backup og meta

အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ အထီးကျန်ဝေဒနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ အထီးကျန်ဝေဒနာ

    လူဆိုတာ ဘယ်လောက်ပဲ တစ်ယောက်ထဲ နေရတဲ့အချိန်ကို သဘောကျတယ်ပြောပြော ကိုယ့်အိမ်ထဲမှာ ရက်ပေါင်းများစွာ လှောင်ပိတ်နေရပြီး အပြင်လည်း မသွား၊ အပေါင်းအသင်းတွေနဲ့လည်း မတွေ့ဆိုရင် ကြာလာတာနဲ့ ငူငူငိုင်ငိုင်တွေ ဖြစ်ပြီး အထီးကျန်တော့မှာပေါ့။ ဒီလိုမျိုး အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ အထီးကျန်လာတဲ့ ခံစားချက်မျိုးကို Cabin Fever လို့ ခေါ်ကြပြီး စိတ်ကျန်းမာရေး ပြဿနာလို့ သတ်မှတ်ရတဲ့အထိတော့ မပြင်းထန်ပါဘူး။

    ဘယ်လိုပဲ ဖြစ်နေပါစေ၊ အထီးကျန်နေတဲ့ ခံစားချက်ကြီးကိုတော့ ဘယ်သူကမှ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုလို ကာလမျိုးမှာ ရုပ်ခန္ဓာကို ဂရုစိုက်ဖို့ လိုသလို စိတ်ကျန်းမာရေးကိုလည်း မေ့ထားလို့တော့ မဖြစ်ပါဘူး။

    အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေ

    အိမ်တွင်းအောင်း ခြင်းက နောက်ဆက်တွဲ အနေနဲ့ လူမှုနယ်ပယ်နဲ့ ဝေးကွာလာတာနဲ့အမျှ အထီးကျန်ဆန်ခြင်းသာမက နောက်ဆက်တွဲအနေနဲ့

    • စိတ်ဓာတ်ကျလာခြင်း
    • စိတ်ဆိုး၊ ဒေါသထွက်လွယ်လာခြင်း
    • ညဘက်မှာ ကောင်းစွာ အိပ်မပျော်နိုင်တော့ခြင်း
    • စိုးရိမ်ပူပန်စိတ်တွေ ပိုများလာခြင်း
    • စိတ်မရှည်တော့ခြင်း
    • ဘာလုပ်ရမယ်ဆိုတာ မသိတော့ခြင်း
    • ကြိုးစားချင်စိတ်များ ပျောက်ဆုံးခြင်း
    • ဝမ်းနည်းခြင်း စတဲ့ လက္ခဏာတွေပါ တွေ့လာနိုင်ပါတယ်။

    ကိုယ့်ဘာသာကိုယ် အပြင်သိပ်မထွက်ဘဲ အိမ်တွင်းအောင်းနေတတ်တဲ့ သူတွေ (Introvert) ကတော့ ဒီလိုကာလမျိုးဟာ သူတို့အတွက်တော့ ပုံမှန် နေ့ရက်တွေကို ကျော်ဖြတ်နေရသလိုပဲ ဖြစ်နေတတ်ပါတယ်။ အမြဲတမ်း သူငယ်ချင်းတွေနဲ့ လျှောက်သွား၊ လျှောက်စား၊ လူမှုနယ်ပယ်မှာ ပုံမှန်ကျင်လည်နေရတဲ့သူတွေမှာ အထီးကျန်တာ ပိုအဖြစ်များပါတယ်။

    ဒီလို ဖြစ်လာရင် ဘာလုပ်ကြမလဲ။

    အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ အထီးကျန်ဝေဒနာ က စိတ်ကျန်းမာရေး ပြဿနာ ကြီးကြီးမားမား မဟုတ်တာကြောင့် အရမ်းကြီး စိုးရိမ်ဖို့လည်း မလိုသလို ရိုးရှင်းလွယ်ကူတဲ့ စိတ်ကုထုံးနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ အထီးကျန်ဆန်ကို ဖြေဖျောက်လို့ ရပါတယ်။

    ဒီနည်းလမ်းတွေကတော့

    ၁။ မကြာခဏ သူငယ်ချင်းတွေ၊ ကိုယ်ချစ်ရတဲ့ သူတွေကို ဖုန်းခေါ်ပါ။ အင်တာနက်ကနေ စာပို့တာ၊ လူပါလှမ်းမြင်နိုင်တဲ့ video call ခေါ်တာမျိုး လုပ်ကြည့်ပါ။ အိမ်တွင်းအောင်း နေနေဆိုပြီး သူတို့တွေနဲ့ အဆက်အသွယ် ပြတ်စရာ မလိုပါဘူး။

    ၂။ စိတ်အရမ်း ညစ်နေတယ်၊ ဘာလုပ်ရမှန်းလဲ မသိတော့ဘူးဆိုရင် သီချင်းအော်ဆိုလိုက်ပါ၊ ဒါမှမဟုတ်လည်း ကိုယ် ကြိုက်တဲ့ သီချင်းတွေကို ရှာပြီး နားထောင်ကြည့်ပါ။

    ၃။ အချိန် ခဏလောက်ပေးပြီး လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။ အလေးတုံးတွေ ရှိရင် ကိုယ်ပုံမှန် ဆော့နေကျအတိုင်း ခန္ဓာကိုယ် အပေါ်ပိုင်း၊ အောက်ပိုင်းတွေကို လေ့ကျင့်ပေးလို့ ရပါတယ်။ အဲ့လို မဟုတ်ရင်လည်း အလေးမလိုတဲ့ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာ၊ ထိုင်ထလုပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။

    ၄။ ယောဂကျင့်တာ ဝါသနာပါသူတွေ၊ လူကြီးအရွယ်တွေ အနေနဲ့ ဒီလိုအချိန်မျိုးမှာ စိတ်ပေါ့ပါးလန်းဆန်းစေဖို့ ယောဂကျင့်ပေးနိုင်ပါတယ်။ အိမ်မှာပဲ အမြဲနေရတဲ့ အခါမှာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တင်းနေတဲ့ အကြောအချဉ်တွေ၊ ကြွက်သားတွေကိုလည်း ဖြေလျှော့ပေးသလို ညဘက်မှာလည်း ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

    ၅။ အရင်က ရုံး၊ ကျောင်းနဲ့မို့ မကူနိုင်ခဲ့တဲ့ အိမ်အလုပ်တွေကို ကိုယ်တတ်နိုင်သလောက် ဝိုင်းကူပါ။ အိမ်က လူကြီးတွေ၊ ညီအစ်ကို မောင်နှမတွေနဲ့ စကားစမြည်ပြောပါ။ ရင်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေကို ဖွင့်ဟပါ။

    ၆။ အမြဲတမ်း အားအားရှိ ဖုန်းပွတ်နေမယ့်အစား ကိုယ့်ဘဝ တက်လမ်းအတွက် အကျိုးရှိစေမယ့် စာအုပ်စာပေတွေကို ဖတ်ရှုပါ။ အင်တာနက်ပေါ်ကနေ လက်မှုအတတ်ပညာ၊ ဘာသာစကား၊ အလှအပဆိုင်ရာ နည်းလမ်းတွေကို လေ့လာနေပါ။

    ဒီနည်းလမ်းတွေနဲ့ အထီးကျန်ဆန်တာကို လုံးဝ မဖြေဖျောက်နိုင်ရင်တောင် အတိုင်းအတာတစ်ခုထိ ခံစားနေရတဲ့ ဝေဒနာကို သက်သာသွားစေနိုင်မှာပါ။ ဒါ့ပြင် အစာအာဟာရ၊ အိပ်ချိန်ကိုလည်း သေချာဂရုပြုဖို့ ထပ်မံ အကြံပြုရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement