home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အွန်လိုင်းပေါ်က ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

အွန်လိုင်းပေါ်က ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

ယနေ့အချိန်ကာလမှာ ဆေးရုံ ဆေးခန်းတိုင်းလိုလိုဟာ အွန်လိုင်းကနေဆေးကုသခြင်းစနစ်ဖြစ်တဲ့ Telemedicine နည်းစနစ်ကို စတင်ပြောင်းလဲလာကြပါတယ်။ဒီလို Covid-19 ကာလမှာ လူတိုင်း အိမ်မှာနေ သင့်ပြီး social distancing နည်းစဉ်တွေကို လိုက်နာဖို့ ညွန်ကြားထားတာမို့ ဒီ Telemedicine နည်းပညာက ဆရာဝန်တွေအတွက်ကော နေမကောင်းတဲ့လူနာတွေအတွက်ပါ အဆင်ပြေလှပါတယ်။ လူတွေအများကြီးကြား တန်းစီမစောင့်ရခြင်း၊တက္ကစီဖိုးချွေတာနိုင်ခြင်း၊ဆေးခန်းပြဖို့အတွက် အလုပ်ကနေခွင့်ယူရန်မလိုအပ်ခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးကိုလည်း ရရှိနိုင်ပါသေးတယ်။ဒီတော့ Telemedicine နည်းဖြင့် ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ထားကြသူတွေအနေနှင့် အောက်ပါနည်းလမ်းလေးတွေကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ပိုမိုချောမွေ့စွာ ကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။

(၁) နည်းပညာကြောင့် သင့်ဆေးကုသချိန်ကို မပျက်စီးပါစေနှင့်

ဆေးမကုသခင်မှာ သင့်အနေနှင့် လိုအပ်တဲ့software သို့မဟုတ် applicationကို ဒေါင်းလုပ်ဆွဲထားပါ။ သင့်အသုံးပြုမယ့် ဖုန်း၊တက်ဘလက်၊ကွန်ပျူတာနှင့်ပတ်သက်ပြီး errorတစ်ခုခုရှိနေပါက တတ်ကျွမ်းသောသူနှင့် မေးမြန်းပြီးပြင်ထားပါ။ ဆေးကုသနေစဉ် အနှောင့်အယှက်ပေးနိုင်တဲ့ Facebook နှင့် Messenger Notificationများကို offထားသင့်ပါတယ်။ ဖုန်းကိုဘတ်ထရီအပြည့်ဖြစ်အောင် အားသွင်းထားတာ အကောင်းဆုံးပါပဲ။ ဖုန်းအသံကိုကောင်းစွာကြားနိုင်မယ့် Volumeမှာထားထားပြီး သင့်အသံကို တစ်ဖက်ကကြားနိုင်ဖို့လည်း ကြိုတင်စမ်းသပ်ပြင်ဆင်သင့်ပါတယ်။
အရေးကြီးတဲ့အချက်ကတော့ သင့်အနေနှင့် လူကိုယ်တိုင်ဆေးခန်းသွားပြသကဲ့သို့ ပြင်ဆင်ထားဖို့ပါပဲ။ ခံစားရသောလက္ခဏာများ၊ မေးလိုသောမေးခွန်းများ၊ သင့်ရောဂါရာဇဝင်စတာတွေကို ချရေးထားပါ။

(၂) ကောင်းမွန်သော နေရာကို ရွေးချယ်ပါ

သင့်အနေနှင့် အင်တာနက်လိုင်းဆွဲအားကောင်းပြီး Privacyလည်းရှိတဲ့ ငြိမ်သက်တိတ်ဆိတ်တဲ့နေရာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်။ ဖုန်း သို့မဟုတ် တက်ဘလက်ကို မျက်စိနှင့်တစ်တန်းတည်းဖြစ်အောင် စားပွဲတစ်ခုပေါ်တွင် တင်ထားပါက ပိုကောင်းပါတယ်။ ဒီလိုတွေ ပြင်ဆင်ထားခြင်းဖြင့် ဆရာဝန်နှင့်သင့်အကြား အနှောက်အယှက်တစ်စုံတစ်ရာမရှိပဲ ကောင်းမွန်စွာဆွေးနွေးနိုင်မှာပါ။

(၃) စာအုပ်ထဲတွင် ချရေးပါ

ဆေးခန်းပြသလို ဆရာဝန်အခန်းကနေထွက်လာတာနှင့်တပြိုင်နက် ဆေးစာအုပ်က သင့်လက်ထဲရောက်လာမှာမဟုတ်တာမို့ ဆရာဝန်ပြောကြားတဲ့ ညွန်ကြားချက်များနှင့် ကုသမှုပုံစံတွေကို တတ်နိုင်သမျှ ချရေးထားသင့်ပါတယ်။

(၄) ဆေးကုသမှုခံယူပြီးချိန်တွင် Feedbackပေးပါ

သင့်အနေနှင့်ထင်မြင်ယူဆချက်နှင့်အတူ ဘယ်အချက်တွေကို ပြင်ရမလဲ နောက်တစ်ကြိမ်မှာဆို ဘယ်လိုဖြစ်စေချင်တယ်စတဲ့ ဝေဖန်မှုများကို ရေးပေးသင့်ပါတယ်။ဒါမှသာ teamအနေနှင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်မှာဖြစ်ပါတယ်။

(၅) စိတ်ရှည်ပါ

သင့်အနေနှင့် ပထမဆုံးအကြိမ် telemedicine ပြသတာဖြစ်လို့ အဆင်မပြေတာတွေ ကြုံနိုင်ပါတယ်။အရေးကြီးဆုံးကတော့ စိတ်ကိုရှည်ရှည်ထားပါ။ နည်းပညာကိုမကျွမ်းကျင်တာမျိူးအတွက် ဘေးကနေ လူတစ်ယောက်ထားပြီး ကူညီခိုင်းလို့ရပါတယ်။

Telemedicineနည်းကိုသုံးပြီး ဆေးကုသမှုခံယူမယ်ဆိုပါက အဆင်ပြေလွယ်ကူတာတွေတွေ့ရသလို အဆင်မပြေတာတွေလည်းရှိနိုင်ပါတယ်။ Covid-19ကာလမှာ နေထိုင်မကောင်းဖြစ်ရင်တော့ အိမ်ပြင်မထွက်ပဲ အိမ်မှာသာနေပြီး အင်တာနက်ကတဆင့် Telemedicineနည်းကို အသုံးပြုပြီးကုသမှုခံယူမယ်ဆိုရင်တော့ အထက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ကြနော်။

ရေးသားသူ- Dr Rose

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။