အီကိုလိုင်းပိုးကူးစက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အသက်အရွယ်။ ။ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှာ အီကိုလိုင်းပိုးကြောင့် နာမကျန်းဖြစ်နိုင်ချေ များပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ချေလ်း များပါတယ်။
ခုခံအားနည်းခြင်း။ ။ ခုခံအားစနစ်အားနည်းခြင်း ဥပမာ AIDS ရောဂါရှိသူ သို့မဟုတ် ကင်ဆာရောဂါကို ကုသဖို့ ဆေးတွေ သုံးစွဲနေရသူ သို့မဟုတ် ကိုယ်တွင်းအင်္ဂါအစားထိုးခံထားရသူ စတဲ့သူတွေမှာ အီကိုလိုင်းပိုးကြောင့် နာမကျန်းဖြစ်နိုင်ချေ များပါတယ်။
အချို့သော စားစရာများ။ ။ အန္တရာယ်များတဲ့ စားစရာတွေထဲမှာတော့ မကျက်သေးတဲ့ ဟမ်ဘာဂါတွေ၊ မကြိုရသေးတဲ့နို့တွေ၊ ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီးရှာလကာနဲ့ နို့စိမ်းကနေလုပ်ထားတဲ့ ချိစ် စတာတွေပါဝင်ပါတယ်။
ရာသီချိန်
အစာအိမ်အက်စစ်လယ်ဗယ်နိမ့်ခြင်း။ ။ အစာအိမ်အက်စစ်ဟာ အီကိုလိုင်းကို ကာကွယ်ပေးနိုင်မယ့် အကာအကွယ်တွေထုတ်ထားပါတယ်။ တကယ်လို့များ အစာအိမ်အက်စစ်လယ်ဗယ်ကို လျှော့ချတဲ့ဆေးတွေ သုံးခဲ့ရင် ဥပမာ esomeprazole (Nexium), pantoprazole (Protonix), lansoprazole (Prevacid)နဲ့ Omeprazole (Prilosec) စတဲ့ဆေးတွေကိုသုံးစွဲခဲ့ရင်တော့ အီကိုလိုင်းဝင်နိုင်ချေ များပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Escherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ
အီကိုလိုင်းပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်တဲ့ နာမကျန်းမှုဟုတ်မဟုတ်ကို စစ်ဆေးဖို့ဆိုရင်တော့ မစင်နမူနာကို ဓါတ်ခွဲခန်းတွေမှာ စစ်ဆေးပြီး အီကိုလိုင်းဘက်တီးရီးယားရှိ၊ မရှိစစ်ဆေးရမှာပါ။ ဒီဘက်တီးရီးယားတွေကို ရောဂါကို အတည်ပြုဖို့နဲ့ ဘယ်လိုအဆိပ်မျိုးလဲ ဥပမာ E.Coli O157:H7 ကထုတ်ပေးတဲ့ အဆိပ်မျိုးလားစသဖြင့် စစ်ဆေးအတည်ပြုရပါတယ်။
Escherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ
အီကိုလိုင်းကြောင့်ဖြစ်တဲ့ နာမကျန်းဖြစ်မှုတွေအတွက် ဒီပိုးကူးစက်မှုကို အလုံးစုံပျောက်ကင်းစေနိုင်တဲ့ ကုသမှုမျိုးကတော့ လက်ရှိအချိန်ထိမရှိသေးဘဲ လက္ခဏာတွေကို သက်သာစေဖို့နဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့သာ ရှိပါသေးတယ်။ လူအများစုအတွက် ကုသမှုနည်းလမ်းတွေကတော့ အနားယူခြင်း၊ ရေဓါတ်ဆုံးရှုံးခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းတို့ကို ကုသနိုင်ဖို့အတွက် အရည်များစတာတွေပါပဲ။ ဝမ်းပိတ်ဆေးတွေသောက်တာမျိုးကို ရှောင်ကြဉ်ပါ။ ဒီအရာက သင့်ရဲ့ အစာခြေစနစ်ကို နှေးကွေးသွားစေပြီး သင့်ခန္ဓါကိုယ်ကနေ အဆိပ်တွေကို ဖယ်ရှားခြင်းကိုလည်း ရပ်တန့်သွားစေပါလိမ့်မယ်။ ပဋိဇီဝဆေးတွေကိုလည်း ယေဘုယျအားဖြင့်တော့ ပေးလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေအတွက်ဆိုရင်တော့ ဒီဆေးတွေကို ပိုပြီးပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဦးတည်လာစေပါတယ်။
တကယ်လို့ သင့်မှာ ပြင်းထန်တဲ့ အီကိုလိုင်းပိုးကူးစက်မှုဖြစ်နေပြီး ဒါက hemolytic uremic syndrome ကိုဖြစ်စေခဲ့ရင် သင့်ကိုဆေးရုံတင်ရမှာဖြစ်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေခံယူရပါလိမ့်မယ်။ ဒီထဲမှာတော့ IV Fluid တွေ၊ သွေးသွင်းရတာတွေနဲ့ ကျောက်ကပ်ဆေးရတာတွေ ပါဝင်ပါလိမ့်မယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အီကိုလိုင်းပိုးဝင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အီကိုလိုင်းပိုဝင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အရည်ကြည်။ ။ ရေ၊ ဆိုဒါအကြည်၊ ဟင်းရည်၊ Gelatin နဲ့ ဖျော်ရည် (Juices) တွေစတဲ့ အရည်ကြည်တွေကို များများသောက်ပေးပါ။ ပန်းသီးနဲ့ သစ်တော်သီးဖျော်ရည်တွေ၊ ကဖိန်းနဲ့ အရက်တွေကို ရှောင်ပါ။
အစာကိုဖြည်းဖြည်းချင်းစားပါ။ ။ သင်နေလို့ကောင်းလာစမှာတော့ အမျှင်နည်းတဲ့အစာတွေကိုပဲ အရင်ဆုံးစားပါ။ ဆိုဒါခရက်ကာတွေ၊ ပေါင်မုန့်၊ ကြက်ဥ သို့မဟုတ် ထမင်းတို့ကို စားကြည့်ပါ။
အချို့သော စားစရာတွေကို ရှောင်ပါ။ ။ နို့ထွက်ပစ္စည်းတွေ၊ အဆီများတဲ့စားစရာတွေ၊ အမျှင်ဓါတ်မြင့်မားစွာပါဝင်တဲ့ စားစရာတွေ သို့မဟုတ် အရသာပြင်းလွန်းတဲ့စကားစရာတွေက သင့်ရဲ့ ရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ။်
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။