backup og meta

Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) ကဘာလဲ။

Angiostrongylus cantonensisလို့ခေါ်တဲ့ သန်လုံးကောင်အမျိုးအစားတစ်မျိုးကြောင့် ဖြစ်တဲ့ကူးစက်ပိုးဝင်ခြင်းရောဂါဖြစ်ပါတယ်။ အရှေ့တောင်အာရှနဲ့ ပစိဖစ်ဒေသတွေမှာ အတော်အဖြစ်များပါတယ်။

ဒီကပ်ပါးကေင်က ကြွက်ေတွေကို ကူးစက်ဝင်ရောက်နိုင်တာကြောင့် ကြွက်အဆုတ်သန်ကောင်လို့လည်း ခေါ်ပါတယ်။ ခရုတွေကိုလည်း ကူးစက်နိုင်ပါတယ်။ လူတွေက တိရိစ္ဆာန်တွေအသားကိုစားတဲ့အခါဒါမှမဟုတ် ကူးစက်ပိုးတွေရှိနေတဲ့ရေတွေဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ ကူးူစက်ခံရနိုင်ပါတယ်။

သေဆုံးခြင်းကိုဖြစ်စေနိုင်တဲ့ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်ပြိး ဦးနှောက်နဲ့အာရုံကြောပျက်စီးမှုကို ဖြစ်စေုနိင်ပါတယ်။

Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) က ဘယ်လောက်အဖြစ်များသလဲ

ခရီးသည်တွေနဲ့ တိရိစ္ဆာန်တွေကနေတစ်ဆင့် တစ်နေရာကနေတစ်နေရာကို ပျံသွားနိုင်တာကြောင့် အရေးကြီးလာပါတယ်။ လက္ခဏာမပေါ်တဲ့ကူးစက်ပိုးဝင်ေရောက်သူ88%ရှိနေတဲ့ အာရှနဲ့ပစိဖိတ်ဒေသမှာ အများဆုံးတွေ့ရပေမဲ့ ကာရေဘီယန်ဒေသမှာလည်း

ကူးစက်သူ25%ရှိနေပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • ဒီအခြေအနေခံစားနေရတဲ့လူနာတွေမှာ ဗိုက်အပြင်းအထန်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်းတွေ သက်သာလာတဲ့အခါမှာ ဖျားခြင်းကနေ ဗဟိုအာရုံကြောမကြီးလက္ခဏာတွေဖြစတဲ့ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်းနဲ့ ဇက်ကြောတောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ဗဟိုအာရုံကြောစနစ်ကူးစက်ပိုးဝင်ခြငး – လူနာတွေမှာ အစောပိုင်းကူးစက်ခံနေရချိန်မှာပင် အာရုံကြောနာကျင်မှုကို ခံစားရနိုင်ပါတယ်။ နောက်ဆုံးမှာ ပိုပိုအားနည်းလာခြင်း၊ လက်ခြေအားလုံးအားနည်းခြင်း၊ တုန့်ပြန်မှုနည်းခြင်း၊ အသက်ရှူရခက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ နဲ့မကုသဘူးဆိုရင် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
  • မျက်လုံးကိုထိခိုက်ခြင်း- အမြင်ဝါးခြင်း၊ နာခြင်း။ မျက်လုံးရောင်ခြင်း၊ နဲ့ မြင်လွှာရောင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ သန်ကောင်တွေက မျက်လုံးတွေမှာတွေ့နိုင်ပြီး ခွဲစိတ်ဖယ်ရှားပေးရနိုငပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) ကိုဘာတွေကဖြစ်စေသလဲ

လူတွေနဲ့ ကြွက်တွေမှာ ကူးစက်ခံနေရတဲ့ခရုတွေဒါမှမဟုတ် ပုစွန်၊ ဂဏန်၊ ဖားစတဲ့ လက်ခံကောင်တွေနဲ့ လက်ခံကောင်တွေပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေကို စားခြင်းကြောင့်ကူးစက်ခံရနိုင်ပါတယ်။ အစာချေလမ်းကြောင်းကို ဖြတ်သွားပြီးနောက်ပိုင်းမှာ သွေးစီးကြောင်းထဲကိုရောက်သွားပါတယ်။ လူတွေမှာဆိုရင် သားလောင်းတွေက ဦးနှေက်ထဲသို့အဆင့်ပြောင်းအကြီးကောင်ပုံစံနဲ့ ဝင်ရောက်ပြိး လျင်မြန်စွာသေသွားပါတယ်။ သေသွားတဲ့အခါမှာ ကူးစက်ပိုးလက္ခဏာတွေကို ဖြစ်စေနိုင်တဲ့ရောင်ရမ်းခြင်းဖြစ်စဉ်ဖြစ်သွားပါတယ်။

ဖြစ်နိုင်ခြေများ

Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • မချက်ပြုတ်ထားတဲ့ ကူးစက်ပိုးဝင်နေတဲ့ခရုတွေကိုစားခြင်း
  • ခရု၊ပတ်ကျိတွေက ဟင်းသီးဟင်းရွက်၊ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေ၊ အသုပ်တွေမှာ မတော်တဆပါသွားနိုင်ပါတယ်။ အစာတွေမှာ ကူးစက်ပါသွားနိုင်ပါတယ်။
  • မချက်ပြုတ်ရသေးတဲ့ကူးစက်ပိုးဝင်နေတဲ့ခရုတွေပက်ကျိတွေ ပြင်ဆင်နေစဉ် လက်ကိုပေသွားခြ်ငး

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ကပ်ပါးကောင်ကို အတည်ပြုဖို့ခက်တာကြောင့် အဖြေရှာအတည်ပြုဖို့ ခက်ပါတယ်။ ကျောရိုးဖောက်ခြင်း၊ ဦးနှေက်ပုံဖော်မှန်းဆခြင်းတွေစတဲ့ အချို့အသုံးများတဲ့စစ်ဆေးနည်းတချို့က အဖြေရှာရာမှာ ကူညီပေးနိုင်ပါတယ်။

Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) ကို ဘယ်လိုကုသပါသလဲ

တိကျတဲ့ကုသမှု မရှိသေးပါဘူး။ အချို့သောကုသမှုတွေက ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ နဲ့ လက္ခဏာတွေရဲ့ကြာချိန်ကို နည်ေးစပါတယ်။ လက္ခဏာတွေပေါ်နေတဲ့လူနာတွေမှာ ထပ်သိလိုတာတွေအတွက် ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ကာကွယ်ခြင်းမှာ ကူးစက်ခံနေရတဲ့ဒေသတွေကို ခရ်းသွားခြင်း၊ နေထိုင်ခြင်း၊ ပုစွန်၊ဂဏန်း၊ ဖား၊ ခရုပက်ကျိကိုအစိမ်းစားတဲ့ဒေသတွေမှာ ပညာပေးအစီအစဉ်တွေ ပြုလုပ်ခြင်းပါပါတယ်။ ဥယျာဉ်ခြံစိုက်မယ်ဆိုရင် ခရုတွေ၊ ဖွတ်ပတက်တွေကနေ စောင့်ကြည့်ဖို့လိုပါတယ်။ အိမ်အနီးဥယျာဉ်အနီး ခရုပက်ကျိကြွက်တွေ တွေ့ခဲ့မယ်ဆိုရင် ဖယ်ရှားပစ်ခြင်းက ဖြစ်နိုင်ချေကိုနည်းစေပါတယ်။

ခရုပက်ကျိစိမ်းတွေကို မကိုင်တွယ်ခင်နဲ့ကိုင်တွယ်အပြီး သင့်လက်တွေနဲ့အိုးခွက်တွေကို သေသေချာချာဆေးရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားခင် ရေသေချာဆေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Angiostrongylus cantonensis. https://www.cdc.gov/parasites/angiostrongylus/ . Accessed 11 Mar, 2017.
Angiostrongylus cantonensis. https://en.wikipedia.org/wiki/Angiostrongylus . Accessed 11 Mar, 2017.
Angiostrongylus cantonensis. https://www.wikigenes.org/e/mesh/e/11025.html . Accessed 11 Mar, 2017.

ယခုပုံစံ

31/01/2022

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement