၂၀၂၀ ဇန်နဝါရီ ၂၈ရက်ထိ သတင်းတွေအရဆိုရင် COVID-19 အဆုတ်ရောင်ရောဂါ ဟာ တရုတ်အပါအဝင် နိုင်ငံပေါင်း၁၇နိုင်ငံကိုပျံ့နှံ့သွားပြီး ကူးစက်ခံရသူ ၄၃၁၄ယောက်၊ သေဆုံးသူ၁၀၆ယောက်အထိ မြင့်တက်သွားပါပြီ။ သေဆုံးသူတွေရဲ့ အသက်ကို ကြည့်မယ်ဆိုရင် ၄၈-၈၉နှစ်ကြားပါ။ အငယ်ဆုံးကတော့ ၃၆နှစ်လို့ဆိုပါတယ်။ အသေအပျောက်အများဆုံးကတော့ ၇၅နှစ် ပတ်ချာလည်တွေပါ။ ဆိုလိုတာက သက်ကြီးပိုင်းတွေမှာ သေဆုံးတာပိုများနေပါတယ်။ ဒါဆိုရင် အိမ်မှာရှိတဲ့ လူကြီးတွေအတွက်ရော စိုးရိမ်ရမလား။ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ ပြောပြပေးပါမယ်။