ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဆိုတာ Culex ဆိုတဲ့ ခြင်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်းရောဂါပိုးပျံ့နှံ့စေတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေအတွင်း ကလေးတွေမှာ အဖြစ်များဆုံးရောဂါလည်းဖြစ်ပါတယ်။
ဦးနှောက်တစ်ရှူးများရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့ ဒီရောဂါဟာ ကုသနိုင်တဲ့ဆေးဝါး မရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှုတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိရင် အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်းလာတဲ့ လူနာတွေမှာလည်း တစ်ဝက်ခန့်က နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန်ခြင်းစတဲ့ နောက်ဆက်တွဲတွေခံစားရနိုင်ပါတယ်။
ဒီဗိုင်းရပ်စ်ကို ဝက်၊ ငှက်၊ ခို၊ ဘဲ၊ လင်းနို့တို့မှာ တွေ့ရပြီး သူတို့ကိုကိုက်ခဲ့တဲ့ ခြင်ကတဆင့် လူနဲ့ နို့တိုက်သတ္တဝါတွေဆီ ပြန်ကူးစက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်မွေးမြူရေးနဲ့ စပါးစိုက်ခင်းတွေရှိတဲ့ ကျေးလက်ဒေသတွေမှာ ပိုအဖြစ်များတာပါ။ လူကလူကို တိုက်ရိုက်မကူးစက်နိုင်ပါဘူး။
ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကူးစက်ခံရသူဟာ လက္ခဏာလုံးဝမပြဘဲလည်းရှိနိုင်ပါတယ်။ တကယ်လို့ လက္ခဏာပြရင်လည်း ကူးစက်ခံရပြီး ၅ ရက်ကနေ ၁၅ ရက်အတွင်းမှ သိသာလာမှာဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ကူးစက်မှုမျိုးမှာ အဖျားရှိပြီးခေါင်းကိုက်ရုံသာဖြစ်ပေမယ့်ပြင်းထန်တယ်ဆိုရင် ရောဂါလက္ခဏာက မြန်မြန်ဆန်ဆန်ပိုဆိုးရွားလာနိုင်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ –
အသက်မဆုံးရှုံးတဲ့လူနာတွေမှာလည်း လက္ခဏာတွေက တဖြည်းဖြည်းချင်းပဲ ကောင်းမွန်လာလေ့ရှိပါတယ်။ အပြည့်အဝပြန်လည်ကျန်းမာလာဖို့ လပေါင်းများစွာကြာမြင့်တတ်ပြီး အသက်ရှင်ကျန်နိုင်သူ တစ်ဝက်လောက်က ဦးနှောက်ထိခိုက်မှုကို တစ်သက်တာခံစားရတာမျိုးရှိနိုင်ပါတယ်။ စကားပြောတဲ့အခါ အသံလေးပြီး မပီသခြင်း၊ အသံမထွက်တော့ခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းတော့ခြင်းတို့လို အသက်မသေပေမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတခု ချို့ယွင်းမှုတွေ ကျန်ရစ်စေခဲ့နိုင်ပါတယ်။
အသက်ရှင်နိုင်တဲ့ရာခိုင်နှုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူကြပေမယ့် ရောဂါလက္ခဏာပြင်းထန်တဲ့သူ သုံးဦးမှာ တစ်ဦးနှုန်းအထိ အသက်ဆုံးရှုံးရနိုင်ခြေရှိပါတယ်။
အာရှဒေသကို လာရောက်တဲ့သူတွေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရနိုင်ခြေပိုများပါတယ်။ အဓိကကတော့ကျေးလက်ဒေသကို သွားမယ်ဆိုရင်၊ အပြင်မှာပဲနေတာများတယ်ဆိုရင်၊ ခရီးရက်ရှည်ထွက်မယ်ဆိုရင် ပိုသတိထားဖို့လိုပါတယ်။နွေရာသီနဲ့ဆောင်းဦးတို့မှာ လူကိုကူးစက်နိုင်ခြေပိုများပြီး အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာတော့ တစ်နှစ်တာလုံး တိရစ္ဆာန်တွေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်၊ အထူးသဖြင့်မိုးတွင်းကာလပါ။
အဓိကနည်းလမ်းက နှစ်ခုပဲရှိပါတယ် –
(၁) ကာကွယ်ဆေးထိုးတာ
ဂျပန်ဦးနှောက်ရောင်ရောဂါအတွက်က ကုသနိုင်တဲ့ဆေးဝါးမရှိသေးပေမယ့် ကလေးတွေကို ကာကွယ်ဆေးထိုးလို့ရနိုင်ပါတယ်။ အခုဆိုရင် အသက် ၉ လကနေ ၁၅ နှစ်အတွင်းတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မှာဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ထည့်သွင်းထားပြီဖြစ်ပါတယ်။
(၂) ခြင်မကိုက်အောင် ကာကွယ်ပါ
ဒီရောဂါအတွက် ကုသမှုမရှိသေးတာမို့ ကြိုတင်ကာကွယ်တာပဲ အကောင်းဆုံးပါ။ ကူးစက်ခံခဲ့ရရင် ဆေးရုံတင်တာ အနီးကပ်ကြည့်ရှုစောင့်ရှောက်မှုပေးတာနဲ့ အနီးကပ်ကုသတာတွေတော့လိုအပ်ပါတယ်။
လက္ခဏာကို လျော့ပါးသက်သာအောင်ပဲ ကုသပေးတာဖြစ်ပြီး အနားယူခိုင်းတာ၊ ရေဓာတ်ဖြည့်တာ၊ အဖျားကျအောင် ဆေးပေးတာ၊ အကိုက်အခဲပျောက်ဆေးပေးတာတွေက သက်သာစေနိုင်ပါတယ်။ လေ့လာချက်တွေအရတော့ လူနာ ၂၀ ကနေ ၃၀ % ကတော့ သေဆုံးနိုင်ခြေရှိပါတယ်။
ဖျားပြီးနောက်မှာ တချို့ လက္ခဏာတွေပြန်သက်သာကောင်းသက်သာနိုင်ပေမယ့် ၂၀ ကနေ ၃၀ % ကတော့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ ယွင်းမှုတွေခံစားရတတ်ပါတယ်။
ဒါ့ကြောင့် ခြင်ပေါတဲ့ ရာသီရောက်ပြီမို့ ခြင်ပေါက်ဖွားနိုင်တဲ့၊ ရေဝပ်နိုင်တဲ့နေရာတွေကို ရိုးရှင်းတဲ့ ဖုံးသွန်လဲစစ် ဆိုတဲ့ အခြေခံအချက်လေးတွေနဲ့ ရှင်းလင်းသန့်စင်ပြီး ကာကွယ်လိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။