ ကြိမ်ထိုးရမှာဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီး ၃ ပတ် ဒါမှမဟုတ် ၂၁ ရက်ကြာရင် နောက်တစ်ကြိမ် ထိုးရပါမယ်။
- Moderna ဆိုရင်လည်း ၂ ကြိမ် ထိုးရမှာ ဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီး ၁ လ ဒါမှမဟုတ် ၂၈ ရက်ကြာရင် နောက်တစ်ကြိမ် ထိုးရပါမယ်။
ဘယ်သူတွေ ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ဘူးလဲ………..

ကိုဗစ် ကာကွယ်ဆေးကို အခုလို အခြေအနေရှိသူတွေ မထိုးသင့်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။