backup og meta

နာမည် များစွာကို ပိုင်ဆိုင်ထားတဲ့ မန်ကျည်းသီးခွေခွေလေးတွေ ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာမည် များစွာကို ပိုင်ဆိုင်ထားတဲ့ မန်ကျည်းသီးခွေခွေလေးတွေ ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

    ငယ်ငယ်က ဆော့ရင်း ပျော်ပျော်ပါးပါး ခူးစားခဲ့ဖူးတဲ့ မန်ကျည်းသီးခွေခွေလေးတွေ က အရောင်ကလည်း ချစ်စရာ ကောင်းသလို အသွင်အပြင်ကလည်း ချစ်စရာ ကောင်းပါတယ်။ ဒီအသီးလေးကို ကုလားမန်ကျည်းသီးလို့ ခေါ်သလို တရုတ်မန်ကျည်းသီးလို့လည်း ခေါ်ကြပါတယ်။

    ဒီအသီးလေးက အခွံစိမ်းစိမ်းလေးဖြစ်နိုင်သလို မှည့်သွားတဲ့အခါ အခွံက ခပ်နီနီလေး ဖြစ်သွားပါတယ်။ အတွင်းသားက ဖြူဖြူလေး ဖြစ်နိုင်သလို နီနီလေးလည်း ဖြစ်နိုင်ပါတယ်။ ဒီအသီးလေးက အတွင်းမှာ အမဲရောင် အစေ့လေးတွေ ပါဝင်နေပြီး အစေ့ကိုတော့ ထွေးထုတ်ရပါတယ်။

    ဒီစားလို့ကောင်းတဲ့ အသီးလေးရဲ့ နောက်ထပ် နာမည်တစ်ခုကတော့ manila tamarind ပါ။ ဒီအသီးလေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

    manila tamarind မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

    Manila tamarind မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ကာဗိုဟိုက်ဒရိတ်
  • ကယ်လ်လိုရီ
  • အမျှင်ဓာတ်
  • ဗီတာမင် C
  • ကယ်လ်ဆီယမ်
  • ဖော့စဖရိတ်
  • သံဓာတ် တို့ ပါဝင်ပါတယ်။
  • နာမည် များစွာကို ပိုင်ဆိုင်ထားတဲ့ မန်ကျည်းသီးခွေခွေလေးတွေရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

    အမည်နာမ မျိုးစုံကို ပိုင်ဆိုင်ထားတဲ့ မန်ကျည်းသီးခွေခွေလေးတွေမှာ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲ။ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    အရောင်ကျစေနိုင်တယ်

    နာတာရှည် ရောဂါတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ဖို့အတွက်လည်း ထောက်ကူပေးနိုင်ပါတယ်။ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ စားသုံးပေးလို့ ရပါတယ်။

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

    manila tamarind မှာ alkaloid၊ coumarins၊ ဖလေဗာနွိုက်၊ phlorotannins၊ tannins နဲ့terpenoids တို့ လိုမျိုး သဘာဝ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

    ဆီးချို သက်သာစေနိုင်တယ်

    Manila tamarind မှာ ဆီးချိုကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ပိုင်ဆိုင်ထားပါတယ်။ ဆီးချိုရှိသူတွေလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက် စားသုံးပေးလို့ ရပါတယ်။

    ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တယ်

    Manila tamarind မှာ ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်မှာ ကပ်ညှိနေတဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ပိုးမွှားတွေကြောင့် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    နှလုံး ကျန်းမာစေနိုင်တယ်

    ကျန်းမာ အသက်ရှည်ဖို့ဆိုတာ နှလုံးကျန်းမာဖို့ လိုအပ်ပါတယ်။ နှလုံး ကျန်းမာစေဖို့အတွက်လည်း ဒီမန်ကျည်းသီး ခွေခွေလေးကို စားပေးလို့ ရပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်သလို သွေးတိုးတာ၊ လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်

    ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းသွားတာ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေကို သက်သာစေဖို့အတွက်လည်း ဒီမန်ကျည်းသီး ခွေခွေလေးကို စားသုံးပေးလို့ ရပါတယ်။ အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    ပါးစပ်ထဲက အနာကို သက်သာစေနိုင်ပါတယ်

    ဒီမန်ကျည်းသီး ခွေခွေလေးက ပါးစပ်ထဲမှာ အနာဖြစ်စေနိုင်တဲ့ အက်ဆစ်ကို လျှော့ချပေးပါတယ်။ ဒါကြောင့် ပါးစပ်ထဲမှာ အနာဖြူဖြူလေးတွေ ဖြစ်တဲ့အခါ သက်သာစေဖို့အတွက် manila tamarind ကို စားပေးလို့ ရပါတယ်။

    မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်

    manila tamarind မှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိနေတာကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

    ဒါတွေအပြင် မန်ကျည်းသီး ခွေခွေလေးက အသားအရေကို ကျန်းမာစေသလို ဆံသားတွေကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

    ကဲ ….. နာမည် များစွာကို ပိုင်ဆိုင်ထားတဲ့ မန်ကျည်းသီးခွေခွေလေးတွေ ကို စားရင်း သဘာဝက ပေးတဲ့ လက်ဆောင်လေးတွေကို ရယူလိုက်ပါ။

    ဘယ်သူတွေ မစားသင့်ဘူးလဲ။

    မန်ကျည်းသီး ခွေခွေလေးက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပေမယ့်

    • ကိုယ်ဝန်ဆောင်တွေ
    • နို့တိုက်မိခင်တွေ
    • ရောဂါ အခံတစ်ခုခု ရှိသူတွေ
    • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement