backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ရန် ခြင်နိုင်ဆေးရည်အသုံးပြုခြင်း


Dr. Ye Pyae Hein မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ရန် ခြင်နိုင်ဆေးရည်အသုံးပြုခြင်း

ဆေးရည်အသုံးပြုခြင်း

သင်သည် ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ပြီး သင်နှင့် သင့်ရင်သွေးကို ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်သော အလွယ်ကူဆုံး နည်းလမ်းမှာ ခြင်နိုင်ဆေးရည် အသုံးပြုခြင်းဖြစ်သည်။ ညွှန်ကြားထားသည့်အတိုင်း အသုံးပြုပါက ခြင်နိုင်ဆေးဖျန်းခြင်းသည် အန္တရယ်မရှိသည့်အပြင် ဇီကာဗိုင်းရပ်စ်နှင့်တကွ အခြားခြင်မှ ကူးစက်တက်သော ရောဂါပိုးများကိုလည်း ကာကွယ်ပေးပါသည်။ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန် အောက်ပါတို့ကို လေ့လာကြည့်ပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုခြင်ပိုကိုက်ရခြင်းအကြောင်း

သင့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ၏ သွေးကိုခြင်က ပိုနှစ်သက်လိမ့်မည်ဟုတွေးထင်မိပါက ထိုအခြင်းအရာသည် အမှန်တကယ်ပင်ဖြစ်သည်။ သိပ္ပံပညာရှင်များက ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ခြင်ကို ၂ ဆခန့်ပိုမိုဆွဲဆောင်နိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။

ပညာရှင်များက ယူဆသည်မှာ ခြင်သည် လူတို့ရှူထုတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို လိုက်၍ကိုက်ခြင်း ဖြစ်ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အခြားသူများထက် အသက်ရှူသွင်း ၊ ရှူထုတ်သော အကြိမ်ရေပိုမိုများပြားသဖြင့် ရှူထုတ်သောလေမှာ ၂၁% ထိပိုမိုများပြားပြီး ထိုခြင်သတ္တဝါများကို ဆွဲဆောင်ခြင်း ဖြစ်သည်ဟုဆိုသည်။

ခင်များက ကိုယ်ဝန်ဆောင်များကို တိုက်ရိုက်ကိုက်ခြင်း၏ အခြား အကြောင်းတစ်ချက်လည်း ရှိပါသေးသည်။ ထိုသတ္တဝါလေးများသည် အပူထုတ်လွှတ်သည့် အရာကို ရှာဖွေတတ်သော သဘာဝရှိရာ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ကိုယ်အပူချိန် ပိုမိုမြင့်တတ်ခြင်းကြောင့် ဖြစ်ပါသည်။ သန္ဓေသားကို တည်ဆောက်ခြင်း ဖြစ်စဉ်ကြောင့် ခန္ဓါကိုယ်မှ အပူချိန်ပိုမိုမြင့်တက်နေပြီး အရေပြားမှတစ်ဆင့် အငွေ့ပျံခြင်း ဖြစ်ပွားကာ ထိုအရာများကို ခြင်များက နောက်ယောင်ခံလိုက်၍ ကိုက်ခြင်းဖြစ်ပါသည်။

ဇီကာနှင့်အခြားခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ

ယခင်က ခြင်ကိုက်ယားယံမှုကို ဖြစ်စေသည့် စိတ်ရှုပ်ဖွယ် သတ္တဝါဟုသာ သတ်မှတ်ခဲ့သော်လည်း ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို သိနားလည်လာသည့်အခါ ခြင်၏ အန္တရာယ်ကို သိမြင်လာကြသည်။ အချို့နိုင်ငံများတွင် ခြင်ကိုက်ခြင်းကြောင့် ရှင်ကန်ဂန်းယားရောဂါ ၊ သွေးလွန်တုပ်ကွေးရောဂါ နှင့် ဇီကာဗိုင်းရပ်စ်ပိုးဝင်ခြင်းတို့ပါ ဖြစ်ပွားတတ်ပါသည်။ ရှင်ကန်ဂန်းယားနှင့် သွေးလွန်တုပ်ကွေးရောဂါများကို အာဖရိကတိုက် ၊ အာရှတိုက် ၊ ဥရောပတိုက်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့တွင် တွေ့ရှိရသည်။

၂၀၁၆ ခုနစ် သြဂုတ်လက အချို့သောနေရာများ – တောင်အမေရိက ၊ အမေရိကအလယ်ပိုင်းဒေသ ၊ မက္ကဆီကို၊ ပျူတိုရီကို ၊ မြေထဲပင်လယ်ဒေသအချို့ ၊အာဖရိကနှင့် ဖလော်ရီဒါပြည်နယ်ရှိ မီယာမီဒေသတို့တွင် ဇီကာဗိုင်းရပ်စ်ပိုးအစုလိုက်အပြုံလိုက် ကူးစက်ခံရခြင်းများ ဖြစ်ပွားခဲ့သည်။

ကိုယ်ဝန်ဆောင်ချိန်တွင်ခြင်ကိုက်ခံရပါကပိုမိုအန္တရာယ်ရှိနိုင်ပါသလား

ကူးစက်ရောဂါထိန်းချုပ်ရေးဌာန( CDC ) က ကိုယ်ဝန်ဆောင်များတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက မွေးဖွားလာသော ကလေးတွင် ပုံမှန်ထက်ဦးခေါင်း ပိုမိုသေးငယ်သော ရှားပါးသည့် ရောဂါတစ်မျိုး Microcephaly ဖြစ်ခြင်းနှင့်တကွ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်းတို့ဖြစ်နိုင်ပါသည် ဟု ဆိုပါသည်။

ထို့ကြောင့် CDC က အမျိုးသမီးများကို ဇီကာဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများသို့ ခရီးသွားခြင်းကို မပြုလုပ်ရန် သတိပေးခဲ့သည်။ CDC နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့မှ ကျွမ်းကျင်သူတို့က ဗိုင်းရပ်စ်ပိုးသည် အမေရိကန်နိုင်ငံ၏ ဒေသအချို့သို့ ကူးစက်ပျံ့နှံ့ နိုင်ဖွယ်ရှိသည့်အတွက် ကိုယ်ဝန်ယူရန် အစီအစဉ်ရှိသော အမျိုးသမီးများအနေဖြင့် ဇီကာဗိုင်းရပ်စ် အကြောင်းသိရှိရန်နှင့် မည်သို့ ကာကွယ်ရမည်ကိုပါ လေ့လာရန်လိုကြောင်း ပြောကြားထားသည်။

ခြင်နိုင်ဆေးရည်သုံးခြင်း (သို့မဟုတ်) ခြင်ဆေးဖျန်းခြင်းသည် ကိုယ်ဝန်ဆောင်များအတွက်သင့်တော်ပါသလား

သင့်တော်ပါသည်။ အပြင်ထွက်၍အချိန်ကုန်သည့်အခါ ခြင်နိုင်ဆေးရည်သုံးခြင်းသည် အကောင်းဆုံးသော ကာကွယ်နည်းဖြစ်သည်။ ခြင်ပေါများ၍ ရောဂါဖြစ်နေသော ဒေသများသို့ ခရီးသွားပါက အထူးသတိပြုရမည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အန္တရယ်ကင်းသော ခြင်ဆေးရည် ၂ မျိုးကိုခွင့်ပြုထားပြီးဖြစ်သည်။

(၁)DEET : DEET ဒြပ်ပေါင်း ၃၀%ပါဝင်သော ခြင်နိုင်ဆေးရည်သည် ခြင်ကိုက်ခြင်းမှ ၈ နာရီကြာသည်အထိကာကွယ်ပေးသည်။ သို့သော်အသက် ၂ လအောက်ငယ်သောကလေးများတွင်အသုံးမပြုသင့်ပါ။

(၂)Picaridin : ကိုယ်ဝန်ဆောင်များတွင် အန္တရာယ်ကင်းစွာအသုံးပြုနိုင်သောဆေးရည်ဖြစ်သည်။

DEET နှင့် Picaridinတို့ကဲ့သို့ပင် သံပုရာ ၊ ယူကလစ်တို့မှ ထုတ်သောဆေးရည်များနှင့် IR 3535 တို့သည်လည်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် သင့်လျော်သည်ဟုဆိုပါသည်။ အရေပြားကိုဆေးရည်ဖျန်းခြင်းအပြင် အဝတ်အထည်၊ အသုံးအဆောင်များကိုလည်း ဆေးရည်ဖျန်း ထားနိုင်ပါသည်။

သံပုရာ၊ ယူကလစ်တို့မှ ထုတ်သောဆေးရည်များနှင့် IR3535 ဆေးရည်တို့ကို မူဦးစားပေးသုံးရန် မတိုက်တွန်းထားပါ။ ထို့ပြင် Citronella နှင့် Cedar တို့ကဲ့သို့သောထင်းရှုးမျိုးနွယ်ဝင်မြက်ပင်များမှ ထုတ်လုပ်သော ဆေးရည်များသည်လည်း DEET နှင့် Picaridin ဆေးရည်တို့ကဲ့သို့ အာနိသင် မထက်မြက်သည့်အတွက် ခြင်ပေါသော ဒေသများတွင် မသုံးစွဲသင့်ပါ။

ခြင်နိုင်ဆေးရည်နှင့်နေလောင်ခံလူးဆေး

ခြင်နိုင်ဆေးရည်နှင့်နေလောင်ခံလူးဆေးများကိုအတူတွဲ၍မသုံးစွဲသင့်ပါ။ အရေပြားကို ကာကွယ်ပေးသည့် အာနိသင်ရှိပုံချင်းတူသော်လည်းတစ်ခုလိမ်းပြီး နောက်တစ်ခု လိမ်းခြင်းဖြင့် အာနိသင်ကို လျော့နည်းစေသည်။ ဥပမာ- DEET သည် နေလောင်ခံလူးဆေးတွင် ပါဝင်သော နေလောင်ခံဓါတ်ပစ္စည်း SPF ၏ အစွမ်းကို လျော့ကျစေသည်။

ခြင်ကိုက်မခံရအောင်ကာကွယ်နည်းများ

ခြင်ပေါများ၍ ခြင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားနေသော နေရာတွင် သင်နေထိုင်ပါက အောက်ပါတို့ကိုဆောင်ရွက်ပါ။

  • ဇီကာဗိုင်းရပ်စ်ပိုးရှိသောဒေသများသို့ခရီးမသွားပါနှင့်။ အကယ်၍ မဖြစ်မနေသွားရမည်ဆိုပါကလည်းကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင်ပါ။ CDC မှအထူးထုတ်ပြန်ထားသောနေရာများကိုခရီးသွားခြင်းကိုရွှေ့ဆိုင်းပါ။ (ဥပမာ – အရှေ့တောင်အာရှဒေသ)
  • အကယ်၍သင်၏လိင်ဆက်ဆံဖော်သည် ဇီကာဗိုင်းရပ်စ်ရှိရာဒေသသို့ခရီးသွားထားပါကအကာအကွယ်သုံးပါ။
  • ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ၊ အသက် ၂ လနှင့်အထက်ကလေးငယ်များအတွက် အန္တရာယ်ကင်းသော DEET နှင့် Picaridin ခြင်ဆေးရည်တို့ကိုသုံးပါ။
  • ရှင်ကန်ဂန်းယား ၊ သွေးလွန်တုပ်ကွေးနှင့် ဇီကာဗိုင်းရပ်စ်ပိုးတို့ကိုသယ်ဆောင်သောခြင်များသည် နေ့အချိန်တွင်ကိုက်သည့်အတွက် ခြင်မကိုက်အောင်ဂရုစိုက်ပါ။
  • ခြေကျင်းဝတ်နှင့် လည်ပင်းအထိလုံသောအင်္ကျီလက်ရှည် ၊ ဘောင်းဘီရှည်တို့ကိုဝတ်ဆင်ပါ။
  • ခြင်ဆေးရည်စိမ်ထားသောဖိနပ် ၊ခြင်ထောင် ၊ ရွက်ဖျင်တဲ ၊ ခြေစွပ်တို့ကိုသုံးစွဲပါ။
  • ခြင်ဆေးရည်စိမ်ထားသောအသုံးအဆောင ်အားလုံးမရရှိနိုင်ပါက ထိုအသုံးအဆောင်များကို ခြင်ဆေးရည်ဖျန်းထားပါ။
  • ခြင်လုံဇကာ (သို့မဟုတ်) လေအေးပေးစက်တပ်ထားသောအခန်းတွင်အိပ်ပါ။
  • ပြတင်းပေါက်နှင့် တံခါးမကြီးများကိုခြင်လုံဇကာတပ်ပါ။
  • လေအေးပေးစက် အသုံးပြုခြင်းကလည်း ခြင်ကို ကာကွယ်ပေးနိုင်သည်။
  • လေအေးပေးစက်မရှိပါက ခြင်ထောင် ထောင်၍အိပ်ပါ။
  • အိမ်နှင့်အိမ်ပတ်ဝန်းကျင်ရှိ အိုးခြမ်းပဲ့၊ ရေအိုးပဲ့များ ၊ တာယာဟောင်းများ ၊မြောင်းများ ၊ ရေအိုင်ငယ်များနှင့် ခြင်ပေါက်ဖွားနိုင်သောနေရာများကို ၁ ပတ်တစ်ခါရှင်းလင်းပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement