ကလေးအတွက် (သို့) လူကြီးအတွက် ညွှန်ကြားထားတဲ့ ကာကွယ်ဆေးအကြိမ်အရေ အပြည့်အ၀ မထိုးထားတဲ့ သူတွေ အတွက် ဒီရောဂါ ဖြစ်နိုင်ချေပိုများစေနိုင်ပါတယ်။
ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်းဟာ အသက် ၅နှစ်အောက် ကလေးတွေမှာ အဖြစ်များပြီး ဘက်တီးယီးယားကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါး ရောင်ခြင်းကတော့ အသက် ၂၀အောက်တွေမှာ အဖြစ်များပါတယ်။
- လူအများရှိတဲ့ နေရာတွေမှာ နေထိုင်ရခြင်း။
အဆောင်တွေမှာနေရတဲ့ ကောလိပ်ကျောင်းသားများ၊ စစ်တပ်ထဲမှာ နေရတဲ့ တပ်သားများ၊ နဲ့
မှာ meningococcal ကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်းတွေ ဖြစ်နိုင်ချေပိုများပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ ဘက်တီးယီးယားတွေ ဟာ အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်ပြီး လူအုပ်စုများမှာ ပိုမြန်မြန် ပျံ့နှံ့မှု ပိုမြန်တာကြောင့်ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရင်တော့ ဦးနှောက်အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ listeria ဘက်တီးယီးယားကြောင့် ဖြစ်တဲ့ listeriosis ဆိုတဲ့ ရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ listeriosis ရောဂါ ဖြစ်ပြီဆိုရင်တော့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်း နဲ့ နေ့မစေ့၊ လမစေ့ မွေးခြင်းတွေ ပို ဖြစ်စေနိုင်ပါတယ်။
AIDS ရောဂါရှိသူများ၊ အရက်သောက်သုံးသူများ၊ ဆီးချိုရှိသူများ၊ ခုခံအားကို ကျစေတဲ့ ဆေးတွေ သောက်နေသူများ၊ နဲ့ ခုခံအား စနစ် အပေါ်သက်ရောက်မှုပေးနိုင်တဲ့ အခြား အချက်အလက်တွေရှိခြင်းက သင့်ကို ဦးနှောက် အမြှေးပါးရောင်ခြင်း ကို ပိုဖြစ်စေနိုင်ပါတယ်။ သရက်ရွက် ဖယ်ထုတ်ထားခြင်းကလည်း ဖြစ်နိုင်ချေကို ပိုများစေနိုင်ပြီး သရက်ရွက်မရှိတဲ့သူတွေဟာ ဒီလို ပိုဖြစ်နိုင်ချေများ တာကို လျော့ချနိုင်အောင်လို့ ကာကွယ်ဆေးထိုးထားသင့်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါ အမည်သတ်မှတ်ဖို့အတွက် ရောဂါ နောက်ကြောင်း နဲ့ ကျန်းမာရေးအခြေအနေတွေကို စတင်မေးမြန်းပြီး ကိုယ်ခန္ဓါကို စစ်ဆေးနိုင်ပါတယ်။ အသက်အရွယ်၊ အဆောင်နေထိုင်ခြင်းရှိ၊ မရှိ နဲ့ ကလေးစောင့်ရှောက်ရေး နေရာ တွေ ပို့၊ မပို့ စတာတွေက အရေးကြီးတဲ့ အချက်တွေ ဖြစ်မှာပါ။ ခန္ဓါကိုယ် စစ်ဆေးနေစဉ်မှာ ဆရာဝန်က အောက်ပါ အချက်တွေ ရှိ၊မရှိကို စစ်ဆေးမှာ ဖြစ်ပါတယ်။
- ဖျားနာခြင်း။
- နှလုံးခုန်သံမြန်ခြင်း။
- လည်ဂုတ်တောင့်တင်းခြင်း။
- အသိအာရုံ လျော့နည်းသွားခြင်း။
ဆရာဝန်က lumber puncture လို့ခေါ်တဲ့ ခါးရိုးမှ တစ်ဆင့် အပ်ထိုးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ ဒီစစ်ဆေးချက်ကို spinal tap လို့လည်းခေါ်ပါတယ်။ အဲလိုလုပ်ခြင်း ဖြင့် ဦးနှောက် နှင့် အာရုံကြော အဖွဲ့အစည်းထဲမှာ ဖိအားတွေများနေ၊ မနေ သိနိုင်ပါတယ်။ ကျောရိုး အတွင်းရှိ ရိုးတွင်းခြင်ဆီမှာ ရောင်ယမ်းခြင်းတွေ၊ ဘက်တီးယီးယားတွေ ရှိနေတာတွေကိုလည်း စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ ဒီစစ်ဆေးချက်ဟာ ကုသမှုအတွက် အကောင်းဆုံး ပိုးသတ်ဆေးကိုလည်း ဆုံးဖြတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
ဦးနှောက်အမြှေးပါး ရောင်ခြင်းကိုရောဂါအမည်သတ်မှတ်နိုင်ဖို့ အခြားစစ်ဆေးချက်တွေကိုလည်းလုပ်ဆောင်ရနိုင်ပါတယ်။ အဲဒီစစ်ဆေးချက်တွေကတော့
- သွေးထဲမှာ ရှိတဲ့ရောဂါပိုး ကို စစ်ဆေးခြင်း ။ သွေးထဲမှာ ရှိနေတဲ့ ဘက်တီးယီးယားကို ရှာဖွေနိုင်ပါတယ်။ ဘက်တီယီးယားတွေဟာ သွေးထဲကနေ ဦးနှောက်အထိရောက်သွားနိုင်ပါတယ်။ N. meningitides နဲ့ S. pneumonia တွေက အန္တရာယ်ရှိတဲ့ ပိုးဝင်ခြင်းတွေကိုရော ဦးနှောက် အမြှေးပါးရောင်ခြင်းတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
- သွေးဥဆဲလ် အပြည့်အစုံစစ်ဆေးခြင်း နှင့် သွေးဥဆဲလ်တစ်မျိုးချင်းစစ်ဆေးခြင်းတွေက ကျန်းမာရေးစစ်ဆေးချက် အတွက် ကောင်းမွန်တဲ့ ညွှန်ကိန်းတစ်ခုဖြစ်ပါတယ်။ အဲဒီစစ်ဆေးချက်က သွေးထဲမှာရှိတဲ့ သွေးနီဥတွေ၊ သွေးဖြူဥ တွေရဲ့ အရေအတွက် တွေကို စစ်ဆေးနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေက ရောဂါပိုးဝင်ခြင်းကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဦးနှောက်အမြှေးပါးရောင်ခြင်း ဖြစ်စေပြီဆိုရင် သွေးဖြူဥ အရေအတွက်တွေ များနေ နိုင်ပါတယ်။
- ရင်ဘတ် ဓါတ်မှန်ရိုက်ခြင်း က အဆုတ်ရောင်ခြင်း၊ TB ရှိခြင်း၊ (သို့) fungal မှိုကြောင့်ဖြစ်တဲ့ ရောဂါပိုးဝင်ခြင်းတွေ ရှိ၊ မရှိကို ပြပေးနိုင်ပါတယ်။ အဆုတ်ရောင် ရောဂါဖြစ်ပြီးနောက်မှာလည်း ဦးနှောက် အမြှေးပါးရောင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
- CT ရိုက်ခြင်း(ဦးခေါင်း) က ဦးနှောက် အနာများ၊ (သို့) sinus ( နှာခေါင်း အတွင်းဘက်ရှိ အပေါက်များ)ရောင်ခြင်းများ စတဲ့ပြသနာတွေကို ပြသပေးနိုင်ပါတယ်။ ဘက်တီးယီးယားတွေက sinus အပေါက်တွေမှ တစ်ဆင့် ဦးနှောက်ဆီကို ပျံ့နှံ့ သွားနိုင်ပါတယ်။
Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) ကို ဘယ်လိုကုသပါသလဲ
ဗိုင်းရပ်စ် ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်းဟာ ကုသစရာမလိုဘဲ သူ့အလိုလို ပြန်ကောင်းနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေက ၂ပတ်အတွင်းမှာ ပျောက်သွားလေ့ရှိပါတယ်။ ဒီဗိုင်းရပ်စ် ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း ရောဂါကြောင့် နာတာရှည် ပြင်းထန်တဲ့ပြသနာတွေ မဖြစ်သွားနိုင်ပါဘူး။ ရောဂါ မပြင်းထန်တဲ့ အခြေအနေဆိုရင် အိမ်မှာပဲ ကုသမှုခံယူနိုင်ပါတယ်။ အိမ်မှာ ဖျားတာ၊ နာတာအတွက်ဆေးသောက်ပြီး ရေဓါတ်ပြည့်ဝအောင် အရည်လုံလုံလောက်လောက် သောက်နေဖို့ လောက်ပါပဲ။
နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။
ဗိုင်းရပ်စ် ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?
အထူးသဖြင့် သင့်မှာ ဒီရောဂါကို ဖြစ်ဖို့အားပေနေတဲ့ အချက်တွေရှိနေပြီဆိုရင် ကျန်းမာကောင်းမွန်တဲ့ နေထိုင်မှုပုံစံဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ အဲလို နေထိုင်မှုပုံစံမှာေ အာက်ပါ အချက်အလက်တွေ ပါဝင်ပါတယ်။
- လုံလုံလောက်လောက် အနားယူခြင်း။
- ဆေးလိပ် မသောက်ခြင်း။
- နေမကောင်း ဖြစ်နေတဲ့သူတွေနဲ့ နီးနီးကပ်ကပ် သိပ်မနေခြင်း။
- ကာကွယ်ဆေးကလည်း အချို့ ဦးနှောက် အမြှေးပါးရောင်ခြင်း အမျိုးအစားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဦးနှောက် အမြှေးပါးရောင်ခြင်းကို ကာကွယ်ပေနိုင်တဲ့ ကာကွယ်ဆေးတွေကတော့
- Haemophilus influenzae type B (Hib) ကာကွယ်ဆေး
- Pneumococcal conjugate ကာကွယ်ဆေး
- Meningococcal vaccine ကာကွယ်ဆေး
သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။