ပိုးဝင်နှလုံးရောင်ရမ်းခြင်းက အဖြစ်နည်းတယ်ဆိုပေမယ့် ဖြစ်ခဲ့ရင်လည်း သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ နှလုံးအတွင်းကို ဘက်တီးရီးယား ဒါမှမဟုတ် တခြား ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဝင်ရောက်သွားလို့ ဖြစ်တာပါ။ အဲဒီ ဘက်တီးရီးယား ရောဂါပိုးတွေ ဝင်ရောက်နိုင်တဲ့ အဓိကလမ်းကြောင်းဟာ ပါးစပ် ဖြစ်ပါတယ်။
အဲ့ဒီလို မဖြစ်အောင် ကာကွယ်ဖို့အတွက်၊ ပိုးဝင်နှလုံးရောင်ရမ်းခြင်း ဖြစ်ဖူးတဲ့ လူနာ၊ နှလုံးအဆို့ရှင် အစားထိုးထည့်ထားတဲ့ လူနာတွေ၊ နှလုံး အဆို့ရှင် ရောဂါ၊ မွေးရာပါ နှလုံးရောဂါတွေကြောင့် နှလုံးအစားထိုး ကုသထားရတဲ့ လူနာတွေအနေနဲ့ သွားနဲ့ ခံတွင်းဆိုင်ရာ ကုသမှု မလုပ်ခင်တွေမှာ ပဋိဇီဝဆေးတွေကို ကြိုသောက်ခိုင်းဖို့ လိုပါတယ်။
အာခြောက်ခြင်း သို့မဟုတ် အရသာခံတဲ့ အာရုံ ယိုယွင်းပျက်စီးသွားခြင်းတို့က သွေးကျဆေးတွေ သောက်ရင်း ဖြစ်တတ်တဲ့ အခြေအနေတွေပါ။ တခြားဆေးတွေကလည်း လူနာတွေ သွားနှုတ်တဲ့ ထိုင်ခုံမှာ လှဲနေရာကနေ ထထိုင်လိုက်တဲ့အခါ မူးလဲသွားတာမျိုး ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် Calcium Channel Blocker လို့ခေါ်တဲ့ သွေးကျဆေးအမျိုးအစားတွေက သွားဖုံးသားတွေ ထူလာခြင်းကို ဖြစ်စေပါတယ်။
အဲ့ဒီဘေးထွက်ဆိုးကျိုးတွေက ဆေးစသောက်ပြီး တစ်လလောက်မှာ ဖြစ်တတ်ပါတယ်။ တချို့ကိစ္စရပ်တွေမှာတော့ သွားဖုံးတွေ ထူလာတာကြောင့် ဝါးရခက်လာတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခြေအနေတွေမှာ ထူလာတဲ့ သွားဖုံးကို ခွဲဖို့ လိုလာနိုင်ပါတယ်။ အဲ့ဒီလိုလူနာတွေအတွက် ခံတွင်း သန့်ရှင်းရေး မှာကြားချက်တွေကို အသေးစိတ် လိုက်နာဖို့နဲ့ မကြာခဏ ခံတွင်းသန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။