သန်ကျဆေး သောက်ရမှာကြောက်တဲ့သူတွေအတွက် သဘာဝဆေး (၇) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 15, 2021 . 2 mins read
Share now

သန်ကောင်၊ တုတ်ကောင်တွေဆိုတာ ပုံသဏ္ဍာန်ကိုက အူယားစရာ၊ ရွံစရာကောင်းပါတယ်။ လူ့ခန္ဓာကိုယ် အတွင်းထဲမှာ ရှင်သန်ပွားများနေကြတာကို တွေးကြည့်ရင်ပဲ စိတ်ပျက်စရာပါ။ ဒါတင်မက သူတို့တွေက အူလမ်းကြောင်းမှာပဲ ရှိနေတာမဟုတ်ပါဘူး။ ဒီကပ်ပါးကောင်တွေက အဆုတ်၊ အစာလမ်းကြောင်း၊ နားလမ်းကြောင်း စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာထိအောင်  ပျံ့နှံ့ရောက်ရှိနေနိုင်ပါတယ်။ လူက စားလိုက်သမျှကို သူတို့ကစားသုံးတယ်၊ လူရဲ့သွေးကိုလည်း စားသုံးတယ်ဆိုတော့ ကြာလာရင် အရေးပါတဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ်တို့လို အာဟာရဓာတ်တွေ ချို့တဲ့တာတွေဖြစ်လာစေတာပေါ့။

တုတ်ကောင်၊ သန်ကောင်တွေက သွေးကြောထဲ ဝင်ရောက်နိုင်တယ်၊ ခန္ဓာကိုယ်အနှံ့ကိုသွားလာနိုင်တယ်ဆိုတော့ အသည်း၊ အဆုတ်နဲ့ အစာအိမ်တို့လို ခန္ဓာကိုယ်ရဲ့တစ်ရှူးတွေထဲ ထိုးဖောက်ဝင်ရောက်ပြီး ဆိုးကျိုးပေးနိုင်ပါတယ်။ ဥပမာ – အသည်းထဲကို သန်ကောင်ရောက်သွားရင် အသည်းခြောက်ခြင်းနဲ့ ပြည်တည်နာတွေဖြစ်လာစေနိုင်တယ်။

သူတို့ကို သန်ကောင်ရှိတဲ့ ဝက်သား၊ အခွံမာငါးနဲ့ မသန့်တဲ့ရေတို့ကနေ ကူးစက်ရရှိနိုင်တယ်။ ခြင် ဒါမှမဟုတ် တိရစ္ဆာန်တွေမှာရှိတဲ့သန်း အကိုက်ခံရရင်၊ ခြေဗလာနဲ့ လမ်းလျှောက်ရင်၊ သန်ကောင်ဥရှိတဲ့နေရာ ထိတွေ့မိပြီး နှာခေါင်းနဲ့ ပါးစပ်တို့ကို ကိုင်တွယ်မိတာက တဆင့် ကူးစက်ခံရနိုင်တယ်။ နေရာပေါင်းစုံကနေ ကူးစက်ရရှိနိုင်လို့ ခြောက်လတစ်ကြိမ် သန်ကျဆေး ပုံမှန်သောက်ဖို့ ဆရာဝန်တွေက အကြံပြုတာဖြစ်ပါတယ်။ ဒါပေမယ့်တချို့က သန်ကျဆေးသောက်ရမှာကို ကြောက်ကြတယ်။ သောက်လိုက်ရင်ပဲ လူကိုထိခိုက်မှာလိုလို၊ အားနည်းသွားမှာလိုလိုနဲ့ စိတ်ပူကြပါတယ်။ တချို့ကျတော့ သန်ကောင်တွေက မသေဘဲ အရှင်လိုက်ထွက်လာမှာကို အရမ်းကြောက်ကြတာလည်းရှိတယ်။ အမှန်တော့ သန်ကျဆေးတွေက လူအတွက်ဘေးကင်းပါတယ်။ သန်ကောင်တွေကိုသာ ရှင်းလင်းပေးမှာဖြစ်လို့ ကလေးတွေကိုပါ တိုက်လို့ရတယ်၊ ကြောက်စရာတော့မရှိပါဘူး။ ဒါပေမယ့် သန်ကျဆေးကြောက်သူတွေအတွက် အဆင်ပြေစေမယ့် တစ်နည်းတော့ရှိတယ်။

အဲဒါကတော့ သဘာဝနည်းအတိုင်း သန်ကျစေမယ့် အစားအစာတွေ စားပေးတာပါပဲ။ သိထားရမယ့်အချက်ကတော့ဆေးလောက်တော့ ချက်ချင်းထိရောက်မှုမပေးနိုင်ဘူးဆိုတာပါပဲ။ စားနေကျ အစားအစာတွေမို့မကြာမကြာစားသုံးပေးမှ အာနိသင်ထူးခြားမှာဖြစ်ပါတယ်။

သန်ကျဆေး သောက်ရမှာကြောက်တဲ့သူတွေအတွက် သဘာဝဆေး (၇) မျိုး

(၁) ဖရုံစေ့

ဖရုံစေ့က ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိလို့ နှစ်သက်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒါက လှော်ပြီးသား အသင့်စား ဖရုံစေ့တွေပါ။ သူ့ရဲ့ သန်ကျစေနိုင်တဲ့ အာနိသင်ကတော့ အစိမ်းစားမှ ရနိုင်မှာပါတဲ့။ အိမ်မှာ ရွှေဖရုံသီးချက်တယ်ထား၊ ဖရုံသီးအစေ့လေးတွေ ဖယ်ထားပေါ့။ ရေသေချာဆေးပြီး ဒီအတိုင်းစားလည်းရပေမယ့် အာဟာရပညာရှင်တချို့ကတော့ ဖရုံစေ့ကိုကြိတ်၊ အုန်းနို့ရည်လေးနည်းနည်းနဲ့ ရေခွက်တစ်ဝက်ရောမွှေ၊ ပျစ်ပျစ်လေးကိုစားပြီး ရေတစ်ခွက်သောက်ချပါလို့ နည်းညွှန်ကြပါတယ်။

(၂) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ကပ်ပါးပိုးတွေကို နှိမ်နင်းနိုင်တဲ့ ဆာလ်ဖာပါဝင်တဲ့ အမိုင်နိုအက်စစ်တွေ ကြွယ်ဝပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ allicinဒြပ်ပေါင်းကလည်း သန်ကောင်တွေကို ရှင်းလင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီအာနိသင်ရဖို့ သူ့ကိုလည်း အစိမ်းစားရမှာပဲ။

ကြက်သွန်ဖြူကို ထက်ခြမ်းခွဲတာ၊ စိတ်တာ၊ စဉ်းတာ၊ထောင်းတာ လုပ်ပြီးမှallicin ပိုထွက်ရှိလာမှာဖြစ်လို့ ဒီလိုလုပ်ပြီး ခဏလောက် လေနဲ့ထိတွေ့စေပြီးမှ စားပါ။ မရမ်းသီးထောင်းတို့၊ ပုဇွန်ခြောက်ထောင်းတို့လို မြန်မာ့ဓလေ့အတိုင်း စားတာက ဒီနည်းနဲ့ကွက်တိပါပဲ။

သန်ကျဆေး သောက်ရမှာကြောက်တဲ့သူတွေအတွက် သဘာဝဆေး (၇) မျိုး

(၃) သင်္ဘောသီး

papain လို အစာကြေအင်ဇိုင်းတွေနဲ့ အမိုင်နိုအက်စစ်တွေပါဝင်တဲ့ သင်္ဘောသီးက တုတ်ကောင်၊ သန်ကောင်တွေအတွက် ရှင်သန်ရခက်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ပါတယ်။ အထူးသဖြင့် သင်္ဘောစေ့က ဘာမှမကုန်ကျဘဲ ဘေးကင်းထိရောက်တဲ့ သဘာဝသန်ကျဆေးဖြစ်တယ်လို့ သုတေသနတွေက အတည်ပြုထားတာဖြစ်ပါတယ်။

(၄) တမာ

ဘက်တီးရီးယားသေစေတယ်၊ မှိုပိုးသေစေတယ်၊ ဗိုင်းရပ်စ်တွေကိုနှိမ်နင်းနိုင်တယ်ဆိုတာတွေက တမာရဲ့အစွမ်းတွေပါ။ တမာရွက်(တမာတစ်ပင်လုံး)ရဲ့ အာနိသင်တွေထဲမှာ ကပ်ပါးပိုးတွေကိုသေစေတဲ့အပြင် အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတာလည်း ပါဝင်ပါတယ်။

(၅) ဂရိတ်ဖရု

ဂရိတ်ဖရုသီးရဲ့အစေ့မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ ပိုးသတ်အာနိသင်ရှိတဲ့ citrus bioflavonoid ဓာတ်တွေ ပမာဏပါဝင်မှုများပါတယ်။ အထူးသဖြင့် ဂရိတ်ဖရုစေ့မှာပါတဲ့ hesperidin က ပိုးသေစေတဲ့ အာနိသင်ပိုများတာ ဖြစ်နိုင်ပါတယ်။

(၆) လေးညှင်း

လေးညှင်းပွင့်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပြီး eugenol လို့ခေါ်တဲ့ ပိုးသေစေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းက အူလမ်းကြောင်းထဲက ကပ်ပါးပိုးတွေကို ရှင်းလင်းပေးနိုင်ပြီး သန်ကောင်ဥတွေ၊ သားလောင်းတွေကိုပါ နှိမ်နင်းနိုင်ပါတယ်။ ရောင်ရမ်းမှုကို လျော့ပါးစေပြီး ကင်ဆာကာကွယ်နိုင်တယ်လို့လည်း သိရပါတယ်။

လေးညှင်းဆီ ဒါမှမဟုတ်လေးညှင်းပွင့်က သန်ကောင်တွေအပြင် ငှက်ဖျား၊ ဝမ်းရောဂါ၊ ဝဲပေါက်ခြင်း၊ သွေးလွန်တုပ်ကွေး၊ တီဘီရောဂါတို့လို တခြားကပ်ပါးပိုးတွေ၊ မှိုပိုး၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်ရာမှာလည်း အသုံးဝင်ပါတယ်။ လေးညှင်းက အစာအိမ်အနာကိုဖြစ်စေတဲ့H Pylori ပိုးကိုလည်း ကာကွယ်နှိမ်နင်းနိုင်တယ်လို့ သိရပါတယ်။

သန်ကျဆေး သောက်ရမှာကြောက်တဲ့သူတွေအတွက် သဘာဝဆေး (၇) မျိုး

(၇) ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးကို အာရှမှာ အတော်ကြိုက်နှစ်သက်ကြသလို ဆေးဖက်ဝင်ပစ္စည်းအဖြစ် အနောက်နိုင်ငံတွေမှာပါ အသုံးပြုကြပါတယ်။ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်တွေ၊ အမျှင်ဓာတ်၊ ဘီတာကယ်ရိုတင်းတွေပါ အစုံအလင်ပါဝင်လို့ ဆေးဖက်ဝင်အာနိသင်ကများပါတယ်။ သူ့ရဲ့အခါးကို သည်းခံနိုင်တယ်ဆိုရင်တော့ နည်းနည်းကြိတ်သောက်တာ သန်ကျစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာလေးတွေ ရှိပါတ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

လက်သည်းခြေသည်းလေးတွေက အလှတိုးစေသလို ကျန်းမာရေးကို ဖော်ပြပေးနေတဲ့ အရာလေးတွေဆိုရင်လည်း ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 14, 2021 . 2 mins read

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာကနေ တားပေးဖို့ဆိုပေမယ့် အရေပြားကိုယ်တိုင်ကလည်း ရောဂါပိုးတွေ ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read
ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read