backup og meta

ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ....

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ....

    ဆောင်းလေးအေးလာပြီနော်။ အသားတွေကလည်း ခြောက်ကပ်နေပါပြီ။ အသားတွေခြောက်လို့ ယားတဲ့အထိတောင်ဖြစ်နေပြီ။ ဆောင်းအေးတာကိုတော့ ကြိုက်ပါရဲ့။ ဒါပေမယ့် အသားတွေ ခြောက်လို့ ဆိုပြီး အရမ်းလည်းစိတ်ညစ်မနေပါနဲ့။ စာဖတ်ပရိသတ်ကြီးရဲ့ အခက်အခဲတိုင်းကို ဖြေရှင်းပေးမယ့် Helloဆရာဝန် ရှိတယ်လေ။ အခုလည်း ဆောင်းအေးလို့ အသားတွေခြောက်နေတဲ့ ပရိသတ်ကြီးအတွက် နည်လမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။

    ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ….

    ဆောင်းအေးလို့ အသားတွေခြောက်နေပြီလား…………. ဒါဆို ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ…. ဆိုတာကို အဖြေထုတ်ပေးပါမယ်။

    အသားတွေခြောက်နေတာကို သိသိသာသာသက်သာစေမယ့် အိမ်တွင်းကုထုံးလေးတွေကို တူတူဆက်ကြည့်လိုက်ရအောင်လား။ နည်းလမ်းတွေကတော့ အမျိုးမျိုးပါပဲ။ ဒီနည်းလမ်းတွေထဲမှာ အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းကို ကိုယ်တိုင်စိတ်ကြိုက်ရွေးလိုက်တော့နော်။

    နေကြာဆီက အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်အနေနဲ့ လူးပေးလို့ရပါတယ်။ အသားအရေကိုရေဓာတ်ဖြည့်ပေးသလို  အသားအရေပျက်စီးမှုမရှိအောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားခြောက်တာကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ သုံးလို့ရပါတယ်။

    • သံလွင်ဆီ

    ခေါင်းအစ ခြေအဆုံးအလှတရားအတွက် အကောင်းဆုံးတာဝန်ယူပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးပါ။ သံလွင်ဆီ အသားအရေကိုရေဓာတ်ဖြည့်ပေးနိုင်ပြီး အသားအရေထိခိုက်မှုမရှိအောင် အကောင်းဆုံးကာကွယ်ပေးပါတယ်။

    အစိုဓာတ်ထိန်းခရင်မ်အစားထိုးစားသုံးပေးလို့ရပါတယ်။ ဆောင်းအအေးဒဏ်ကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားလေးကိုပါ ရေဓာတ်ဖြည့်ပေးနိုင်သေးတယ်နော်။

    အသားအရေခြောက်သွေ့မှုအတွက် စိတ်ချလက်ချအားကိုးလို့ရတဲ့ သဘာဝအဆီတစ်မျိုးပါ။ ခြောက်သွေ့နေတဲ့အရေပြားပေါ်ကို ပွတ်လိမ်းပေးရုံပါ။ အရေပြားကိုရေဓာတ်ဖြည့်ပေးပြီး အအေးဒဏ်ကြောင့် အသားအရေထိခိုက်မှုမရှိအောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အသားအရေချောမွေ့စေဖို့လည်း အုန်းဆီလေးက အားကိုးလို့ရပါတယ်။

    အုတ်ဂျုံမှာ အသားခြောက်တာကို သက်သာစေနိုင်တဲ့ သဘာဝအာနိသင်ရှိပါတယ်။ အုတ်ဂျုံက အသားခြောက်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။  အုတ်ဂျုံက အသားခြောက်တာကအတွက်တင်မဟုတ်ပါဘူး။ အင်ပျဉ်ထတာ။ အရေပြားမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းတာလိုမျိုး ပြဿနာတွေအတွက်လည်း အမှန်တကယ်ကို အသုံးတည့်ပါတယ်။ ဒါ​ကြောင့် အသားခြောက်တာကင်းချင်တယ်ဆိုရင် ရေနွေးထဲကို အုတ်ဂျုံထည့်စိမ်ပြီး ရလာတဲ့အရည်ကို အအေးခံပြီး ချိုးပေးပါ။

    နို့ကလည်း အသားခြောက်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ နို့ကို အရေပြားပေါ်မှာလိမ်းတာထက် သောက်ပေးတာက အသားအရေခြောက်သွေ့မှုကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့်ဆောင်းတွင်းမှာ အသားခြောက်တာကင်းချင်တယ်ဆိုရင် နေ့စဉ်နို့တစ်ခွက်လောက် ပုံမှန်သောက်ပေးပါ။

    ပျားရည်က အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေနိုင်တယ်ဆိုတာ အထွေအထူးပြောစရာတောင်မလိုပါဘူး။ အသားခြောက်တာအတွက်တင်မဟုတ်ပါဘူး ပျားရည်ကို အနာကျက်စေဖို့အတွက်လည်း ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။ ပျားရည်ကအရေပြားကို အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်။

    နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်တယ်ဆိုတဲ့အချက်တွေနဲ့တင် ပျားရည်ကို အသုံးပြုပေးလို့ရနေပါပြီနော်။ ပျားရည်ကို အသားခြောက်နေတဲ့နေရာမှာ တိုက်ရိုက်လူးပေးလို့ရပါတယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါ။

  • Petroleum jelly
  • အသားအရေကို အစိုဓာတ်ထိန်းဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက Petroleum jelly ကို အသုံးပြုခဲ့ကြတာပါ။ Petroleum jelly ကို အသက်ကြီးရင့်တာကြောင့်ဖြစ်တဲ့ အသားခြောက်တာကိုသက်သာစေဖို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။ ဆောင်းအအေးဒဏ်ကြောင့် အသားခြောက်ရင်လည်း Petroleum jelly ကိုအသုံးပြုပေးလို့ရပါတယ်။

    ရှားစောင်းလက်ပပ်ကလည်း အသားခြောက်တာကို သက်သာစေနိုင်စွမ်းရှိပါတယ်။ အရေပြားပြဿနာအမျိုးမျိုးအတွက်လည်း ရှားစောင်းလက်ပပ်ကို အသုံးပြုပေးလို့ရပါတယ်။ အသားခြောက်နေတဲ့အခါ ညအိပ်ရာမဝင်ခင် အသားခြောက်နေတဲ့ နေရာကို ရှားစောင်းလက်ပပ်လိမ်းပြီး တစ်ညလုံးအိပ်လိုက်ပါ။ အသားအရေကို စုပ်ယူရေဓာတ်ဖြည့်ခွင့်ပေးလိုက်တဲ့ သဘောပါပဲ။

    ကဲ… ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ…. ဆိုတာကို သိဆောင်းအေးတာကိုပဲခံစားနော်. အသားခြောက်တာကြောင့် စိတ်ညစ် ခံမနေနဲ့တော့…………………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement