backup og meta

Alpinia (တရုတ်ဂျင်းပင်)

အသုံးပြုပုံများ

တရုတ်ဂျင်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ

တရုတ်ဂျင်းပင် အပင်မျိုးနွယ်ဖြစ်ပြီး မြေကြီးအောက်တွင် အပြင်လိုက်ရှိနေသော အပင်၏ အမြစ်များကို ဆေးအနေနှင့် အောက်ပါတို့အတွက် အသုံးပြုနိုင်သည်။

  • ဝမ်းဗိုက်တွင်း လေပွခြင်း
  • ကူးစက်ရောဂါများဖြစ်ခြင်း
  • အကြောဆွဲခြင်း
  • ဖျားခြင်း
  • ရောင်ရမ်းခြင်း
  • သွေးထွက်ခြင်း နှင့် ဘက်တီးရီးယားများကို သေစေရန်၊နှင့် အားတိုးစေရန် အသုံးပြုကြပါသည်။

ဘယ်လိုအလုပ်လုပ်လဲ

ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ တရုတ်ဂျင်းပင် တွင် ပါဝင်သည် ဓါတ်များသည် ရောင်ရမ်းမှုဖြစ်စဉ်ကို သက်သာစေသည်ဟုဆိုပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

တရုတ်ဂျင်းပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။

  • သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။
  • ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင်
  • တရုတ်ဂျင်းပင် အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင်
  • မိမိတွင်အခြားသော ရောဂါများရှိလျှင်
  • အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်

ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

တရုတ်ဂျင်းပင် က ဘယ်လောက်စိတ်ချရလဲ

တရုတ်ဂျင်းပင် သည် အစားအစာများနှင့် ဖျော်ရည်များတွင် ပါဝင်သောပမာဏသည် အန္တရာယ်မဖြစ်စေပါ။ ဆေးအနေနှင့် သောက်သုံးလျှင်ဖြစ်ေ၊ အရေပြားပေါ်တွင်လိမ်းလျှင်ဖြစ်စေ များသောအားဖြင့် အန္တရာယ်မရှိပါ။

နွယ်ချို၊ ဟင်းခတ်အမွှေးအကြိုင်ပင်များ၊ဖက်ယားပ်ငနှင့် စပျစ်နွယ်များနှင့် လည်းတွဲ၍ ဖော်စပ်အသုံးပြုကြသည်။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက်လည်း တရုတ်ဂျင်းပင် နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

ဘေးထွက်ဆိုးကျိုးများ

တရုတ်ဂျင်းပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

တရုတ်ဂျင်းပင် သည် အဆစ်များနာကျင်ခြင်း၊ အနီဖုများထွက်ခြင်း စသည့်ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပါသည်။

သို့သော် လူတိုင်း ထိုဆိုးကျိုးများခံစား၇သည်မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

ဆေးဓါတ်ပြုမှုများ

တရုတ်ဂျင်းပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓါတ်ပြုမှုများရှိနေနိုင်သဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ အောက်ပါဆေးများသည် တရုတ်ဂျင်းပင် နှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပါသည်။

  • Antacid အစာအိမ်ဆေးများ (calcium carbonate (Tums, others), dihydroxyaluminum sodium carbonate (Rolaids, others), magaldrate (Riopan), magnesium sulfate (Bilagog), aluminum hydroxide (Amphojel), and others)

တရုတ်ဂျင်းပင် သည် အစာအိမ်၏ အက်ဆစ်ဓါတ်ကို လျော့နည်းစေသော အထက်ပါ ဆေးများ၏အာနိသင်ကို ဆန့်ကျင်ကာ အက်ဆစ်ဓါတ်ကို ပိုများစေသည်။

  • H2 blocker အစာအိမ်ဆေးများ (cimetidine (Tagamet), ranitidine (Zantac), nizatidine (Axid), and famotidine (Pepcid).

တရုတ်ဂျင်းပင် သည် အစာအိမ်၏ အက်ဆစ်ဓါတ်ကို လျော့နည်းစေသော အထက်ပါ ဆေးများ၏အာနိသင်ကို ဆန့်ကျင်ကာ အက်ဆစ်ဓါတ်ကို ပိုများစေသည်။

  • Proton pump inhibitors အစာအိမ်ဆေးများ (omeprazole (Prilosec), lansoprazole (Prevacid), rabeprazole (Aciphex), pantoprazole (Protonix), and esomeprazole (Nexium) )

တရုတ်ဂျင်းပင် သည် အစာအိမ်၏ အက်ဆစ်ဓါတ်ကို လျော့နည်းစေသော အထက်ပါ ဆေးများ၏အာနိသင်ကို ဆန့်ကျင်ကာ အက်ဆစ်ဓါတ်ကို ပိုများစေသည်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

တရုတ်ဂျင်းပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

လူတဦး နှင့် တဦးအပေါ်မူတည်ပြီးဆေးအညွှန်းများ ကွာခြားမှုရှိပါသည်။ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေများ အပေါ်မူတည်ပြီး လည်းကွာခြားနိုင်ပါသည်။ လုံခြုံစိတ်ချမှုရှိစေရန် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

တရုတ်ဂျင်းပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

တရုတ်ဂျင်းပင် ကို

  • အရည်
  • အမှုန့်
  • တင်ချာရည် ပုံစံများဖြင့်ရနိုင်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Alpinia.http://www.webmd.com/vitamins-supplements/ingredientmono-276-alpinia.aspx?activeingredientid=276&activeingredientname=alpinia. Accessed March 10, 2017

ယခုပုံစံ

12/05/2020

Dr. K Zin Thwe မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!



Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement