Screen Time ၊ Screen Time နဲ့ ခဏခဏ ကြားလာရတယ်။ Screen Time ဆိုတာ ဘာကြီးလဲလို့ သိချင်လာကြမယ်ထင်တယ်။ တကယ်တော့ Screen Time ဆိုတာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ လက်ကိုင်ဂိမ်းစက်တွေနဲ့ တက်ဘလက်တွေကို ကြည့်ရှုချိန်၊ အသုံးပြုချိန်ကို ဆိုလိုတာပါ။
ထွက်မှာ သေချာပြီလား။
ဒီခေတ်မှာ Screen Time ဆိုတာ လူတိုင်းမဖြစ်မနေ ကြုံဆုံနေရတဲ့ ကိစ္စတစ်ခုပါ။ အလုပ်လုပ်ဖို့ ကွန်ပျူတာသုံးတာပဲဖြစ်ဖြစ်၊ ဖုန်းကြည့်တာပဲဖြစ်ဖြစ်၊ ရုပ်မြင်သံကြားစက်ကို ကြည့်တာပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်ပုံရိပ်လွှာတွေကို ကြည့်ရှုချိန်တိုင်းဟာ Screen Time ထဲမှာ အကျုံးဝင်ပါတယ်။
Screen Time ဆိုတာကြီးဟာ လူသားတိုင်းရှောင်လွှဲလို့မရနိုင်ခြင်းရဲ့ နောက်ကွယ်မှာ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဆောင်ယူလာခဲ့ပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေပေါ့။
Screen Time ကပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေ အမြောက်အများရှိတယ်လို့ဆိုပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ Screen Time များခြင်းဟာ အသက်တိုစေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့လည်း ဗြိတိသျှသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေကဆိုထားပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့ကို ၂ နာရီထက်ပိုပြီး Screen Time အသုံးပြုနေမိမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ကြုံဆုံရနိုင်ခြေ အဆပေါင်းများစွာ မြင့်တက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဥပမာပြောရမယ်ဆိုရင် Screen Time များတဲ့လူတွေဟာ နှလုံးရောဂါတစ်ခုတည်းတင် ဖြစ်နိုင်ခြေ ၈% အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာ၊ အဝလွန်တာနဲ့ သွေးတိုးဆီးချိုဖြစ်နိုင်ခြေတွေဟာလည်း အလွန်မြင့်တက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီလိုသက်ရောက်မှုတွေကြောင့် ပုံမှန်အသက်ရှင်နေထိုင်ခွင့်ရနိုင်တဲ့ အသက်အရွယ်ထက်ပိုပြီး စောလျှင်စွာ သေဆုံးတာမျိုးဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ Screen Time ကို တစ်နေ့ ၂ နာရီအောင် လျှော့ချလိုက်မယ်ဆိုရင် အရွယ်မတိုင်မီ သေဆုံးနှုန်းကို ၅.၆၂% လျှော့ချပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၇.၉၇% အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
လေ့လာချက်တွေအရ Screen Time ၂ နာရီနဲ့အထက် ရှိတဲ့လူတွေအနေနဲ့ တစ်ပတ်မှာ ၇၅ မိနစ်ကနေ ၁၅၀ မိနစ်လောက်အထိ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုဆိုးကျိုးတွေကြောင့် အမေရိကန်မှာဆိုရင် ကလေးငယ်တွေ Screen Time အသုံးချမှုနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို တရားဝင်ထုတ်ပြန်ထားခဲ့တာ ၂၀၁၆ ခုနှစ်ကတည်းကပါ။
အဲ့ဒီလမ်းညွှန်ချက်တွေထဲမှာဆိုရင်တော့
Screen Time ကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ကလေးတွေမှာရော၊ လူကြီးတွေမှာပါ အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ်။ လေ့လာနိုင်စွမ်းမြင့်မားလာတာ၊ ပင်ပန်းမှုပြေပျောက်တာနဲ့ စိတ်ဖိစီးမှုလျော့ကျစေတာမျိုး အကျိုးတွေရရှိနိုင်ပါတယယ်။
ဒါ့အပြင်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.bbc.com/news/uk-scotland-53501743
https://abcnews.go.com/Health/screen-time-kids-findings-parents/story?id=66751520
https://www.mayoclinichealthsystem.org/hometown-health/featured-topic/5-tips-for-reducing-screen-time
https://www.cnet.com/health/screen-time-is-rising-and-its-ruining-us-here-are-11-ways-to-cut-back/