ပန်းနံ့ သို့မဟုတ် သစ်သီးနံ့ နဲ့ရေမွှေးနံ့တွေကိုခြင်တွေနှစ်သက်ပါတယ်။ ကလေးအသုံးအဆောင်တွေမှာ အမွှေးနံ့အရမ်းမစူးတဲ့ ရှန်ပူ၊ရေချိုးဆပ်ပြာ၊လိုးရှင်းနဲ့အဆီတွေကိုရှောင်ပါ။ lavender၊ citronella၊ lemongrass၊ peppermint၊ clove တို့လိုခြင်ပြေးတဲ့အနံ့မျိုးပါတဲ့ ပစ္စည်းတွေကိုရွေးချယ်ပါ။ချွေးနံ့ပြင်းရင်လည်းခြင်ပိုကိုက်တာကြောင့် ချွေးနံ့ သို့မဟုတ် ကစားထားလို့ညစ်ပေပြီး အနံ့တွေထွက်နေရင် အဝတ်အစားလဲပေးပါ။
အရည်အသွေးပြည့် ခြင်ဆေးကောင်းကောင်းကိုသုံးပါ
အခုချိန်မှာတော့ ခြင်ဆေးဆိုတာ ခြင်ဆေးခွေ၊ဖျန်းဆေး၊ လိမ်းဆေး နှင့် လျှပ်စစ်အပူပေးခြင်ပေးစက် စသည်ဖြင့် ဈေးကွက်မှာပုံစံအမျိုးမျိုးနဲ့ရရှိနိုင်ပါတယ်။ အဲဒီထဲကမှမိသားစုအတွက်ဘေးအကင်းဆုံး၊ ကာကွယ်မှုအထိရောက်ဆုံး၊ အနံ့အသက်အကောင်းဆုံးကိုရွေးချယ်သင့်ပါတယ်။
အိမ်နားဝန်းကျင်မှာ ခြင်ဆေးဖျန်းပါ
အိမ်နားဝန်းကျင်မှာ မကြာမကြာ ပုံမှန်ခြင်ဆေးဖျန်းတာ(fumigating )က ကလေးအတွက် ခြင်အန္တရာယ်ကင်းစေဖို့အပြင် ကျန်းမာတဲ့ပတ်ဝန်းကျင်တစ်ခုရရှိစေနိုင်မယ့်အချက်ပါ။ လိုအပ်ရင် ရပ်ကွက်၊မြို့နယ် သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနတွေဆီက တာဝန်ရှိသူတွေကိုတောင်းဆိုပြီးဆေးဖျန်းခိုင်းပါ။
တရေးအိပ်ရင် ခြင်ထောင်ထောင်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။