backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

ကိုရိုနာဗိုင်းရပ်စ် ဟာ ရောဂါရှိနေသူတစ်ဦးရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေက ထွက်လာတဲ့ အမှုန်အမွှားတွေက တခြားလူတစ်ဦးစီရောက်ရှိခြင်းဖြင့် ကူးစက်စေကြောင်း ကျွန်မတို့အားလုံးသိရှိကြပြီးဖြစ်ပါတယ်။

လေ့လာချက်များအရ ကိုရိုနာဗိုင်းရပ်စ်အနေနဲ့ ရောဂါရှိသူကိုင်တွယ်ထားသော အရာဝတ္ထုနဲ့ မျက်နှာပြင်တွေမှာလည်း အသက်ရှင်နေထိုင်ပြီး အခြားတစ်ဦးစီကူးစက်နိုင်တာ သိရပါတယ်။

အမေရိကန်နိုင်ငံတွင် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးဦးကို လေ့လာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ထိုသူသုံးယောက်လုံးမှာ Covid-19ကြောင့်ဖြစ်သော လက္ခဏာများလည်း အသီးသီးရှိနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အိပ်ခန်းတွေကို ပိုးသတ်ဆေးမဖျန်းခင်မှာ ဗိုင်းရပ်စ်ကို ရှာဖွေစစ်ဆေးလိုက်တဲ့အခါ အခန်းရဲ့ ၈၀ရာနှုန်းကျော်ကျော်မှာ Covid-19ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရပြီး ပိုးသတ်သန့်စင်ပြီးနောက်မှာတော့ ပိုးတွေကိုမတွေ့ရတော့ပါဘူး။

သတ္တုနဲ့ ပြုလုပ်ထားသော မျက်နှာပြင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်က ကြာကြာအသက်မရှင်နိုင်ပါဘူး။ ဒါပေမယ့် ပိုက်ဆံအဝတ်အစားနဲ့ စက္ကူတွေပေါ်မှာတော့ နာရီပေါင်းများစွာ ရှင်သန်နိုင်တာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် အဆိုပါပစ္စည်းများအား ပိုးသတ်ဆေးများအသုံးပြုပြီး ပိုးသတ်ခြင်း၊ အပူချိန်မြှင့်ခြင်းဖြင့် ပိုးသတ်သော နည်းလမ်းတို့ဖြင့် ပိုးသတ်သန့်စင်သင့်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးရဲ့ နေအိမ်မှာ အိမ်မွေးခွေးလေးတွေကြောင်လေးတွေရှိနေမယ့်ဆိုရင်တော့ သူတို့လေးတွေရဲ့ အမွေးလေးတွေဟာ ဗိုင်းရပ်စ်တွယ်ငြိစရာ နေရာလေးတွေဖြစ်နေနိုင်ပါတယ်။ဒီအတွက် တိရစ္ဆာန်လေးတွေကို ကိုင်တွယ်တဲ့နေရာမှာလည်း အထူးသတိပြုရမှာ ဖြစ်ပါတယ်။

သင့်အနေနှင့် ငွေစက္ကူများ၊ လက်ကိုင်ဖုန်းစတာတွေကို ကိုင်တွယ်ပြီးနောက် လက်ကို ကောင်းစွာ ပြန်လည်မသန့်စင်ဘူးဆိုရင် သင့်မှာ ကူးစက်ခံရဖို့ အလားအလာများပါတယ်။သင့်အလုပ်က ငွေကိုင်ရသောအလုပ်ဖြစ်ပါက ပိုတောင်သတိထားသင့်ပါတယ်။

အပြင်က ပြန်လာတိုင်း လက်ကို ဆပ်ပြာနှင့်ရေအသုံးပြုကာ စက္ကန့်၂၀ကြာအောင်ဆေးကြောပါ။ လက်ဆေးဖို့ မလွယ်မှသာ အယ်ကိုဟော အနည်းဆုံး၆၀ရာနှုန်းပါသော လက်သန့်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။

ဖြစ်နိုင်ပါက အပြင်ကပြန်လာသော အဝတ်အစားများကို ချက်ချင်းလဲပစ်ပါ။ ဖုန်းများကို အရက်ပြန်ဆွတ်ထားသော ဂွမ်းဖြင့် သန့်စင်ပါ။

အပြင်ကပြန်လာတိုင်း၊ အစာမစားခင်၊ တစ်စုံတစ်ခုကို ကိုင်တွယ်ပြီးတိုင်း၊ ချောင်းဆိုး/နှာချေပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့်၂၀ကြာဆေးကြောပေးပါ။

တံခါးလက်ကိုင်ဖု၊ မီးဖိုချောင်၊ ရေခဲသေတ္တာစသော အိမ်တွင်းရှိ လူအထိအတွေ့များသော မျက်နှာပြင်များကိုလည်း အရက်ပြန်ဖြင့် မကြာခဏဆေးကြောသန့်စင်ပေးပါ။

ရေးသားသူ – Dr Rose

[covid_19]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement