backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ငရုတ်ခါးရွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ငရုတ်ခါးရွက်

ဆီးချိုသမားတွေက အခါးနဲ့ တည့်တယ်ဆိုပြီး ငရုတ်ခါးရွက် စားရမယ်လို့ ပြောတာကို ကြားဖူးမယ် ထင်ပါတယ်။ ဒီငရုတ်ခါးရွက်ကို ဆီးချိုအတွက် ဆေးတွေလုပ်ပြီး ထုတ်လုပ်ကြတာ ရှိသလို ဆေးခါးကြီး လုပ်ရာမှာလည်း ငရုတ်ခါးရွက်ကို အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ ငရုတ်ခါးရွက်က ကျန်းမာရေးအတွက် ဘယ်လိုတွေ ထောက်ကူပေးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ငရုတ်ခါးရွက် ဆိုတာ

ငရုတ်ခါးရွက် လို့ ဆိုပေမယ့် တကယ်ကတော့ ငရုတ်ခါးပင်ကလည်း အခြား ဆေးဖက်ဝင်အပင်တွေလိုပဲ တစ်ပင်လုံး ဆေးဖက်ဝင်ပါတယ်။ ဆေးဖက်ဝင် အပင်တွေရဲ့ သဘာဝအတိုင်း ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်တာပါ။ တောင်အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံ သီရိလင်္ကာနိုင်ငံတွေမှာ ပေါက်ရောက်ကြသလို မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးဖြစ်ထွန်းပါတယ်။

အရွက်က အစိမ်းရောင် ရှည်မြောမြောလေးတွေပါ ပင်စိမ်းရွက်နဲ့ ခပ်ဆင်ဆင် ပုံစံမျိုးလည်း ရှိပါတယ်။ ပန်းလေးတွေ ပွင့်တတ်ပြီး ငရုတ်သီးတောင့်လိုမျိုး အသီးလေးတွေ သီးပါတယ်။ ချုံပင်ငယ်လေးလိုမျိုး ပေါက်ရောက်တာပါ။

ငရုတ်ခါးပင်ကို အအေးမိဖျားနာတာတွေ သက်သာစေဖို့ အသုံးပြုကြသလို အစာခြေစနစ်ပြဿနာတွေအတွက်လည်း အသုံးပြုကြပါတယ်။

အသုံးပြုပုံများ

ငရုတ်ခါး

ငရုတ်ခါးရွက်ကို ဘယ်လိုအသုံးပြုကြသလဲ။ ဘာတွေအတွက် အသုံးပြုကြသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

  • အအေးမိ ဖျားနာ သက်သာစေတယ်။ ကာကွယ်ပေးတယ်
  • လေ့လာမှုတွေအရ ငရုတ်ခါးရွက်ကို အအေးမိဖျားနာတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ထိရောက်မှု ကောင်းစေဖို့အတွက်တော့  ၇၂ နာရီအတွင်း အသုံးပြုဖို့ လိုပါမယ်။ အဖျားကျစေဖို့ ထောက်ကူပေးနိုင်ပေမယ့် တုပ်ကွေးလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ရရှိနေမယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။

    ရိုးရိုး အအေးမိဖျားနာတာကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ ကာကွယ်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

    • လည်ချောင်းနာတာ၊ အာသီးရောင်တာကို သက်သာစေတယ်

    ငရုတ်ခါးရွက်က လည်ချောင်းနာတာကို သက်သာစေနိုင်သလို အာသီးရောင်တာ၊ လည်ချောင်းနာတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

    • လေထိုးလေအောင့် သက်သာစေတယ်

    လေထိုးတာ၊ လေအောင့်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ လေအောင့်တာနဲ့ အစာခြေစနစ် ကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

    • အဆစ်ရောင်တာကို သက်သာစေတယ်

    အဆစ်ရောင်တာကို သက်သာစေဖို့အတွက် ငရုတ်ခါးရွက်ကို ပုံမှန် အသုံးပြုပေးလို့ ရပါတယ်။ သောက်သုံးပေးလို့ ရသလို အရေပြားမှာ တိုက်ရိုက်အသုံးပြုပေးလို့လည်း ရပါတယ်။

    • အရေပြားပြဿနာတွေ သက်သာစေတယ်

    အရေပြား ယားယံတာ၊ မှိုရောဂါနဲ့ အရေပြားပြဿနာ တော်တော်များများကို သက်သာစေဖို့အတွက်လည်း ငရုတ်ခါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ ပြုတ်ရည်၊ အရွက်ကြိတ်ထားတာ ဒါမှမဟုတ် သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။

    • သွေးပေါင်ချိန် ထိန်းညှိပေးတယ်

    ငရုတ်ခါးရွက်ကို သွေးတိုးသက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အကြောင်းကတော့ ငရုတ်ခါးရွက်က သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

    • သွေးချို ထိန်းညှိပေးတယ်

    ဆီးချိုရှိသူတော်တော်များများနဲ့တော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ငရုတ်ခါးရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးချိုကို ထိန်းညှိပေးနိုင်ပါတယ်။

    ဒါတွေအပြင်

    • တုပ်ကွေးလက္ခဏာ သက်သာစေဖို့
    • ဓာတ်မတည့်တာ သက်သာစေဖို့
    • ထိပ်ကပ်နာ သက်သာစေဖို့
    • ကိုယ်ခံအား ကောင်းစေဖို့
    • ခံတွင်းအနာ သက်သာစေဖို့
    • အသည်း ကျန်းမာစေဖို့
    • နှလုံး ကျန်းမာစေဖို့တွေလည်း အသုံးပြုပေးလို့ ရပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    ငရုတ်ခါးရွက်က ပုံမှန်အားဖြင့် အသုံးပြုဖို့ ဘေးကင်းပါတယ်။ ရေတိုမှာပေါ့။ ဒါပေမယ့် ငရုတ်ခါးရွက်ကို အခြားကျန်းမာရေးပြဿနာတွေအတွက် ဆေးသောက်နေရတာရှိရင် တွဲသောက်တာမျိုး မလုပ်ပါနဲ့။

    ငရုတ်ခါးရွက်က အစားစားချင်စိတ် ပျောက်တာ၊ ဝမ်းပျက်စေတာ၊ အော့အန်တာ၊ အင်ပြင်တွေ ထွက်တာ၊ ခေါင်းကိုက်တာ၊နှာစေးတာ၊ ခြေကုန်လက်ပမ်းကျတာတွေ ဖြစ်စေနိုင်ပါတယ်။

    ရေရှည်မှာ သောက်သုံးတာက ပြန်ရည်ကျိတ်တွေ ရောင်စေတာ၊ ပြင်းထန်တဲ့ ဓာတ်မတည့်မှု ပြဿနာ၊ အသည်းအင်ဇိုင်းထုတ်လုပ်မှုအပေါ် သက်ရောက်တာ နဲ့ အခြား ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

    သတိပြုရန် အချက်များ

    • နို့စို့ကလေးတွေ နဲ့ ကလေးငယ်လေးတွေကို အသုံးမပြုခိုင်းပါတဲ့။
    • ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေ အသုံးပြုလို့ မရပါဘူး။ မျိုးဆက်ပွား ကျန်းမာရေးအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။ ကလေးရဖို့ ကြိုးစားနေသူတွေ အသုံးမပြုသင့်ပါဘူး။
    • Auto-immune ရောဂါရှိသူတွေ အသုံးမပြုသင့်ပါဘူး။
    • သွေးထွက်တာနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိမယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။
    • သွေးပေါင်ကျတတ်သူတွေ၊ သွေးချိုကျတတ်သူတွေ အသုံးမပြုသင့်ပါဘူး။ သွေးကျဆေးသောက်နေရသူတွေအနေနဲ့လည်း အသုံးမပြုသင့်ပါဘူး။

    ငရုတ်ခါးရွက်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement