ရုံးပတီသီး (Okra)
ရုံးပတီသီး ဆိုတာ
ရုံးပတီသီးဆိုတာက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာတော်တော်များများမှာပေါက်ရောက်ကြပါတယ်။ ရုံးပတီသီးပင်က ဘယအပင်မျိုးရင်းဝင်လဲဆိုတာကိုတော့ အခုချိန်ထိသေသေချာချာမသိရသေးပါဘူး။ ရုံးပတီသီးကိုကြော်စားတာ၊ ချဉ်ဟင်းချက်စားတာနဲ့ ပဲဟင်းတွေထဲထည့်တာ၊ပြုတ်ပြီး အတို့အမြှုပ်အဖြစ်စားသုံးတာ။ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်နဲ့တို့စားတာမျိုးလုပ်စားလို့ရပါတယ်။ ရုံးပတီသီးမှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အာဟာရဓါတ်တွေများစွာပါဝင်နေပြီး ရုံးပတီသီးကိုစားသုံးပေးရင်ဘာအကျိုးကျေးဇူးတွေရရှိ နိုင်မလဲဆိုတာကို သိရှိနိုင်စေဖို့ တင်ပြပေးလိုက်ပါတယ်။