backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးကျဲဆေးသောက်နေသူတွေ သတိထားသင့်တဲ့အချက် (၅) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးကျဲဆေးသောက်နေသူတွေ သတိထားသင့်တဲ့အချက် (၅) ချက်

ရောဂါအခံအမျိုးမျိုးကြောင့် သွေးကျဲဆေးသောက်နေရသူတွေအတွက် သတိထားစရာလေးတွေ ပြောပြချင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အရ ကျန်းမာရေးအတွက် သောက်ရပေမယ့် သူနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ရှိပါတယ်နော်။

သွေးကျဲဆေးသောက်ရပြီဆိုရင် –

(၁) ထိမိခိုက်မိ၊ ချော်လဲတာ မဖြစ်အောင် ဂရုစိုက်ပါ။

နှလုံး သို့မဟုတ် သွေးကြောထဲမှာ သွေးခဲပိတ်ဆို့တာတွေ မဖြစ်အောင်(တနည်းအားဖြင့် heart attack မဖြစ်အောင်၊ လေမဖြတ်အောင်) ကာကွယ်ဖို့ သွေးကျဲဆေးကိုညွှန်ကြားထားတာပါ။ ဒါပေမယ့် ထိမိခိုက်မိတာတွေ ရှိလာရင်တော့ သွေးမတိတ်တဲ့အန္တရာယ်ရှိနိုင်ပါတယ်။ အရေးကြီးဆုံးက ဦးခေါင်းကိုမထိခိုက်ပါစေနဲ့။

(၂) အချိန်မှန်အောင် သောက်ပါ။

ဒီနေ့ဒီအချိန်မှာ သောက်တယ်ဆို နောက်ရက်မှာလည်း ဒီအချိန်ပဲသောက်ပါ။ အချိန်မှန်မသောက်ရင် တချို့သွေးကျဲဆေးတွေက အာနိသင်မကောင်းတတ်လို့ပါ။ တကယ်လို့ ဆေးသောက်ဖို့မေ့ခဲ့ရင် သတိရတာနဲ့ ချက်ချင်းသောက်ပါ။ အရေးကြီးတာက နောက်ရက်မှသတိရလို့ဆိုပြီး နှစ်လုံးဆင့်မသောက်ပါနဲ့။

(၃) ကိုယ်သောက်မယ့်ဆေးတွေကို သတိထားပါ။

တခြားဆေးတွေကို သောက်မယ်ဆိုရင် သွေးကျဲဆေးနဲ့အဆင်ပြေမပြေ သတိထားပါ။ ဥပမာ အကိုက်အခဲပျောက်ဆေး၊ အအေးမိပျောက်ဆေးတို့လို အလွယ်ဝယ်လို့ရတဲ့ဆေးတွေသောက်မယ့် အခါမျိုး။ အကောင်းဆုံးက ဆရာဝန်ညွှန်တာပဲသောက်ပါ။ ဖျားနာလို့ တခြားဆရာဝန်ကိုပြမယ်ဆို သွေးကျဲဆေးသောက်နေတဲ့အကြောင်း ထည့်ပြောပြပါ။

(၄) ဗီတာမင် K ကိုသတိထားပါ။

ဗီတာမင် K လွန်ကဲရင် သွေးကျဲဆေးကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။ သွေးကျဲဆေးသောက်နေတဲ့သူတွေ ဆိုရင် ဆလတ်ရွက်၊ ဟင်းနုနွယ် တို့လို ဗီတာမင် K ပါဝင်မှုများတဲ့ အစားအသောက်တွေကိုလည်း သိပ်အများကြီးမစားသင့်ပါဘူး။

(၅) သွားကို ဖြည်းဖြည်းပဲတိုက်ပါ။

သွားဖုံးတွေက နုတယ်၊ သွေးထွက်လွယ်တယ်ဆိုတော့ သွေးကျဲဆေးသောက်နေသူတွေ သွားတိုက်တဲ့အခါ မကြမ်းဖို့ ဂရုစိုက်သင့်ပါတယ်။

သွေးကျဲဆေးရဲ့ ဘေးထွက်ဆိုးကျိုးတချို့

တစ်ခါတလေ သွေးကျဲဆေးက ဒီဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ် –

  • သွားဖုံးသွေးယိုတာ
  • အကြောင်းရင်းမသိတဲ့ အနာလေးတွေဖြစ်တာ
  • ခေါင်းမူးတာ
  • ပုံမှန်ထက် ရာသီသွေးဆင်းများတာ
  • သွေး သို့မဟုတ် ဝမ်း အရောင်နီတာ၊ ရင့်တာ။

သွေးကျဲဆေးသောက်နေတဲ့သူတွေအနေနဲ့ ဘယ်လိုထူးခြားတာပဲရှိလာလာ ဆရာဝန်ကို တိုင်ပင်ပြောပြသင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement