လူများသည် မကြာခဏ လည်ချောင်းနာ တတ်ကြသည်။ ၎င်းသည် လည်ချောင်းတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ဤဆောင်းပါးတွင် လည်ချောင်းနာခြင်းကို ဘယ်လို ကျော်လွှားမလဲကို ဖော်ပြ ထားပါသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
လူများသည် မကြာခဏ လည်ချောင်းနာ တတ်ကြသည်။ ၎င်းသည် လည်ချောင်းတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ဤဆောင်းပါးတွင် လည်ချောင်းနာခြင်းကို ဘယ်လို ကျော်လွှားမလဲကို ဖော်ပြ ထားပါသည်။
လည်ချောင်းနာခြင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ခြောက်သွေ့သောလေ၊ ဓါတ်မတည့်မှုများ သို့မဟုတ် တုပ်ကွေး၊ အအေးမိခြင်း၊ ရေကျောက်၊ ဝက်သက် စသော ရောဂါများကြောင့် ဖြစ်နိုင်သည်။
လည်ချောင်းနာခြင်းသည် ဆိုးရွားပါက ဆရာဝန်အကူ အညီလိုအပ်ပြီး မဆိုးရွားပါက အောက်ဖော်ပြပါ အိမ်သုံးကုထုံး များဖြင့် ကုသနိုင်သည်။
နွယ်ချို အမြစ်များကို ရေနှင့် ရောဖျောပါက အကျိုး ထိရောက်သော အာလုပ်ကျင်းဆေးရည်ကို ရရှိသည်။ ဤ ဆေးဖက်ဝင်သည် လည်ချောင်းနာခြင်းနှင့် ခွဲစိတ်ပြီးနောက် ချောင်းဆိုးခြင်းကို သက်သာစေနိုင်သည်။
ပျားရည်ကို အနာပျောက်စေသော အရာအဖြစ် သိကြ သည်။ ပျားရည်သည် လည်ချောင်းနာခြင်းကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။ ပျားရည်ကို လက်ဖက်ရည်ဖြင့် ရော၍ဖြစ်စေ၊ တစ်မျိုးတည်း ဖြစ်စေ သုံးနိုင်သည်။ လည်ချောင်းနာခြင်းကို သက်သာစေသည့်အပြင် ညဘက် ချောင်းဆိုးခြင်းကိုလည်း သက်သာစေသည်။
ဆားရည်ဖြင့် အာလုပ်ကျင်းပါက လည်ချောင်းနာခြင်း ပျောက်ကင်းနိုင်သည်။ ဆားကို ရေနွေးဖြင့် ဖျော်ပါ။ ဆားရည်သည် လည်ချောင်းနာခြင်းကို သက်သာစေသည်။ စိမ့်ရည် ထွက်ခြင်း ကို နည်းစေသည်။ လည်ချောင်းတွင်းရှိ ဘတ်တီးရီးယားများကို သတ်ပေးသည်။ လည်ချောင်း သန့်ရှင်းပြီး အနာသက်သာစေရန် ၃နာရီတစ်ခါ ဆားရည်ဖြင့် အာလုပ်ကျင်းပေးပါ။
ပူရှိန်းသကြားလုံးသည် ခံတွင်းရနံ့ ကောင်းစေသည့်အပြင် လည်ချောင်းနာခြင်းကိုလည်း သက်သာစေနိုင်သည်။ ထို့အပြင် ပူရှိန်းသကြားလုံးတွင် ပါဝင်သော methol သည် အချွဲအကျိ များထွက်ခြင်းကို နည်းစေပြီး ချောင်းဆိုးသက်သာစေသည်။ ပူရှိန်းသကြားလုံးသည် အရောင်ကျသော၊ ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယားများ သေစေသော စွမ်းရည်လည်းရှိသည်။ ထိုစွမ်းရည်များသည် အနာသက်သာစေရန် ကူညီပေးသည်။
ကမ်မိုမိုင် လက်ဖက်ရည်ကို လည်ချောင်းနာခြင်း သက်သာ စေသော ဆေးအဖြစ် သုံးစွဲကြသည်။ ၎င်းသည် လည်ချောင်းနာခြင်းကို ကုသရာတွင်သုံးသော ရှေးအကျဆုံး ဆေးဖက်ဝင် တစ်မျိုး ဖြစ်သည်။ ထို့အပြင် ကမ်မိုမိုင် လက်ဖက်ရည်သည် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး လည်ချောင်းနာခြင်းကို ဖြစ်စေသော အရာများကို ပိုပြီး ခုခံနိုင် စေသည်။
လည်ချောင်းနာခြင်းသည် ရက်အတန်ကြာ အိမ်သုံးကုသမှု ဖြင့် သက်သာမလာပါက သင့်တော်သော ဆေးပညာ အကူအညီရယူပါ။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။