နေအိမ်ကိုပဲဖြစ်ဖြစ်၊ ကိုယ်ခန္တာကိုယ်ပဲဖြစ်ဖြစ် နေ့စဉ် သန့်စင်အောင် ပြုလုပ်တတ်တဲ့ အလေ့အကျင့်ဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ခုလို COVID-19 ကူးစက်ရောဂါဆိုးကြီး တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေချိန်မှာ ဒီလိုအလေ့အထမျိုးတွေ ပိုမိုလိုအပ်ပါတယ်။
ထွက်မှာ သေချာပြီလား။
နေအိမ်ကိုပဲဖြစ်ဖြစ်၊ ကိုယ်ခန္တာကိုယ်ပဲဖြစ်ဖြစ် နေ့စဉ် သန့်စင်အောင် ပြုလုပ်တတ်တဲ့ အလေ့အကျင့်ဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ခုလို COVID-19 ကူးစက်ရောဂါဆိုးကြီး တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေချိန်မှာ ဒီလိုအလေ့အထမျိုးတွေ ပိုမိုလိုအပ်ပါတယ်။
ခန္တာကိုယ်မှာ ရောဂါပိုးမွှားတွေ မကပ်ငြိအောင် ကာကွယ်ရာမှာ လက်ဆေးတာ၊ Hand Sanitizer နဲ့ ဆေးကြောတာတွေ ပြုလုပ်လို့ရသလို နေအိမ်နဲ့ အရာဝတ္ထုပစ္စည်းတွေကို ပိုးမွှားကပ်ငြိခြင်းမရှိအောင် သန့်စင်ရာမှာတော့ ပိုးသတ်ဆေးဖြန်းတာ၊ အယ်လ်ကိုဟောပါဝင်တဲ့ Disinfectant Wipes တွေ သုံးစွဲတာ စတဲ့နည်းလမ်းမျိုးတွေ အသုံးပြုနိုင်ပါတယ်။
Wet Tissue လို့ အလွယ်တကူခေါ်ကြတဲ့ Disinfectant Wipes တွေကို Grocery Store တွေနဲ့ ဈေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပြီး အသုံးပြုရတာလည်း လွယ်ကူသလို တာရှည်လည်း ထိမ်းသိမ်းထားလို့ရပါတယ်။
Disinfectant Wipes ဟာ တစ်ခုနဲ့တစ်ခုမတူညီကြပဲ တစ်ချို့အမျိုးအမယ်တွေမှာက အယ်လ်ကိုဟောပါဝင်ခြင်းမရှိကြပါဘူး။ ဒါကြောင့် ပိုးမွှားတွေကို သန့်စင်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားပြီး အယ်လ်ကိုဟော ၆၀% နဲ့အထက်ပါဝင်တဲ့ Disinfectant Wipes တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
Disinfectant Wipes တွေဟာ ထိတွေ့ကိုင်တွယ်ဖို့လိုအပ်ပြီး မာကျောတဲ့မျက်နှာပြင်ရှိတဲ့ အရာတိုင်းကို သန့်ရှင်းရေးပြုလုပ်ရာမှာ အတော်လေး အသုံးဝင်တဲ့အရာဖြစ်ပါတယ်။ တီဗီ၊ ရေခဲသေတ္ထာ၊ အဝတ်လျှော်စက်၊ တံခါးလက်ကိုင်၊ မီးဖိုခန်းနဲ့ ရေချိုးခန်းအထိ နေရာအတောများများနဲ့ အရာဝတ္ထုတွေကို သန့်စင်ပေးနိုင်ပါတယ်။
ဒါပေမယ့် တကယ်တမ်းအရေးကြီးတဲ့ မေးခွန်းက Disinfectant Wipes တွေဟာ ရောဂါပိုးမွှားတွေကို သေစေနိုင်သလား? အထူးသဖြင့်တော့ COVID-19 ပိုးကိုပေါ့။
လက်ရှိမှာ ဆပ်ပြာတွေ၊ Hand Sanitizer တွေလိုမျိုးပဲ ခုကာလမှာ Disinfectant Wipes တွေလည်း လူသုံးများနေပါတယ်။ မာကျောတဲ့မျက်နှာပြင်မှာ ပိုမိုကပ်ငြိနိုင်တဲ့ ကိုဗစ်ရောဂါပိုးကို Disinfectant Wipes တွေက ကောင်းကောင်းဖယ်ရှားနိုင်တယ်လို့ ယုံကြည်မှုရှိနေကြတာပါ။ ဒါဟာ တကယ်ပဲ မှန်ကန်ရဲ့လား။
Centers for Disease Control and Prevention (CDC) ရဲ့ အသိပေးချက်အရဆိုရင် ရောဂါပိုးကူးစက်မှုကို ကာကွယ်တားဆီးဖို့ဆိုရင် ပိုးမွှားတွေကို သတ်ဖြတ်ဖို့မလိုအပ်ပဲ လက်ကို စနစ်တကျ ဆေးကြောသန့်စင်တာလိုမျိုး နည်လမ်းနဲ့တင် ဘေးအန္တာရယ်ကင်းကင်းနဲ့ ထိရောက်စွာ တားဆီးနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အယ်လ်ကိုဟောပါဝင်တဲ့ Wipes တွေကတော့ Hand Sanitizer တွေလိုပဲ တစ်ချို့သော ပိုးမွှားတွေကို အပြီးတိုင်ဖျက်စီးပစ်နိုင်ပါတယ်တဲ့။ ဒါပေမယ့် ပစ္စည်းတွေနဲ့ နေရာတွေကို သန့်စင်ရာမှာပဲ အဓိက အသုံးပြုသင့်တာပါ။
ခုနောက်ပိုင်းမှာ လူတစ်ချို့က Wipes တွေကို Sanitizer တွေလိုပဲ ဆောင်ထားပြီး ခန္တာကိုယ်ကို သန့်စင်ရာမှာပါ အလွယ်တကူအသုံးချလာကြပါတယ်။ ဒီအချက်ဟာ မှားယွင်းနေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
Wipes တွေမှာ hydrogen peroxide ၊ isopropyl alcohol ၊ ဒါမှမဟုတ် ethanol နဲ့ quaternary ammonium compounds တွေပါဝင်နေပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးကတော့ လူ့အရေပြားပေါ်မှာ အသုံးပြုမယ်ဆိုရင် လူ့ခန္တာကိုယ်ပေါ်က အကျိုးပြုဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပစ်တာပဲဖြစ်ပါတယ်။ အသားအရည်ကိုလည်း ခြောက်သွေ့စေပါတယ်။
Disinfectant Wipes တွေဟာ အရေပြားပေါ်က ပိုးမွှားတွေ အသစ်ပြန်မဖြစ်လာအောင် ၁၀ မိနစ်ဝန်းကျင်အထိ တားဆီးထားနိုင်တယ်လို့ တက္ကဆက်တက္ကသိုလ် ရောဂါပိုးမွှားဗေဒဌာနက ပါမောက္ခနဲ့ သုတေသနမှူး ရိုဒနေ ရို့ဒ်က ဆိုထားပါတယ်။
ကိုယ်ပေါ်က အကျိုးပြု ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပစ်လိုက်တာကြောင့် အရေပြားပေါ်က ခုခံကာကွယ်မှုစနစ် ပျက်ယွင်းသွားပြီး COVID-19 အပါအဝင် ပြင်ပကနေ တခြားရောဂါပိုးမွှားတွေ ကူးစက်ခံရလာနိုင်တဲ့ အန္တရာယ်ပိုများသွားနိုင်ကြောင်း ပညာရှင်တွေက ထောက်ပြမှုတွေရှိနေပါတယ်။ ဒါ့ပြင် အရေပြား ခြောက်သွေ့အက်ကွဲတာကြောင့် ပိုးလည်း ဝင်လွယ်ပါတယ်။
ဒါကြောင့်လည်း Disinfectant Wipes တွေကို ပစ္စည်းပစ္စယတွေကို သန့်စင်ဖယ်ရှားရာမှာသာ အသုံးပြုဖို့နဲ့ ခန္တာကိုယ်မှာ တတ်နိုင်သမျှ အသုံးမပြုဖို့ သတိပေးချက်တွေ ရှိနေတာဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.webmd.com/lung/news/20200401/coronavirus-on-fabric-what-you-should-know
https://www.msn.com/en-us/health/medical/do-disinfectant-wipes-actually-kill-germs/ar-BB11tGkd
https://www.webmd.com/lung/news/20200327/what-coronavirus-precautions-do-you-really-need
https://www.unicef.org/iraq/stories/coronavirus-disease-covid-19-what-parents-should-know
https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/disinfecting-your-home.html