ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Pubic Lice (ဆီးခုံသန်းများ ) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်၌ ဆီးခုံသန်းများရှိကြောင်း ဆရာဝန်မှသံသယရှိလျှင် စမ်းသပ်မှုများ လုပ်ပါလိမ့်မည်။
သန်းများသည် များသောအားဖြင့် မီးခိုးဖျော့ဖျော့ရှိပြီး သွေးဝနေလျှင် အမည်းရောင်ရှိနိုင်ပါသည်။ သင့်၌ ဂဏန်းပုံစံအင်းဆက်လေးများ ဆီးခုံမွှေးထဲရွေးလျားကြောင်း မြင်ပါက ကူးစက်ခံထားရပြီး ဖြစ်နိုင်ပါသည်။
သန်းဥများသည်လည်း ကူးစက်ခံထားရကြောင်း သိနိုင်သည့်အချက်ဖြစ်သည်။ ဥများသည် သေးငယ်သော အဖြူရောင်ဥများဖြစ်ပြီး ဆီးခုံမွှေးအရင်းသို့မဟုတ် တခြာကိုယ်အမွှေးအရင်းများတွင် တွေ့ရပါသည်။
ဆီးခုံသန်းကူးစက်ခံရသည့်လက္ခဏာများ ရှိလာသော်လည်း အကောင်တစ်ကောင်မှ မမြင်ရဘူးဆိုလျှင်တောင် ဆရာဝန်နှင့်ပြသရပါမည်။
Pubic Lice (ဆီးခုံသန်းများ ) ကို ဘယ်လိုကုသပါသလဲ
ဆီးခုံသန်းများကုသရာတွင် သင့်ကိုယ်သင်ရော၊ အဝတ်အစားများ၊ အိပ်ယာခင်းများကိုပါ ပိုးဖယ်ထုတ်ရမည်ဖြစ်သည်။
- လိမ်းဆေးများ၊ အလွယ်ဝယ်ယူနိုင်သည့် လိုးရှင်းနှင့် ခေါင်းလျှော်ရည်များကိုသုံးပြီး ဆီးခုံသန်းများကို ဖယ်ရှားနိုင်ပါသည်။ ကိုယ်ဝန်ရှိလျှင်၊ နို့တိုက်နေရလျှင် သို့မဟုတ် ကလေးကိုကုသရမည်ဆိုလျှင် စိတ်ချရမည့်ပစ္စည်းများအကြောင်း ဆရာဝန်အား မေးမြန်းနိုင်ပါသည်။ သန်းကူးစက်မှုနည်းသည်ဆိုပါက ဆီးခုံမွှေးအား လျှော်လိုက်ရုံသာပင်။
- လုံးဝကင်းစင်သွားပြီး နောက်ပိုင်းတွင်လည်း ခေါင်းမာသည့်ဥများက ဆံပင်များတွင် ကပ်ကျန်နေနိုင်ပါသေးသည်။ မွှေးညှပ်ဖြင့် ထိုသန်းဥများအား ဖယ်ထုတ်ပစ်ပါ။ အိမ်သုံးကုထုံးများဖြစ်သော အမွှေးရိတ်ခြင်း၊ ရေပူနှင့်ချိုးခြင်းစသည်တို့သည် ဆီးခုံသန်းများကိုကုသရာတွင် အကျိုးမရှိပါ။ သန်းများသည် သာမာန်ဆပ်ပြာနှင့် ခေါင်းလျှော်ရည်များသုံးရုံနှင့် အလွယ်တကူ မသေပါ။
- သင့်အိမ်ထောင်စုမှလူအများအပြား ဆီးခုံသန်းရှိနေလျှင် လူတိုင်းကို တစ်ချိန်တည်းမှာပင် ကုသရမည်ဖြစ်သည်။
- သင့်အိမ်ကိုလည်း သန်းဖယ်ထုတ်ရပါမည်။ တစ်အိမ်လုံးအား ဖုံစုပ်စက်နှင့်သန့်ရှင်းခြင်း၊ ရေချိုးခန်းအား ချွတ်ဆေးများဖြင့် ဆေးခြင်းများ ပြုလုပ်ပါ။ တဘက်များ၊ အိပ်ယာခင်းများ၊ အဝတ်အစားများအား ပြုတ်ပြီး စက်နှင့်အခြောက်ခံကာ အမြင့်တွင်လှမ်းပါ။
- ထိုအရာကိုတောင်မှ သန်းကခံနိုင်ရေရှိနေလျှင် အားပြင်းသည့်ဆေးများ လိုကောင်းလိုနိုင်ပါသည်။
မျက်တောင်တွင် ဆီးခုံသန်းများကပ်နေပါက ပက်ထရိုလီယမ်ဂျယ်လီနှင့် မျက်တောင်နှင့် မျက်ခွံအား တစ်ရက်သုံးကြိမ်းနှုန်း ရက်အနည်းငယ်အထိ လိမ်းပေးပါ။
သန်းကိုက်ရာများနှင့် ဓါတ်မတည့်မှုဖြစ်နေလျှင် တစ်ပတ်နှစ်ပတ်ကြာသည်အထိ ယားယံနေတတ်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆီးခုံသန်းများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဆီးခုံသန်းများ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
- သန်းရှိသူနှင့် အဝတ်အစား၊ အိပ်ယာခင်း၊ တဘက်များ မျှသုံးခြင်းကိုရှောင်ပါ။
- ကုသမှုမပြီးသေး မအောင်မြင်သေးခင် လိင်ဆက်ဆံခြင်းအား ရှောင်ပါ။
- ဆီးခုံသန်းများရှိကြောင်း အတည်ပြုပြီးပါက ယခင်ကရော လတ်တလောတွင်ပါ လိင်ဆက်ဆံထားသူများဆီ အကြောင်းကြားပါ။ ထိုမှသာ သူတို့လည်း စောစောကုသမှုခံယူနိုင်မည်ဖြစ်သည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။