နောက်ဆက်တွဲကူးစက်ရောဂါဆိုတာ နဂိုကူးစက်ရောဂါနဲ့ မသက်ဆိုင်ဘဲ ထပ်ဖြစ်ပွားတဲ့ရောဂါတွေကို ဆိုလိုပါတယ်။ ဖြစ်နိုင်ချေနည်းပေမဲ့ ဆေးရုံတက်ပြီးကုသမှုခံယူသူတိုင်း နောက်ဆက်တွဲကူးစက်ရောဂါတစ်မျိုးမျိုး ဝင်နိုင်ချေရှိတာကို သိထားရပါမယ်။
တွေ့ရနည်းပေမဲ့ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ ပျက်စီးသွားတဲ့ကျောက်ကပ်ပုံမှန်အလုပ်ပြန်လုပ်နိုင်အောင် ကျောက်ကပ်ဆေးပေးဖို့လိုအပ်ပါတယ်။ ကျောက်ကပ်ပျက်စီးတာကို အချိန်မီ ကုသမပေးနိုင်ရင် နာတာရှည်ကျောက်ကပ်ရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။
ပြင်ပရောဂါပိုးတစ်ခုခုကို ခန္ဓာကိုယ်ကပြန်တိုက်ထုတ်တဲ့လုပ်ငန်းစဉ် ကပြောင်းကပြန်ဖြစ်သွားတဲ့အခါ သွေးဆိပ်တက်တဲ့ပြဿနာကြုံရနိုင်ပါတယ်။ ရောဂါပိုးတွေကိုခန္ဓာကိုယ်က မတိုက်ထုတ်ဘဲ ကိုယ်တွင်းအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်ပါတော့တယ်။
၉။ သွေးအလွန်အကျွံထွက်ခြင်း
ခန္ဓာကိုယ်ကသွေးခဲအောင်လုပ်ပေးတဲ့စနစ်ပျက်စီးသွားတဲ့အခါမှာ သွေးအလွန်အကျွံထွက်ပြီး ကိုယ်တွင်းသွေးယိုခြင်း၊ ကိုယ်တွင်းကလီစာတွေပျက်စီးခြင်းတွေ ခံစားရနိုင်ပါတယ်။
ရေးသားသူ – Dr. Htoo Tint
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။