home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ခြင်နိုင်ဆေးက ဘာအတွက်စွမ်းသလဲ

ခြင်နိုင်ဆေးက ဘာအတွက်စွမ်းသလဲ

ခြင်ဆေးဘာလို့သုံးကြတာလဲမေးရင်ခြင်မကိုက်အောင်လို့ လို့ပဲဖြေကြမှာပေါ့နော်။ ဒါဆို ဘာလို့ခြင်ကိုက်မှာကြောက်ရတာလဲ။ခြင်ကိုက်ရင် အရေပြားမှာ ယားစပ်စပ်နဲ့ခံရခက်တဲ့ဝေဒနာ အပြင်ခြင်တွေသယ်ဆောင်လာတဲ့ရောဂါပိုးတွေကကြောက်ဖို့ကောင်းလို့ပါပဲ။

ခြင်ကိုက်ခံရရင်ဆင်တုပ်ကွေး၊ ေသွးလွန်တုပ်ကွေး ငှက်ဖျားဂျပန်ဦးနှောက်ရောင်ရောဂါ၊ဆင်ခြေထောက်ရောဂါ နဲ့ ဇီကာဗိုင်းရပ်စ်ေတွကိုခြင်ကတဆင့် ကူးစက်နိုင်ပါတယ်။ရောဂါအဆင့်ပြင်းထန်ရင်ပြင်းထန်သလောက် အသက်ပါဆုံးရှုံးနိုင်တဲ့ရောဂါတွေမို့ အန္တရာယ်ကြီးလွန်းလှပါတယ်။

လူတွေဆီကသွေးစုပ်ပြီးအသက်ရှင်တာခြင်အမဖြစ်ပြီးခြင်ထီးကတော့ အသီးနဲ့အပင်ဝတ်ရည်ကိုသာသောက်သုံးတာဆိုတဲ့အကြောင်း သိထားပြီးကြပြီဖြစ်မှာပါ။ လန့်စရာကောင်းတဲ့အချက်ကတော့ခြင်အမတွေက တစ်ကြိမ်တည်းမှာ ဥ ၃၀၀အထိ ဥနိုင်ပါတယ်တဲ့။ခြင်အမတွေရဲ့သက်တမ်းက (၆) ပတ်ကနေ (၈) ပတ်အထိ အသက်ရှင်နိုင်တာကြောင့် အဲဒီအချိန်အတွင်းမှာ အကောင်ရေများစွာ ထပ်ပွားနိုင်ပါတယ်။

ခြင်မတွေကရေသေမှာ ဥဥကြတာကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာရေဝပ်တဲ့နေရာမရှိဖို့ သတိထားသင့်ပါတယ်။နောက်တစ်ချက်ကခြင်ဥတွေက တစ်လက်မလောက်ပဲရှိတဲ့ရေထဲမှာတောင် ပိုးလောက်လန်းတွေပေါက်ဖွားနိုင်လို့ တကယ်ကြောက်စရာကောင်းပါတယ်။

ခြင်တစ်ကောင်မှာသာ ဗိုင်းရပ်စ်တစ်မျိုးပါလာခဲ့ရင် သူ့ရဲ့တံတွေးကတဆင့် လူတွေဆီကိုကူးစက်နိုင်တယ်လေ။ခြင်ကတဆင့်ကူးစက်တတ်တဲ့ အဖြစ်များဆုံးရောဂါတွေက ဆင်တုပ်ကွေးလို့ခေါ်တဲ့chikungunyaရောဂါ၊ေသွးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါငှက်ဖျားရောဂါေတွအပြင် ဇီကာရောဂါလည်း ပါဝင်ပါတယ်။ ဒီထဲမှာ အသက်အန္တရာယ်ပေးနိုင်တဲ့ရောဂါတွေပါသလို မကြာခဏရောဂါပြန်ပြန်ပေါ်တတ်တဲ့ငှက်ဖျားလိုရောဂါရယ်၊ အသက်အန္တရာယ်ကလွတ်မြောက်နိုင်ခဲ့ရင်တောင် ဦးနှောက်နဲ့အာရုံကြောထိခိုက်ချို့ယွင်းမှုတွေဖြစ်ကျန်ခဲ့စေတဲ့ ဦးနှောက်ရောင်ရောဂါလိုမျိုးတွေ ရှိနေပါတယ်။

ဒီလိုကြောက်စရာကောင်းတဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းကခြင်ကိုက်မခံရအောင်နေဖို့နဲ့ခြင်နိုင်ဆေးနဲ့ကာကွယ်ဖို့ပဲဖြစ်ပါတယ်။

ခြင်ဆေးတွေက ဘာကိုလုပ်ဆောင်ပေးသလဲ

ဆေးနဲ့ထိတွေ့တဲ့ လူတွေရဲ့ခန္ဓါကိုယ်အစိတ်အပိုင်းကို ခြင်တွေအနားမကပ်အောင်၊ မကိုက်အောင် ခြင်ဆေးတွေကလုပ်ဆောင်ပေးပါတယ်။ခြင်ဆေးဆိုတာဈေးကွက်မှာ ပုံစံအမျိုးမျိုးနဲ့ရှိပါတယ်။ခြင်ဆေးခွေ၊ ဖျန်းဆေးစပရေးဘူး၊ လိမ်းဆေး၊ဆေးရည်နဲ့ခြင်ပြေးစက်စတာတွေ အစုံပါပဲ။ ဒါပေမယ့် အသုံးပြုလို့သင့်လျော်မယ့်နေရာ၊ အနေအထားနဲ့ အာနိသင်ချင်းမတူကြပါဘူး။ ဥပမာခြင်ပြေးစက်ဆိုရင် အလုံပိတ်အိမ်ခန်းထဲမှာမဟုတ်ဘဲ ထိရောက်မှုမရှိနိုင်ဘူးဆိုတာမျိုးပေါ့။

အစွမ်းအာနိသင်အကောင်းဆုံးခြင်ဆေးဆိုတာ ဆေးပြင်းတာမပြင်းတာထက် ခြင်အန္တရာယ်က အချိန်ကြာကြာကာကွယ်မှုပေးနိုင်တဲ့ခြင်ဆေးဖြစ်ပါတယ်။ အခန်းပြင်၊အိမ်ပြင်၊ သို့မဟုတ်လေဝင်လေထွက်များတဲ့အိမ်ပုံစံတွေ၊ ခရီးထွက်တဲ့နေရာ၊ အိမ်ရှေ့ခြံဝင်း စတဲ့နေရာတွေမှာသုံးချင်ရင်တော့ စပရေးဖျန်းဆေးတွေက အသုံးတည့်ပါလိမ့်မယ်။ခြင်ဆေးအနံ့ကို ရှူမိမှာကြောက်လို့ဆိုရင်ခြင်ပြေးစေတဲ့ လိမ်းဆေးတွေဈေးကွက်မှာဝယ်လို့ရပါတယ်။

ခြင်ဆေးတွေသုံးရင် သတိထားဖို့အချက်တချို့

  • ခြင်ဆေးလိမ်းမယ်ဆိုရင် အညွှန်းအတိုင်းပဲ ထိုက်သင့်တဲ့ပမာဏကို အသုံးပြုသင့်ပါတယ်။ အဝတ်အစားနဲ့မဖုံးအုပ်ထားတဲ့အရေပြားကိုပဲလိမ်းပါ။ အဝတ်အစားအောက်က အရေပြားကို မလိမ်းပါနဲ့။ဆေးများများပိုလိမ်းလို့လည်း ပိုမကာကွယ်နိုင်ပါဘူး။
  • ထိခိုက်ပေါက်ပြဲ၊ အရေပြားဒဏ်ရာတွေပေါ်ခြင်ဆေးမလိမ်းပါနဲ့။
  • အရမ်းကိုအလုံပိတ်နေတဲ့ အခန်းထဲမှာခြင်ဆေးအများကြီးမဖျန်းပါနဲ့။
  • ခြင်ဆေးဖျန်းလိုက်တဲ့အမှုန် သို့မဟုတ်ခြင်ဆေးငွေ့ကို တိုက်ရိုက်မရှူရှိုက်မိအောင်ရှောင်ပါ။
  • ခြင်ဆေးမှာပါတဲ့ အကြံပြုချက် ၊ သတိပေးချက်တွေအတိုင်း လိုက်နာပါ။
  • ကလေးတွေကို ကိုယ်တိုင်ခြင်ဆေးပေးမကိုင်၊ပေးမသုံးပါနဲ့။ သူတို့မမီတဲ့နေရာမှာ သိမ်းဆည်းပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။